ထိုအချိန်တွင် အရပ်ရှည်၍အသားအရေချောမွတ်သောလူမျိုး၊ အနီးအဝေးရှိလူတို့ကြောက်ရွံ့ရသောလူမျိုး၊ မြစ်များဖြာထွက်သောပြည်၌နေသည့် ခွန်အားကြီး၍ နိုင်ထက်စီးနင်းပြုတတ်သောလူမျိုးသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအတွက် လက်ဆောင်ပဏ္ဏာကို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နာမတော်တည်ရာ ဇိအုန်တောင်သို့ ယူဆောင်လာကြလိမ့်မည်။