မြို့ရိုးတည်ဆောက်သောသူတို့ကို ပြောင်ပြောင်တင်းတင်းစော်ကားပြောဆိုလေပြီဖြစ်၍ သူတို့ဒုစရိုက်ကို ဖုံးကွယ်မထားပါနှင့်။ သူတို့အပြစ်ကို မပယ်ဖျက်ပါနှင့်”ဟု ဆုတောင်း၏။
ဟေရှာယ 2:9 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ လူသည် နှိမ့်ချခြင်းကိုခံရ၍ လူတိုင်း နိမ့်ကျကြရလိမ့်မည်။ သူတို့ကိုခွင့်လွှတ်တော်မမူပါနှင့်။ Common Language Bible သို့ဖြစ်၍လူတိုင်းပင်လျှင် ရှုတ်ချခြင်းကိုခံရ ၍အရှက်ကွဲကြပါလိမ့်မည်။ အို ထာဝရဘုရား၊ သူတို့အားအပြစ်ဖြေလွှတ်တော်မမူပါနှင့်။ Garrad Bible ထို့ ကြောင့် လူ ယုတ် သည် ရှုတ် ချ ခြင်း ကိုလည်း ကောင်း၊ လူ မြတ် သည် နှိမ့် ချ ခြင်း ကိုလည်း ကောင်း၊ ခံ ရ ကြ ပြီ။ ချင်း တို့ အ ပြစ် ကို လည်း လွှတ် တော် မူ မည် မ ဟုတ်။ Judson Bible ထိုကြောင့်၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူတို့အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။ |
မြို့ရိုးတည်ဆောက်သောသူတို့ကို ပြောင်ပြောင်တင်းတင်းစော်ကားပြောဆိုလေပြီဖြစ်၍ သူတို့ဒုစရိုက်ကို ဖုံးကွယ်မထားပါနှင့်။ သူတို့အပြစ်ကို မပယ်ဖျက်ပါနှင့်”ဟု ဆုတောင်း၏။
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အစ္စရေးလူမျိုး၏ဘုရားသခင်ဖြစ်ပါ၏။ လူမျိုးအပေါင်းတို့ကိုဒဏ်ခတ်ရန် ထတော်မူပါ။ သစ္စာမဲ့သောယုတ်ညံ့သူတစ်စုံတစ်ဦးကိုမျှ သနားတော်မမူပါနှင့်။(စေလာ)
အဆင့်အတန်းနိမ့်သောသူတို့သည် အခိုးအငွေ့သာဖြစ်ကြပြီး အဆင့်အတန်းမြင့်သောသူတို့သည် လိမ်လည်ခြင်းသာဖြစ်ကြ၏။ ချိန်ခွင်၌ချိန်လျှင် သူတို့နှစ်မျိုးပေါင်းသည် အခိုးအငွေ့ထက်ပေါ့၏။
အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။
လူသည် နှိမ့်ချခြင်းကိုခံရ၍ လူတိုင်း နိမ့်ကျကြရလိမ့်မည်။ မျက်နှာမောက်မာသောသူတို့သည် မာန်စွယ်ကျိုးကြရလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမူကား တရားမျှတခြင်းကြောင့် ချီးမြှောက်ခြင်းခံရမည်။ သန့်ရှင်းသောအရှင်သည် မိမိသန့်ရှင်းတော်မူကြောင်းကို ဖြောင့်မတ်ခြင်းအားဖြင့် ထင်ရှားစေတော်မူမည်။
သင်သည် ရှင်ဘုရင်ထံသို့ နံ့သာဆီဖြင့် သွား၏။ နံ့သာမျိုးများစွာဖြင့် ကိုယ့်ကိုယ်ကိုယ်မွှေးကြိုင်စေ၏။ သင်၏သံတမန်တို့ကိုလည်း အဝေးသို့စေလွှတ်၏။ သင်သည် မရဏာနိုင်ငံတိုင်အောင် နိမ့်ကျ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသတ်မည့်သူတို့၏အကြံဉာဏ်အားလုံးကို ကိုယ်တော်သိတော်မူပါ၏။ သူတို့၏ဒုစရိုက်ကို ဖြေလွှတ်တော်မမူပါနှင့်။ သူတို့၏အပြစ်ကို ရှေ့တော်မှပယ်ဖျက်တော်မမူပါနှင့်။ ကိုယ်တော်ရှေ့တော်၌ သူတို့လဲကျကြပါစေ။ အမျက်တော်သင့်ရာကာလ၌ သူတို့ကိုစီရင်တော်မူပါ။
သို့သော် မည်သူမဆို သန့်ရှင်းသောဝိညာဉ်တော်ကို စော်ကားပြောဆိုလျှင် ထိုသူသည် ကာလအစဉ်အဆက် အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးကိုမရရှိဘဲ ထာဝရအပြစ်သင့်သောသူဖြစ်၏”ဟု မိန့်တော်မူ၏။
အကြောင်းမူကား လူအပေါင်းတို့သည် အပြစ်ပြု၍ ဘုရားသခင်၏ဘုန်းအသရေတော်နှင့် အလှမ်းဝေးကြပြီ။
မိမိကိုယ်ကိုချိုးနှိမ်ခြင်း၊ ကောင်းကင်တမန်များကိုကိုးကွယ်ခြင်းတို့၌ မွေ့လျော်နေသောသူတစ်စုံတစ်ဦးကြောင့် သင်တို့သည် ဆုနှင့်လွဲရသည့်အဖြစ်မျိုးကို အဖြစ်မခံကြနှင့်။ ထိုသူတို့သည် မြင်မက်သောအရာတို့ကို နှိုက်နှိုက်ချွတ်ချွတ်စူးစမ်း၍ မိမိ၏သွေးသားဇာတိနှင့်ဆိုင်သော စိတ်နှလုံးအားဖြင့် အချည်းနှီးထောင်လွှားကာ
ထိုအရာတို့သည် ထင်ရာမြင်ရာကိုးကွယ်ခြင်း၊ မိမိကိုယ်ကိုချိုးနှိမ်ခြင်းနှင့် ကိုယ်ခန္ဓာကိုနှိပ်စက်ခြင်းတို့ပါ၍ ဉာဏ်ပညာရှိဟန်ပေါ်သော်လည်း သွေးသားဇာတိ၏တပ်မက်မှုကို ချုပ်တည်းရာ၌ မည်သည့်အကျိုးမျှမပြုချေ။
ထိုအခါ ယောရှုက လူတို့အား “သင်တို့သည် ထာဝရဘုရားကို ဝတ်ပြုနိုင်မည် မဟုတ်။ ထာဝရဘုရားသည် သန့်ရှင်းသောဘုရား၊ သဝန်တိုတတ်သောဘုရားဖြစ်၏။ သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်။