ထို့နောက်တွင် အီသီယိုးပီးယားလူမျိုးဇေရသည် စစ်သည်တစ်သန်း၊ စစ်ရထားသုံးရာနှင့်ချီလာပြီး မရေရှမြို့သို့ရောက်လာရာ
ဟေရှာယ 18:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်သည် ပင်လယ်လမ်းဖြင့်လည်းကောင်း၊ ရေပြင်ပေါ်တွင် ကျူရိုးလှေများဖြင့်လည်းကောင်း သံတမန်တို့ကို စေလွှတ်သောပြည်ဖြစ်၏။ အို လျင်မြန်သောစေတမန်တို့၊ အရပ်ရှည်၍အသားအရေချောမွတ်သောလူမျိုး၊ အနီးအဝေးရှိလူတို့ကြောက်ရွံ့ရသောလူမျိုး၊ မြစ်များဖြာထွက်သောပြည်၌နေသည့် ခွန်အားကြီး၍ နိုင်ထက်စီးနင်းပြုတတ်သောလူမျိုးထံသို့ သွားကြလော့။ Common Language Bible ထိုပြည်မှသံတမန်များသည်ကူရိုးဖြင့် ပြီးသည့်လှေများဖြင့် နိုင်းမြစ်ကိုစုံဆင်း လာကြ၏။ ``အချင်းခြေလျင်သံတမန်တို့၊ ဌာနေသို့ပြန်ကြလော့။ နိုင်းမြစ်ဖျားတွင် တည်ရှိသည့်ကမ္ဘာတစ်ဝှမ်းလုံးကကြောက်ရွံ့ ကြ၍ ခွန်အားတန်ခိုးကြီးမားသည့်ရုပ်ရည် ချောမောမြင့်မားသည့်သင်တို့ပြည်သား များထံ ဤသတင်းစကားကိုယူဆောင် သွားကြလော့။ Judson Bible ပင်လယ်လမ်းဖြင့်လည်းကောင်း၊ ရေပေါ်၌ ဂမာလှေဖြင့်လည်းကောင်း၊ သံတမန်တို့ကို လွှတ်တတ်သောပြည်၊ နားထောင်လော့။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင်၊ ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိပ်နင်းတတ်ထသော၊ မြစ်ကွဲပြားသောမြေ၌နေသော လူမျိုးထံသို့၊ လျင်မြန်သောတမန်တို့၊ သွားကြလော့။ |
ထို့နောက်တွင် အီသီယိုးပီးယားလူမျိုးဇေရသည် စစ်သည်တစ်သန်း၊ စစ်ရထားသုံးရာနှင့်ချီလာပြီး မရေရှမြို့သို့ရောက်လာရာ
အီသီယိုးပီးယားလူမျိုးနှင့် လစ်ဗျားလူမျိုးတို့တွင်လည်း စစ်ရထားနှင့် မြင်းစီးသူရဲမြောက်မြားစွာရှိသောစစ်တပ်ကြီးရှိသည် မဟုတ်လော။ သို့သော် သင်သည် ထာဝရဘုရားကို ကိုးစားသောကြောင့် သူတို့ကို သင့်လက်သို့ အပ်တော်မူခဲ့၏။
ကျူရိုးလှေများကဲ့သို့လည်းကောင်း၊ သားကောင်ကိုထိုးသုတ်သောလင်းယုန်ကဲ့သို့လည်းကောင်း လျင်မြန်လွန်းလှ၏။
ထို့နောက်တွင် မိခင်သည် သူ့ကိုဝှက်မထားနိုင်တော့သဖြင့် ကျူရိုးဖြင့်ရက်လုပ်ထားသောဖာတောင်းကိုယူ၍ ကတ္တရာစေးနှင့်သစ်စေးတို့ဖြင့် သုတ်လိမ်းပြီးလျှင် သူငယ်ကို ထိုဖာတောင်းထဲ၌ထည့်ပြီး နိုင်းမြစ်ကမ်းစပ်တွင်ရှိသော ကျူတောထဲ၌ထားလေ၏။
ထိုအချိန်တွင် အရပ်ရှည်၍အသားအရေချောမွတ်သောလူမျိုး၊ အနီးအဝေးရှိလူတို့ကြောက်ရွံ့ရသောလူမျိုး၊ မြစ်များဖြာထွက်သောပြည်၌နေသည့် ခွန်အားကြီး၍ နိုင်ထက်စီးနင်းပြုတတ်သောလူမျိုးသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအတွက် လက်ဆောင်ပဏ္ဏာကို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နာမတော်တည်ရာ ဇိအုန်တောင်သို့ ယူဆောင်လာကြလိမ့်မည်။
ထာဝရဘုရားသည် လူမျိုးခြားတို့ထံ သံတမန်ကိုစေလွှတ်၍ “သင်တို့စုဝေးကြ၊ ချီတက်ကြ၊ ဧဒုံပြည်ကို စစ်တိုက်ကြ”ဟု ဆင့်ဆိုစေသောသတင်းစကားကို ငါကြားရပြီ။
ထိုနေ့တွင် ငါသည် တမန်တို့ကို သင်္ဘောဖြင့်စေလွှတ်၍ သူတို့သည် စိတ်အေးလက်အေးနေသော အီသီယိုးပီးယားပြည်သားတို့အား ခြောက်လှန့်မည်။ အီဂျစ်ပြည်ကြောင့် ထိတ်ထိတ်ပျာပျာဖြစ်သောနေ့ကဲ့သို့ဖြစ်ရမည့်နေ့ အမှန်ရောက်လာမည်’ဟု မိန့်တော်မူ၏။
ဩဗဒိမြင်ရသောဗျာဒိတ်နိမိတ်ကား ဤသို့တည်း။ ဧဒုံပြည်နှင့်ပတ်သက်၍ ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ ထာဝရဘုရားသည် လူမျိုးခြားတို့ထံသို့ သံတမန်ကို စေလွှတ်၍ “ထကြ၊ ဧဒုံပြည်ကို သွားတိုက်ကြစို့”ဟု ဆင့်ဆိုစေသောသတင်းစကားကို ငါတို့ကြားရပြီ။
သူတို့သည် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသောသူများဖြစ်ပြီး သူတို့ကိုယ်တိုင် ဥပဒေကိုပြဋ္ဌာန်း၍ အာဏာပြကြ၏။
ငါသည် သင်တို့အား မြွေများနှင့်ကင်းမြီးကောက်များကိုနင်းချေ၍ ရန်သူ၏တန်ခိုးအလုံးစုံတို့ကိုနိုင်ရသောအခွင့်အာဏာကို ပေးအပ်ထားပြီဖြစ်၍ မည်သည့်အရာကမျှ သင်တို့ကို အနာတရဖြစ်စေမည်မဟုတ်။