သင်သည် မိမိလက်ဖြင့် လုပ်ဆောင်ရရှိသော အသီးအပွင့်ကို အမှန်ပင် စားရလိမ့်မည်။ သင်သည် မင်္ဂလာရှိ၍ ကောင်းကျိုးချမ်းသာကို ခံစားရလိမ့်မည်။
ဟေရှာယ 19:15 - မြန်မာ့စံမီသမ္မာကျမ်း ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ၊ စွန်ပလွံကိုင်းဖြစ်စေ၊ ကျူပင်ဖြစ်စေ အီဂျစ်ပြည်အတွက် လုပ်ဆောင်ပေးနိုင်သောအရာတစ်ခုမျှမရှိ။ Common Language Bible ချမ်းသာသူဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ၊ ကြီး မြတ်သူဖြစ်စေ၊ ယုတ်ညံ့သူဖြစ်စေ၊ အဘယ် သူမျှမိမိတို့အီဂျစ်ပြည်ကိုအကူ အညီပေးနိုင်ကြလိမ့်မည်မဟုတ်။ Garrad Bible ထို ပြည်၌ ဦး ခေါင်း နှင့် အ မြီး၊ စွန် ပ လွံ လက် နှင့် ကိုင်း ပင် တို့ သည်၊ ပြီး မြောက် အောင် အ ပြု အ မူ အ ကျင့် အ ကြံ မ ရှိ ရ။ Judson Bible အဲဂုတ္တုပြည်၏ ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ၊ စွန်ပလွံလက်ဖြစ်စေ၊ ကိုင်းပင်ဖြစ်စေ၊ ပြီးစီးနိုင်သောအမှု အလျှင်းမရှိရ။ |
သင်သည် မိမိလက်ဖြင့် လုပ်ဆောင်ရရှိသော အသီးအပွင့်ကို အမှန်ပင် စားရလိမ့်မည်။ သင်သည် မင်္ဂလာရှိ၍ ကောင်းကျိုးချမ်းသာကို ခံစားရလိမ့်မည်။
ခက်ခဲပင်ပန်းသောအလုပ်ရှိသမျှတို့၌ အကျိုးအမြတ်ရှိ၏။ အပြောသက်သက်မူကား ချို့တဲ့နွမ်းပါးခြင်းကိုသာဖြစ်စေ၏။
သို့သော် လူမျိုးတော်သည် မိမိအား ဒဏ်ခတ်တော်မူသောအရှင်ထံသို့ ပြန်မလာ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို မရှာ။
သဖန်းပင် မပွင့်၊ စပျစ်ပင် မသီး၊ သံလွင်ပင်လည်း မဖြစ်ထွန်း၊ လယ်ယာသီးနှံလည်း မထွက်၊ သိုးခြံမှ သိုးပြတ်၍ တင်းကုပ်များ၌ နွားတစ်ကောင်မျှမရှိသော်လည်း
မြေကြီးနှင့် တောင်များအပေါ်၌လည်းကောင်း၊ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ မြေ၌ ပေါက်သောအပင်များ၊ လူနှင့်တိရစ္ဆာန်များနှင့် ပင်ပန်းခက်ခဲစွာလုပ်ဆောင်ထားသောအရာအားလုံးအပေါ်၌လည်းကောင်း မိုးခေါင်ခြင်းဘေးကျရောက်စေလေပြီ”ဟု မိန့်ဆို၏။