Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 29:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အရေလ​မြို့​ကို တိုက်ခိုက်​လာ​ကြ​သော တိုင်းနိုင်ငံ​အသီးသီး​မှ​လူအလုံးအရင်း​၊ ထို​မြို့​၏​ခံတပ်​ကို​တိုက်ခိုက်​၍ ထို​မြို့​ကို​အကျပ်အတည်း​ထဲသို့​ရောက်​စေ​သော​သူ​အပေါင်း​တို့​သည် ည​အိပ်မက်​ဗျာဒိတ်နိမိတ်​ကဲ့သို့ ဖြစ်​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တော် မြို့​ကို​တိုက်​ခိုက်​ကြ​သည့်​စစ်​တပ်​အ​ပေါင်း​နှင့် သူ​တို့​၏​လက်​နက်​တန်​ဆာ​ရှိ​သ​မျှ​သည်​အိပ် မက်​ကဲ့​သို့​လည်း​ကောင်း၊ ညဥ့်​အ​ခါ​စိတ်​ကူး ယဉ်​မှု​ကဲ့​သို့​လည်း​ကောင်း​ကွယ်​ပျောက်​သွား လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 အ ရေ လ မြို့ နှင့် ဆိုင် ရာ ခံ တပ် ကို တိုက် ခိုက် နှိပ် စက် သော လူ အ မျိုး မျိုး တို့ အ လုံး အ ရင်း သည်၊ ညဉ့် အ ခါ မြင် မက် သော ရူ ပါ ရုံ ကဲ့ သို့ ဖြစ် ကြ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အ​ပြည်​ပြည်​က​လာ၍၊ အ​ရေ​လ​မြို့​ကို စစ်​တိုက်​သော အ​လုံး​အ​ရင်း၊ အ​ရေ​လ​မြို့​နှင့် ရဲ​တိုက်​ကို​တိုက်၍ ညှဉ်း​ဆဲ​သော​သူ အ​ပေါင်း​တို့​သည် အိပ်​မက်​တည်း​ဟူ​သော ည​ရူ​ပါ​ရုံ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 29:7
17 ပူးပေါင်းရင်းမြစ်များ  

သူ​သည် အိပ်မက်​ကဲ့သို့ ပျောက်ပျက်​သွား​၍ သူ့​ကို တွေ့​ရ​တော့​မည်​မ​ဟုတ်​။ ညအချိန်​မြင်​ရ​သော​စိတ်အာရုံ​ကဲ့သို့ ထွက်ပြေး​သွား​လိမ့်မည်​။


အိပ်မက်​မှ နိုးလာ​သကဲ့သို့ အို ဘုရားရှင်​၊ ကိုယ်တော်​နိုး​တော်မူ​သောအခါ သူ​တို့​၏​ရုပ်သွင်​ကို မေ့ပျောက်​တော်မူ​လိမ့်မည်​။


ကြည့်ရှု​လော့​။ နေဝင်​ချိန်​၌ ထိတ်လန့်ဖွယ်ဘေး​ရောက်လာ​သောကြောင့် နံနက်​ရောက်သော် သူ​တို့​မ​ရှိ​တော့​ချေ​။ ဤသည်ကား ငါ​တို့​ကို တိုက်ခိုက်လုယက်​ခဲ့​သော​သူ​တို့​၏​ဝေစု​၊ ငါ​တို့​ကို သိမ်းပိုက်​ခဲ့​သော​သူ​တို့​၏​ပေါက်မဲ ဖြစ်​၏​။


ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ထွက်လာ​၍ အဆီးရီးယား​တပ်စခန်း​ထဲတွင် စစ်သည်​တစ်သိန်း​ရှစ်သောင်း​ငါးထောင်​ကို သတ်​လေ​၏​။ နံနက်​စောစောထ​ကြ​သောအခါ အလောင်းကောင်​များ​သာ တွေ့​ရ​၏​။


လူမျိုး​အားလုံး​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ဘာမျှ​မ​ဟုတ်​။ ကိုယ်တော်​သည် သူ​တို့​ကို အနတ္တသက်သက်​၊ အချည်းနှီးသက်သက်​ထက် သာ၍​ငယ်​သည်​ဟု ထင်မှတ်​တော်မူ​၏​။


ကြည့်ရှု​လော့​။ ကောင်းမြတ်​သော​သတင်း​ကို ယူဆောင်​လာ​သူ​၊ ငြိမ်သက်​ခြင်း​သတင်း​ကြားပြော​သူ​၏​ခြေ​တို့​ကို တောင်​များ​ပေါ်တွင် တွေ့​ရ​၏​။ အို ယုဒ​၊ ပွဲတော်​များ​ကို ကျင်းပ​လော့​။ ကတိသစ္စာဝတ်​ကို ဖြေ​လော့​။ ဆိုးညစ်​သော​သူ​ကို သုတ်သင်​ပစ်​ပြီ​ဖြစ်၍ သင့်​ထံ ဝင်ရောက်ကျူးကျော်​နိုင်​တော့​မည်​မ​ဟုတ်​။


အဖျက်သမား​သည် သင့်​ကို​ရင်ဆိုင်​တိုက်ခိုက်​ရန် ချီတက်​လာ​ပြီ​။ ခံတပ်​၌ အစောင့်ချ​ထား​လော့​။ လမ်း​ကို စောင့်ကြည့်​ထား​လော့​။ ခါးစည်း​ကို မြဲ​စေ​လော့​။ အင်အား​ရှိသမျှ​ကို စုစည်း​လော့​။


ထို​နေ့ရက်​တွင် ဂျေရုဆလင်​မြို့​ကို ချီတက်​တိုက်ခိုက်​လာ​မည့် လူမျိုးတကာ​တို့​အား ငါ​ရှာဖွေ​ဖျက်ဆီး​ပစ်​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ