ထိုအရပ်တွင် ထိတ်လန့်တုန်လှုပ်ခြင်းသည် သူတို့ကိုဖမ်းဆုပ်ထား၍ သူတို့သည် သားဖွားနေသောအမျိုးသမီးကဲ့သို့ ဝေဒနာခံစားကြရ၏။
ဟေရှာယ 19:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ အီဂျစ်ပြည်သားတို့သည် မိန်းမကဲ့သို့ဖြစ်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် လက်တော်ကို ဝှေ့တော်မူသောကြောင့် သူတို့သည် ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ Common Language Bible အီဂျစ်အမျိုးသားတို့သည်မိန်းမကဲ့သို့ သဝန်ကြောင်ကြမည့်အချိန်ကာလ ကျရောက် လာလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရား သည်သူတို့အားအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုချိန်ရွယ်လျက်ထားတော်မူ သည်ကိုတွေ့မြင်ကြသောအခါ၊ သူတို့ သည်ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။- Garrad Bible ထို ကာ လ၊ သူ တို့ တစ် ဘက်၌ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား လက် တော် ယမ်း သ ဖြင့်၊ အိ ဂျစ် ပြည် သူ ပြည် သား တို့ သည် မိန်း မ သူ ရဲ ဘော ရှိ၍၊ ကြောက် လန့် တုန် လှုပ် ကြ သည့် အ လျောက်၊ Judson Bible ထိုကာလ၌ အဲဂုတ္တုလူတို့သည်မိန်းမကဲ့သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သူတို့အပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့်၊ ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။ |
ထိုအရပ်တွင် ထိတ်လန့်တုန်လှုပ်ခြင်းသည် သူတို့ကိုဖမ်းဆုပ်ထား၍ သူတို့သည် သားဖွားနေသောအမျိုးသမီးကဲ့သို့ ဝေဒနာခံစားကြရ၏။
အီဂျစ်ပြည်တစ်ပြည်လုံး၌ ထိုကဲ့သို့မဖြစ်စဖူး၊ နောက်တစ်ဖန်လည်း ထိုကဲ့သို့ဖြစ်မည်မဟုတ်သည့် ပြင်းစွာအော်ဟစ်ငိုကြွေးခြင်းဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏။
ယနေ့တွင် နောဗမြို့၌ရပ်နားကြ၏။ ဇိအုန်သမီး၏တောင်ဖြစ်သော ဂျေရုဆလင်တောင်ကုန်းကို လက်သီးထောင်ပြကြ၏။
ထာဝရဘုရားသည် အီဂျစ်ပင်လယ်ကွေ့ကို အကုန်အစင်ဖျက်ဆီးတော်မူမည်။ ယူဖရေးတီးမြစ်အပေါ်ကိုလည်း ပြင်းထန်သောလေနှင့်အတူ လက်တော်ကိုဝှေ့ယမ်းတော်မူ၍ ထိုမြစ်ကို ချောင်းခုနစ်သွယ်ဖြစ်အောင်ရိုက်တော်မူသဖြင့် လူတို့သည် ဖိနပ်စီးလျက် ဖြတ်သွားကြလိမ့်မည်။
တောင်ကတုံးပေါ်၌ အချက်ပြအလံကိုလွှင့်ထူကြ။ သူတို့ထံ အသံကိုလွှင့်ကြ။ လက်ကိုဝှေ့ယမ်းကြ။ ထိုအခါ မင်းအရာရှိတံခါးတို့မှ သူတို့ဝင်လာမည်။
ခြိမ်းခြောက်သူတစ်ယောက်၏ရှေ့တွင် လူတစ်ထောင်ပြေးရလိမ့်မည်။ တောင်ထိပ်ပေါ်မှအလံတိုင်ကဲ့သို့၊ တောင်ကုန်းပေါ်မှ အချက်ပြအလံကဲ့သို့ ကျန်ရစ်ရသည့်တိုင်အောင် ခြိမ်းခြောက်သူငါးယောက်ရှေ့တွင် သင်တို့ထွက်ပြေးရလိမ့်မည်။
ဓားဘေးကြောင့် မြင်းများ၊ စစ်ရထားများ၊ ပြည်ထဲရှိလူမျိုးခြားများသည် မိန်းမကဲ့သို့ ကြောက်ကြလိမ့်မည်။ ဓားဘေးကြောင့် ဘဏ္ဍာတိုက်များ အသိမ်းခံရလိမ့်မည်။
ဘေဘီလုံစစ်သူရဲတို့သည် စစ်မတိုက်ဝံ့တော့ဘဲ ရဲတိုက်များ၌သာ နေကြလေပြီ။ သူတို့သည် ရဲစွမ်းသတ္တိကုန်ခန်း၍ မိန်းမကဲ့သို့ဖြစ်လေပြီ။ သူတို့နေရာကို မီးရှို့ပစ်ကြပြီ။ ကန့်လန့်ကျင်တို့ကိုလည်း ချိုးပစ်ကြပြီ။
အို တေမန်မြို့၊ သင်၏စစ်သူရဲတို့ စိတ်ပျက်အားလျော့ကြသောကြောင့် ဧသောတောင်ရှိလူအားလုံး သတ်ဖြတ်သုတ်သင်ခြင်းခံရလိမ့်မည်။
ကြည့်ရှုလော့။ သင့်စစ်သည်တို့သည် မိန်းမသဖွယ်ဖြစ်လေပြီ။ ကန့်လန့်ကျင်တို့ကို မီးလောင်ကျွမ်းပြီး မြို့တံခါးတို့သည်လည်း ရန်သူတို့အဖို့ ဟင်းလင်းပွင့်လေပြီ။
သူတို့သည် ဒုက္ခပင်လယ်ကို ဖြတ်ကျော်၍ ပင်လယ်လှိုင်းတံပိုးတို့ကို ဒဏ်ခတ်လိမ့်မည်။ နိုင်းမြစ်ရေထုကြီးလည်း ခန်းခြောက်သွားလိမ့်မည်။ အဆီးရီးယားပြည်၏မာန ချိုးဖျက်ခံရလိမ့်မည်။ အီဂျစ်ပြည်၏ရာဇလှံတံလည်း ကွယ်ပျောက်ရလိမ့်မည်။
အို လူသားအပေါင်းတို့၊ ထာဝရဘုရားရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။ ထာဝရဘုရားသည် သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်မှ ကြွလာတော်မူပြီ။
စင်စစ် သူတို့အပေါ်၌ ငါ့လက်ကိုဝှေ့ယမ်းမည်။ သူတို့သည် သူတို့အစေအပါး၏လက်၌ လုယက်ပစ္စည်း ဖြစ်လိမ့်မည်။ သို့မှ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူကြောင်းကို သင်တို့သိရလိမ့်မည်။
ငါသည် သင်တို့နှင့်အတူရှိစဉ်က အားနည်းလျက်၊ ကြောက်ရွံ့လျက်၊ အလွန်တုန်လှုပ်လျက်နေ၏။
ထို့ကြောင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့်ပတ်သက်သည့်အကြောင်းကို ငါတို့သိသဖြင့် လူတို့ကိုစည်းရုံးကြ၏။ ငါတို့အကြောင်းသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှားပြီဖြစ်၍ သင်တို့၏အသိစိတ်၌လည်း ထင်ရှားပြီဟု ငါမျှော်လင့်၏။
အသက်ရှင်တော်မူသောဘုရားသခင်၏လက်တော်သို့ကျရောက်ခြင်းသည် ကြောက်မက်ဖွယ်ကောင်း၏။