ဘုန်းတန်ခိုးရှင်ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော်ရှိ၍ နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ကမ္ဘာမြေကိုဆင့်ခေါ်တော်မူ၏။
ဟေရှာယ 18:3 - မြန်မာ့စံမီသမ္မာကျမ်း လောကသားအပေါင်းတို့၊ မြေကြီးသားအပေါင်းတို့၊ တောင်များပေါ်တွင် အချက်ပြအလံကိုလွှင့်ထူသောအခါ သင်တို့ကြည့်ကြလော့။ တံပိုးကိုမှုတ်သောအခါ သင်တို့ နားထောင်ကြလော့။ Common Language Bible ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ ကမ္ဘာမြေပေါ်တွင် နေထိုင်ကြသူလူအပေါင်းတို့၊ နားထောင်ကြ လော့။ တောင်ထိပ်ဖျားတွင်လွှင့်ထူမည့်အချက် ပြအလံကိုစောင့်မျှော်ကြည့်ရှုကြလော့။ တံပိုးခရာမှုတ်သံကိုနားစွင့်၍နေကြ လော့။- Garrad Bible ဤ လော က၌ နေ ထိုင် သူ၊ မြေ ကြီး ပေါ် မှာ ရှိ နေ သူ အ ပေါင်း တို့၊ တောင် ပေါ် တွင် အ လံ စိုက် ထူ သော အ ခါ ကြည့် ကြ လော့။ တံ ပိုး မှုတ် သော အ ခါ နား ထောင် ကြ လော့။ Judson Bible လောကီနိုင်ငံ၌နေသော မြေကြီးသားအပေါင်းတို့၊ တောင်ပေါ်မှာ အလံကို ထူသောအခါ ကြည့်ရှုကြလော့။ တံပိုးမှုတ်သောအခါ နားထောင်ကြလော့။ |
ဘုန်းတန်ခိုးရှင်ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော်ရှိ၍ နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ကမ္ဘာမြေကိုဆင့်ခေါ်တော်မူ၏။
အို ကောင်းကင်၊ နားထောင်လော့။ အို မြေကြီး၊ စူးစိုက်နားထောင်လော့။ ထာဝရဘုရားက “ငါသည် သားသမီးတို့ကို ကျွေးမွေးပြုစုခဲ့သော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်ကြပြီ။
လူမျိုးအပေါင်းတို့အတွက် အချက်ပြအလံလွှင့်ထူတော်မူမည်။ နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးတို့ကို ပြန်စုဝေးစေတော်မူမည်။ ကွဲလွင့်နေသောယုဒအမျိုးတို့ကို မြေကြီးအရပ်လေးမျက်နှာမှ ခေါ်ယူစုစည်းတော်မူမည်။
တောင်ကတုံးပေါ်၌ အချက်ပြအလံကိုလွှင့်ထူကြ။ သူတို့ထံ အသံကိုလွှင့်ကြ။ လက်ကိုဝှေ့ယမ်းကြ။ ထိုအခါ မင်းအရာရှိတံခါးတို့မှ သူတို့ဝင်လာမည်။
လူအုပ်ကြီးမှထွက်သောအသံကဲ့သို့ တောင်ပေါ်မှ ဆူဆူညံညံအသံ၊ တိုင်းနိုင်ငံတို့မှ လူမျိုးတို့ အတူတကွစုဝေး၍ အုတ်အုတ်ကျက်ကျက်ဖြစ်သောအသံပါတကား။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စစ်ပွဲအတွက် စစ်သည်အလုံးအရင်းကို ခင်းကျင်းတော်မူပြီ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် လက်တော်ကိုမြှောက်သော်လည်း သူတို့မမြင်။ ကိုယ်တော်၏လူမျိုးတော်အတွက် ကိုယ်တော်စိတ်အားထက်သန်တော်မူသည်ကို သူတို့တွေ့မြင်၍ ရှက်ကြောက်ကြပါစေ။ ကိုယ်တော်၏ရန်သူတို့ကို လောင်ကျွမ်းမည့်မီးသည် သူတို့ကိုလောင်ကျွမ်းပါစေ။
သူ၏ကျောက်သည် ကြောက်လန့်၍ ပျောက်ကွယ်သွားလိမ့်မည်။ သူ၏အကြီးအကဲတို့သည် အချက်ပြအလံကြောင့် စိတ်ပျက်ကြလိမ့်မည်”ဟု ဇိအုန်တောင်ပေါ်တွင်မီး၊ ဂျေရုဆလင်မြို့တွင် မီးဖိုတည်တော်မူသော ထာဝရဘုရားမိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် တိုင်းနိုင်ငံတို့ကို လက်မြှောက်ပြမည်။ လူမျိုးတကာတို့ကို အချက်ပြအလံ ထူပြမည်။ သူတို့သည် သင်၏သားတို့ကို လက်ထဲ၌ပွေ့ချီလာမည်။ သင်၏သမီးတို့ကို ပခုံးပေါ်၌ ထမ်းလာကြမည်။
ကိုယ်တော်သည် ဝေးသောအရပ်မှလူမျိုးတို့အတွက် အချက်ပြအလံကိုလွှင့်ထူတော်မူ၏။ မြေကြီးစွန်းအရပ်ရှိလူတို့ကို လေချွန်၍ခေါ်တော်မူ၏။ ကြည့်ရှုလော့။ သူတို့သည် အလျင်အမြန်ပြေးလာကြလိမ့်မည်။
ထိုနေ့ရက်၌ ထာဝရဘုရားသည် အီဂျစ်ပြည်ရှိနိုင်းမြစ်ဖျားမှယင်ကောင်များကိုလည်းကောင်း၊ အဆီးရီးယားပြည်မှပျားများကိုလည်းကောင်း လေချွန်၍ခေါ်တော်မူမည်။
ထိုပြည်၌ အချက်ပြအလံကိုလွှင့်ထူကြ။ လူမျိုးတကာတို့ကို တံပိုးမှုတ်သံပေးကြ။ ထိုပြည်ကိုတိုက်ခိုက်ရန် လူမျိုးတကာတို့ကို အသင့်ပြင်ဆင်စေကြ။ အာရရတ်၊ မိန္နိနှင့် အာရှကေနတ် စသော တိုင်းနိုင်ငံတို့ကို ဆင့်ခေါ်ကြ။ စစ်ဦးစီးကိုခန့်ထားကြ။ မြင်းတို့ကို ကျိုင်းကောင်အုပ်ကဲ့သို့ ချီတက်စေကြ။
အို လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ အို မြေကြီးနှင့် မြေကြီးသားအပေါင်းတို့၊ အာရုံစိုက်ကြလော့။ သန့်ရှင်းရာဗိမာန်တော်၌စံတော်မူသောအရှင်၊ ဘုရားရှင်ထာဝရဘုရားသည် သင်တို့ကို ဆန့်ကျင်၍ သက်သေခံတော်မူလိမ့်မည်။
အို တောင်များတို့၊ အို ခိုင်ခံ့သောမြေကြီးအုတ်မြစ်တို့၊ ထာဝရဘုရား၏စွဲချက်ကိုနားထောင်ကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို စွဲချက်တင်တော်မူပြီ။ အစ္စရေးလူမျိုးနှင့် အချေအတင်ပြောဆိုတော်မူမည်။
ထာဝရဘုရားသည် မြို့ကို အော်ဟစ်မိန့်မြွက်တော်မူ၏။ ဉာဏ်ပညာရှိသောသူသည် နာမတော်ကို သိမြင်လေပြီ။ တောင်ဝှေးကိုလည်းကောင်း၊ တောင်ဝှေးအား ခန့်အပ်ထားသောအရှင်ကိုလည်းကောင်း နာခံလော့။
ထာဝရဘုရားသည် မိမိကိုယ်ကို ထင်ရှားတော်မူမည်။ ကိုယ်တော်၏မြားတော်သည် လျှပ်ပြက်သကဲ့သို့ ထွက်သွားလိမ့်မည်။ ဘုရားရှင်ထာဝရဘုရားသည် တံပိုးကိုမှုတ်လျက် တောင်ဘက်မှမုန်တိုင်းနှင့်အတူ ကြွချီတော်မူမည်။
သို့သော် သင်တို့၏မျက်စိသည်မြင်၍ သင်တို့၏နားသည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏။