သူတို့က ဟေရှာယအား “ဟေဇကိမင်းကြီးက ‘ယနေ့သည် ဆင်းရဲဒုက္ခရောက်သောနေ့၊ ဆုံးမခြင်းခံရသောနေ့၊ အရှက်ကွဲရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်သော်လည်း သားဖွားရန်ခွန်အားမရှိ။
ဟေရှာယ 17:14 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ နေဝင်ချိန်၌ ထိတ်လန့်ဖွယ်ဘေးရောက်လာသောကြောင့် နံနက်ရောက်သော် သူတို့မရှိတော့ချေ။ ဤသည်ကား ငါတို့ကို တိုက်ခိုက်လုယက်ခဲ့သောသူတို့၏ဝေစု၊ ငါတို့ကို သိမ်းပိုက်ခဲ့သောသူတို့၏ပေါက်မဲ ဖြစ်၏။ Common Language Bible သူတို့သည်လူတို့အားညဥ့်ဦးယံ၌ တုန်လှုပ် ချောက်ချားစေကြသော်လည်း မိုးသောက်ယံ၌ မရှိကြတော့ပါတကား။ ဤကားငါတို့ပြည် ကိုလုယက်တိုက်ခိုက်သူမှန်သမျှတို့၏ကံ ကြမ္မာပင်ဖြစ်လေသည်။ Garrad Bible ညဉ့် ဦး၌ ဘေး သင့် ၍၊ မိုး မ သောက် မီ ကွယ် ပျောက် ကြ လေ ပြီ။ ငါ တို့ ကို လု ယူ ဖျက် ဆီး တတ် သူ တို့ ဝေ ပုံ ကား၊ ထို သို့ ပင် ဖြစ် သ တည်း။ Judson Bible ညဉ့်ဦးယံ၌ ဘေးရောက်၍၊ နံနက်ယံမတိုင်မီ ပျောက်ရှကြလိမ့်မည်။ ငါတို့ကို ညှဉ်းဆဲသောသူတို့သည် ထိုသို့သောအကျိုး၊ ငါတို့ကို လုယူဖျက်ဆီးသောသူတို့သည်၊ ထိုသို့သော အမွေဥစ္စာကိုခံရကြလိမ့်မည်။ |
သူတို့က ဟေရှာယအား “ဟေဇကိမင်းကြီးက ‘ယနေ့သည် ဆင်းရဲဒုက္ခရောက်သောနေ့၊ ဆုံးမခြင်းခံရသောနေ့၊ အရှက်ကွဲရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်သော်လည်း သားဖွားရန်ခွန်အားမရှိ။
ထိုညမှာပင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များကိုသာ တွေ့ရ၏။
ဤသည်ကား ဆိုးယုတ်သောသူအဖို့ ဘုရားသခင်ထံမှ ဝေစုဖြစ်၏။ သူ့အဖို့ ဘုရားသခင်သတ်မှတ်ထားသောအမွေလည်း ဖြစ်၏”ဟု ဆိုလေ၏။
သို့သော် သူသည်ကွယ်ပျောက်သွား၏။ ကြည့်ရှုလော့။ သူမရှိတော့ပေ။ သူ့ကို ငါရှာသော်လည်း မတွေ့ရတော့ပေ။
အကြောင်းမူကား ထာဝရဘုရားသည် သူတို့၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ သူတို့ထံမှလုယူသောသူတို့၏အသက်ကို လုယူတော်မူလိမ့်မည်။
အကြောင်းမူကား သင်တို့အပေါ် ထားသောငါ့အမျက်သည် မကြာမီပြေလိမ့်မည်။ ငါ၏အမျက်ဒေါသသည် သူတို့ဖက်သို့ရောက်၍ သူတို့ကိုဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူ၏။
ကင်းစောင့်က “နံနက်ရောက်လာပါ၏။ ညလည်းရောက်လာပါ၏။ မေးမြန်းလိုလျှင် မေးမြန်းကြပါလော့။ ပြန်လာကြလော့။ ပြန်လာကြလော့”ဟု ပြန်ပြော၏။
သို့သော် ငါသည် အရေလမြို့ကို အကျပ်အတည်းထဲသို့ရောက်စေမည်။ ထိုမြို့၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်း ရှိလိမ့်မည်။ ထိုမြို့သည် ငါ့အဖို့ အရေလကဲ့သို့ ဖြစ်မည်။
သို့သော် သင့်ရန်သူအလုံးအရင်းသည် ဖုန်မှုန့်ကဲ့သို့ဖြစ်မည်။ ကြမ်းကြုတ်သူအလုံးအရင်းသည် လွင့်မျောနေသောဖွဲကဲ့သို့ ဖြစ်မည်။ ထိုကဲ့သို့ ရုတ်ခြည်းဖြစ်မည်။
အရေလမြို့ကို တိုက်ခိုက်လာကြသော တိုင်းနိုင်ငံအသီးသီးမှလူအလုံးအရင်း၊ ထိုမြို့၏ခံတပ်ကိုတိုက်ခိုက်၍ ထိုမြို့ကိုအကျပ်အတည်းထဲသို့ရောက်စေသောသူအပေါင်းတို့သည် ညအိပ်မက်ဗျာဒိတ်နိမိတ်ကဲ့သို့ ဖြစ်ကြလိမ့်မည်။
ကိုယ်တော်၏ထွက်သက်လေသည် လည်ပင်းအထိရောက်သည့် တစ်ဟုန်ထိုးစီးဆင်းသောမြစ်ရေကဲ့သို့ဖြစ်၏။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးခြင်းဆန်ခါဖြင့် စစ်ချမည်။ လမ်းလွဲစေသောဇက်ကြိုးကို လူတို့၏မေးရိုး၌ တပ်ထားမည်။
ကိုယ်တိုင်ဖျက်ဆီးခြင်းမခံရဘဲ သူတစ်ပါးကို ဖျက်ဆီးသောသူ၊ ကိုယ်တိုင် သစ္စာဖောက်မခံရဘဲ သူတစ်ပါးကို သစ္စာဖောက်သောသူ၊ သင်သည် အမင်္ဂလာရှိ၏။ သင်သည် သူတစ်ပါးကိုဖျက်ဆီးပြီးလျှင် ပြန်၍အဖျက်ဆီးခံရမည်။ သူတစ်ပါးကို သစ္စာဖောက်ပြီးလျှင် ပြန်၍သစ္စာအဖောက်ခံရမည်။
“စာရေးတော်ကြီး အဘယ်မှာရှိသနည်း၊ အခွန်ကောက်ခံသူ အဘယ်မှာရှိသနည်း၊ ပြအိုးရေတွက်သူ အဘယ်မှာရှိသနည်း”ဟု သင့်စိတ်နှလုံးသည် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာကို ပြန်တွေးလိမ့်မည်။
ထိုအကောင်တို့အတွက် နေရာချပေးတော်မူပြီ။ ကိုယ်တော်၏လက်တော်သည် မျဉ်းကြိုးတန်း၍ နေရာခွဲဝေပေးတော်မူပြီ။ ထိုအကောင်တို့သည် ထိုပြည်ကို အစဉ်အမြဲပိုင်ဆိုင်၍ မျိုးဆက်အဆက်ဆက် နေထိုင်ကြလိမ့်မည်။
သင့်ကို ရန်မူသောသူတို့ကို သင်ရှာသော်လည်း တွေ့လိမ့်မည်မဟုတ်။ သင့်ကို တိုက်ခိုက်သောသူတို့သည် ဘာမျှမဟုတ်သောသူ၊ အရာမရောက်သောသူကဲ့သို့ ဖြစ်သွားကြလိမ့်မည်။
ထာဝရဘုရားက “သင်သည် ငါ့ကိုမေ့လျော့၍ အချည်းနှီးသောအရာကို ယုံကြည်ကိုးစားသောကြောင့် ဤသည်ကား သင့်ကို ငါခွဲဝေပေးသော ဝေစုဖြစ်၏။
အစ္စရေးလူမျိုးသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုး၊ ကိုယ်တော်၏အသီးအနှံတို့တွင် အသီးဦးဖြစ်၏။ သူ့ကို ဝါးမျိုသောသူအပေါင်းတို့အပေါ် အပြစ်သက်ရောက်မည်၊ ဘေးအန္တရာယ်ကျရောက်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
သို့သော် ငါသည် ဧသောကို ပြောင်တလင်းခါစေမည်။ သူသည် ပုန်းရှောင်၍မရအောင် သူ၏ပုန်းခိုရာကို ငါဖော်ပြမည်။ သူ၏သားမြေး၊ ညီအစ်ကို၊ အိမ်နီးချင်းတို့ပျက်စီးလိမ့်မည်။ သူလည်း ရှိတော့မည်မဟုတ်။
ကွင်းပြင်မှထင်းများကို စုသိမ်းစရာမလို၊ တောထဲမှ ထင်းများကို ခုတ်ယူစရာမလို။ ထိုလက်နက်များကို လောင်စာအဖြစ် အသုံးပြုကြလိမ့်မည်။ သူတို့ထံ လုယူခဲ့သောအရာများကို သူတို့ပြန်လည်လုယူကြလိမ့်မည်။ သူတို့ထံ သိမ်းယူသွားသောအရာတို့ကို သူတို့ပြန်လည်သိမ်းယူကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် သန့်ရှင်းရာပြည်၌ မိမိ၏ဝေစုအဖြစ် ယုဒပြည်ကို သိမ်းယူလိမ့်မည်။ ဂျေရုဆလင်မြို့ကိုလည်း ပြန်လည်ရွေးချယ်တော်မူလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်၏ရန်သူအလုံးစုံ ပျက်စီးကြပါစေ။ ကိုယ်တော့်ကိုချစ်သောသူတို့မူကား အရှိန်အဝါနှင့်ထွက်လာသောနေမင်းကဲ့သို့ဖြစ်ပါစေ”ဟူ၍ သီဆိုကြ၏။ ထို့နောက်တွင် တိုင်းပြည်သည် အနှစ်လေးဆယ်ပတ်လုံးငြိမ်းချမ်းလေ၏။