ထိုသူတို့သည် ထိုမြို့ရွာတို့တွင်နေထိုင်ခါစ၌ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေခြင်းမရှိသောကြောင့် ထာဝရဘုရားသည် သူတို့ထံ ခြင်္သေ့ကိုစေလွှတ်၍ သူတို့ထဲမှအချို့ကို ကိုက်သတ်စေတော်မူ၏။
ဟေရှာယ 15:9 - မြန်မာ့စံမီသမ္မာကျမ်း ဒိမုန်မြို့၏ရေတို့သည် သွေးနှင့်ပြည့်လေပြီ။ ထိုမျှမက မောဘပြည်မှလွတ်မြောက်လာသောသူ၊ ပြည်၌ကြွင်းကျန်သောသူတို့ထံ ခြင်္သေ့ကိုလွှတ်ခြင်းဖြင့် ဒိမုန်မြို့ကို ဘေးထပ်ရောက်စေဦးမည်။ Common Language Bible ဒိဘုန်မြို့၌မြစ်ရေသည်သွေးများဖြင့်နီ မြန်းလျက်ရှိ၏။ ဘုရားသခင်သည်လည်း ထိုမြို့မှလူတို့သည်ပိုမိုဆိုးရွားသည့်ဘေး အန္တရာယ်ကိုစီမံထားတော်မူလေပြီ။ မောဘ ပြည်တွင်ကြွင်းကျန်နေသူမှန်သမျှသည် ထိုအရပ်တွင်ရက်စက်ကြမ်းကြုတ်စွာ အသတ်အဖြတ်ခံရကြလိမ့်မည်။ Garrad Bible ဒိ မုန် ချောင်း သည် အ သွေး နှင့် ပြည့် လိမ့် မည်။ အ သို့ ဆို သော် ငါ သည် ဒိ မုန် မြို့ ပေါ် တွင် ထပ် မံ သင့် ရောက် စေ သည့် ပြင်၊ ထွက် ပြေး သော မော ဘ ပြည် သူ နှင့် ကျန် ရစ် သော ပြည် သား တို့ အ ပေါ် သို့ ခြင်္သေ့ သ ဖွယ် လွှတ် လိမ့် မည်။ Judson Bible အကြောင်းမူကား၊ ဒိမုန်မြို့ရေတို့သည် အသွေးနှင့်ပြည့်ကြ၏။ ဒိမုန်မြို့အပေါ်မှာ အခြားသောဘေးများကိုလည်းကောင်း၊ လွတ်အောင်ပြေးသော မောဘပြည်သားနှင့် ကျန်ကြွင်းသော ပြည်သားအပေါ်မှာ ခြင်္သေ့တို့ကိုလည်းကောင်း ငါရောက်စေမည်။ |
ထိုသူတို့သည် ထိုမြို့ရွာတို့တွင်နေထိုင်ခါစ၌ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေခြင်းမရှိသောကြောင့် ထာဝရဘုရားသည် သူတို့ထံ ခြင်္သေ့ကိုစေလွှတ်၍ သူတို့ထဲမှအချို့ကို ကိုက်သတ်စေတော်မူ၏။
အော်ဟစ်သံသည် မောဘပြည်နယ်စပ်အထိရောက်လေ၏။ မြည်တမ်းသံသည် ဧဂလိမ်မြို့၊ ဗေရဧလိမ်မြို့တိုင်အောင် ရောက်လေ၏။
တစ်ဖန် ထာဝရဘုရားက “သတ်ဖြတ်မည့်ဓား၊ ကိုက်ဆွဲသွားမည့်ခွေး၊ ဝါးမျိုဖျက်ဆီးမည့် ကောင်းကင်ငှက်နှင့်မြေတိရစ္ဆာန် စသည့်ဘေးလေးမျိုးကို သူတို့ထံ ငါစေလွှတ်မည်။
အစ္စရေးလူမျိုးသည် ခြင်္သေ့တို့အလိုက်ခံရ၍ တကွဲတပြားဖြစ်နေသောသိုးကဲ့သို့ဖြစ်၏။ ဦးစွာ အဆီးရီးယားဘုရင်သည် ကိုက်စား၏။ နောက်ဆုံးမှာ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အရိုးတို့ကို ဝါးမျိုလေ၏။
ထိုသို့ဖြစ်သည့်တိုင်အောင် သင်တို့သည် ငါ့စကားကိုနားမထောင်လျှင် ငါသည် သင်တို့၏အပြစ်အတွက် သင်တို့အား အပြစ်ဒဏ်ခုနစ်ဆ ထပ်၍ပေးမည်။
ငါသည်လည်း သင်တို့ကို ဆက်လက်ဆန့်ကျင်မည်။ ထိုမျှမက ငါသည် သင်တို့၏အပြစ်အတွက် သင်တို့ကို ခုနစ်ဆဒဏ်ခတ်မည်။
ငါသည်လည်း သင်တို့ကို အမျက်ဒေါသဖြင့် သင်တို့ကို ဆက်လက်ဆန့်ကျင်မည်။ ထိုမျှမက ငါသည် သင်တို့၏အပြစ်အတွက် သင်တို့ကို ခုနစ်ဆအပြစ်ဒဏ်ပေးမည်။
လူသည် ခြင်္သေ့ထံမှပြေးလွတ်သော်လည်း ဝက်ဝံနှင့် ပက်ပင်းတိုးသကဲ့သို့လည်းကောင်း၊ အိမ်ထဲသို့ဝင်၍ နံရံကို လက်နှင့်ထောက်လိုက်စဉ် မြွေကိုက်ခံရသကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
သို့သော် ငါတို့သည် သူတို့ကိုပစ်ခတ်သဖြင့် ဟေရှဘုန်မြို့မှ ဒိဘုန်မြို့တိုင်အောင် ပျက်စီးလေပြီ။ မေဒဘအရပ်မှ နောဖာအရပ်တိုင်အောင် လူသူကင်းမဲ့လေပြီ”ဟု စပ်ဆိုကြ၏။