ထို့ကြောင့် ငါ့စိတ်သည် မောဘပြည်အတွက်၊ ငါ့အသည်းနှလုံးသည် ကိရဟရက်မြို့အတွက် စောင်းသံကဲ့သို့ မြည်တမ်းရ၏။
ငါသည်မောဘပြည်အတွက်စိတ်ညှိုးငယ် လျက်၊ ကိရဟရက်မြို့အတွက်ဝမ်းနည်း လျက်ညည်းညူမိပါ၏။-
ထို့ ကြောင့် ငါ့ ဝမ်း သည် မော ဘ ပြည် အ တွက်၊ ငါ သည်း အူ သည် ကိ ရ ဟ ရက် မြို့ အ တွက်၊ စောင်း သံ ပ မာ မြည် လိမ့် မည်။
ထိုကြောင့်၊ ငါ့ဝမ်းသည် မောဘပြည်အတွက်၊ ငါ့အအူသည် ကိရဟရက်မြို့အတွက်၊ စောင်းကဲ့သို့ မြည်ရလိမ့်မည်။
ငါ့စိတ်နှလုံးသည် မောဘပြည်အတွက် အော်ဟစ်၏။ ထိုပြည်မှထွက်ပြေးသောသူတို့သည် ဇောရမြို့၊ ဧဂလတ်ရှလိရှမြို့အထိ ပြေးကြ၏။ လုဟိတ်မြို့သို့တက်သွားသောအခါ ငိုကြွေးလျက်တက်သွားကြ၏။ ပျက်စီးခြင်းကြောင့် ဟောရနိမ်မြို့သို့သွားရာလမ်း၌ အသံကိုလွှင့်၍ အော်ဟစ်ကြ၏။
ထို့ကြောင့် ငါ့ခါးသည် အလွန်နာ၏။ ငါခံရသောဝေဒနာသည် သားဖွားမိန်းမခံရသောဝေဒနာကဲ့သို့ ဖြစ်၏။ ငါကြားရသောအရာကြောင့် စိတ်ရှုပ်ထွေး၏။ မြင်ရသောအရာကြောင့် ထိတ်လန့်၏။
ကိုယ်တော်၏သန့်ရှင်းသော၊ ဘုန်းအသရေရှိသော ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ ကြည့်၍ သိမြင်တော်မူပါ။ ကိုယ်တော်၏စိတ်အားထက်သန်မှု၊ ကိုယ်တော်၏အစွမ်းတန်ခိုးသည် အဘယ်မှာနည်း။ ကိုယ်တော်သည် အကျွန်ုပ်အပေါ်ထားရှိသည့် သနားကြင်နာခြင်းစိတ်ကို ချုပ်တည်းတော်မူပြီ။
ထာဝရဘုရားက “ဧဖရိမ်သည် ငါချစ်သောသား၊ ငါမြတ်နိုးသောသားလေးဖြစ်သည်မဟုတ်လော။ ငါသည် သူ့ကို အပြစ်တင်ပြောဆိုလေတိုင်း သူ့ကို အစဉ်သတိရလျက်ရှိပါ၏။ ထို့ကြောင့် သူ့အတွက် စိုးရိမ်ပူပန်၏။ သူ့ကို အလွန်သနား၏”ဟု မိန့်တော်မူ၏။
ငါ့အူထဲ၊ အသည်းထဲအထိ နာကျင်နေ၏။ ငါ့စိတ် မငြိမ်မသက်ဖြစ်နေ၏။ ငါသည် တိတ်ဆိတ်စွာမနေနိုင်။ တံပိုးမှုတ်သံ၊ စစ်ပွဲကြွေးကြော်သံကို ငါကြားရ၏။
သို့ဖြစ်၍ မောဘပြည်ကြောင့် ငါညည်းတွားငိုကြွေးမည်။ မောဘပြည်တစ်ပြည်လုံးကြောင့် ငါအော်ဟစ်မည်။ ကိရဟရက်မြို့သားတို့ကြောင့် ငါညည်းတွားမည်။
သူတို့ပိုင်ဆိုင်သောစည်းစိမ်ဥစ္စာ ပျက်ပြုန်းလေပြီဖြစ်၍ ငါ့စိတ်နှလုံးသည် မောဘပြည်ကြောင့် ပလွေသံကဲ့သို့ မြည်တမ်းရလိမ့်မည်။ ငါ့စိတ်နှလုံးသည် ကိရဟရက်မြို့သားကြောင့် ပလွေသံကဲ့သို့ မြည်တမ်းရလိမ့်မည်”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။ အကျွန်ုပ် ဆင်းရဲဒုက္ခရောက်ပါပြီ။ အကျွန်ုပ်အထဲ၌ ပွက်ပွက်ဆူနေပြီ။ အကျွန်ုပ်သည် ဖီဆန်ပုန်ကန်မိပါပြီ။ ထို့ကြောင့် အကျွန်ုပ်၏စိတ်နှလုံးသည် အကျွန်ုပ်အတွင်း၌ မငြိမ်မသက်ဖြစ်လျက်ရှိ၏။ အိမ်ပြင်၌ ဓားဘေးရှိ၏။ အိမ်ထဲ၌လည်း သေဘေးရှိ၏။
အို ဧဖရိမ်၊ သင့်ကို မည်သို့စွန့်ပစ်နိုင်မည်နည်း။ အို အစ္စရေး၊ သင့်ကို မည်သို့အပ်နှံနိုင်မည်နည်း။ အာဒမာမြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ငါသည် စိတ်ပြောင်းပြီး သနားကြင်နာစိတ် တစ်စတစ်စတိုးပွားလာပြီ။
ထို့ကြောင့် သင်တို့တွင် ခရစ်တော်၌တိုက်တွန်းအားပေးခြင်း၊ ချစ်ခြင်းမေတ္တာ၏နှစ်သိမ့်ခြင်း၊ ဝိညာဉ်တော်အားဖြင့်မိတ်သဟာယဖွဲ့ခြင်း၊ ကြင်နာခြင်းနှင့် သက်ညှာခြင်းတို့ တစ်စုံတစ်ရာရှိလျှင်