အကျွန်ုပ်ကို ရန်သူ၏လက်သို့အပ်တော်မမူဘဲ အကျွန်ုပ်၏ခြေကို ကျယ်ဝန်းသောအရပ်၌ ရပ်စေတော်မူပြီ။
ဟေရှာယ 19:4 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်သားတို့ကို ကြမ်းကြုတ်သောသခင်တို့၏လက်သို့ ငါအပ်မည်။ ခက်ထန်သောဘုရင်သည် သူတို့ကိုအုပ်စိုးလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။ Common Language Bible ငါသည်အီဂျစ်အမျိုးသားတို့အားရက်စက် ကြမ်းကြုတ်သူမင်းဆိုးမင်းညစ်တစ်ပါး၏ လက်သို့အပ်၍ ထိုမင်းကိုသူတို့အားအုပ်စိုး စေမည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။ Garrad Bible အိ ဂျစ် ပြည် ကို ကြမ်း ကြုတ် သော မင်း လက် အောက် သို့ ငါ ချ ထား၍၊ ရက် စက် သော ဘု ရင် အုပ် စိုး လ တ္တံ့ ဟု မိန့် တော် မူ ၏။ Judson Bible အဲဂုတ္တုပြည်သားတို့ကို ကြမ်းကြုတ်သော သခင်တို့လက်သို့ ငါအပ်သဖြင့်၊ ပြင်းထန်သော ရှင်ဘုရင်တစ်ပါးသည် အုပ်စိုးလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
အကျွန်ုပ်ကို ရန်သူ၏လက်သို့အပ်တော်မမူဘဲ အကျွန်ုပ်၏ခြေကို ကျယ်ဝန်းသောအရပ်၌ ရပ်စေတော်မူပြီ။
“ငါသည် အီဂျစ်ပြည်သားတို့ကို အချင်းချင်းဆန့်ကျင်ရန် လှုံ့ဆော်၍ သူတို့သည် ညီအစ်ကိုအချင်းချင်း၊ အိမ်နီးချင်းအချင်းချင်း၊ မြို့အချင်းချင်း၊ နိုင်ငံအချင်းချင်း ဆန့်ကျင်ကြလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက “ငါ၏အစေအပါး ဟေရှာယသည် အီဂျစ်ပြည်၊ အီသီယိုးပီးယားပြည်တို့နှင့်ဆိုင်သော နိမိတ်လက္ခဏာ၊ အံ့ဖွယ်ရာအဖြစ် အဝတ်မပါ၊ ဖိနပ်မပါဘဲ သုံးနှစ်ပတ်လုံးသွားလာသကဲ့သို့
အဆီးရီးယားဘုရင်သည် အီဂျစ်ပြည်သုံ့ပန်းများနှင့် အီသီယိုးပီးယားပြည်မှဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ လူကြီးလူငယ်တို့ကို အဝတ်မပါ၊ ဖိနပ်မပါ၊ တင်ပါးကိုလည်းမဖုံးစေဘဲ ခေါ်ဆောင်သွားလိမ့်မည်။ အီဂျစ်ပြည်၏အရှက်ရစရာဖြစ်၏။
ထာဝရဘုရားက “သူတို့၏အသက်ကိုရန်ရှာသော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနှင့် သူ့အစေအပါးများလက်သို့ သူတို့ကို ငါအပ်မည်။ နောက်မှ အီဂျစ်ပြည်တွင် ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ အီဂျစ်ပြည်ကို ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်သို့ ငါအပ်မည်။ သူသည် ထိုပြည်၏စည်းစိမ်ဘဏ္ဍာကို သိမ်းယူ၍ တိုက်ခိုက်လုယူသောပစ္စည်းများသည်လည်း သူ၏စစ်သည်များအတွက် အဖိုးအခဖြစ်လိမ့်မည်။
မြစ်ချောင်းများကို ခန်းခြောက်စေမည်။ ပြည်ကို လူဆိုးတို့လက်သို့ အပ်လိုက်မည်။ တစ်ပါးအမျိုးသားတို့လက်ချက်ဖြင့် ပြည်တစ်ပြည်လုံးကို ဖျက်ဆီးပစ်မည်ဟု ငါထာဝရဘုရား မိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
သို့သော်လည်း သူသည် သုံ့ပန်းအဖြစ်ဖမ်းခေါ်သွားခြင်းခံရ၍ ကလေးသူငယ်များသည် လမ်းဆုံလမ်းခွတိုင်း၌ ကိုင်ယူပေါက်သတ်ခြင်းခံရလေပြီ။ သူ၏လူကြီးလူကောင်းများသည် မဲချခွဲဝေခြင်းခံရပြီး မင်းအရာရှိအားလုံးလည်း သံကြိုးဖြင့်ချည်နှောင်ခြင်းခံရကြလေပြီ။
ဒါဝိဒ်သည် ကိလမြို့သို့ရောက်လာကြောင်းကို ရှောလုမင်းကြီးကြားသောအခါ “ဘုရားသခင်သည် ဒါဝိဒ်ကို ငါ့လက်သို့အပ်တော်မူပြီ။ သူသည် မြို့တံခါးများ၊ ကန့်လန့်ကျင်များ အခိုင်အမာရှိသောမြို့ထဲသို့ဝင်၍ ကိုယ့်ကိုယ်ကိုယ်ပိတ်မိစေပြီ”ဟု ဆိုပြီး