တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် ထိုမြို့ကို ဖြူကောင်နေရာအရပ်၊ ရေအိုင်ထွန်းရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်းတံမြက်စည်းဖြင့် လှည်းကျင်းမည်”ဟု မိန့်တော်မူ၏။
ငါသည်ဗာဗုလုန်မြို့ကိုညွန်ပျောင်းဖြစ်စေ ၍၊ ဇီးကွက်တို့သည်ထိုအရပ်တွင်နေကြလိမ့် မည်။ ငါသည်တံမြက်လှည်းသူကဲ့သို့ဗာဗုလုန် မြို့မှရှိသမျှသောအရာတို့ကိုသုတ်သင် ပယ်ရှင်းမည်။ ဤကားအနန္တတန်ခိုးရှင်ငါ ထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထို မြို့ ကို ဗျိုင်း ပိုင် ရာ ဗွက် အိုင် ဖြစ် စေ လျက်၊ ပယ် ရှင်း ခြင်း တံ မြက် နှင့် လှည်း လိမ့် မည် ဟူ၍လည်း ကောင်း၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
တစ်ဖန်လည်း၊ ငါသည် ထိုမြို့ကို ဖြူကောင်များနေရာ၊ ရေလွှမ်းမိုးရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်း၏ တံမြက်စည်းဖြင့်လှည်းမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
ထို့ကြောင့် ယခု ငါသည် ယေရောဗောင်မင်းမျိုးမင်းနွယ်တို့အပေါ် ဘေးဆိုးကျရောက်စေမည်။ အစ္စရေးပြည်ရှိ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲမှ ယောက်ျားတို့ကို ငါပယ်ရှင်းမည်။ အမှိုက်ပုံကို မီးရှို့ရှင်းလင်းပစ်သကဲ့သို့ ယေရောဗောင်မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။
ရှမာရိမြို့ကို တိုင်းသောမျဉ်းကြိုး၊ အာဟပ်မင်းမျိုးမင်းနွယ်ကို တိုင်းသောချိန်သီးဖြင့် ဂျေရုဆလင်မြို့ကို တိုင်းတာမည်။ ပန်းကန်ကိုသုတ်သကဲ့သို့ ဂျေရုဆလင်မြို့ကိုသုတ်ပစ်ပြီး မှောက်ထားမည်။
ထိုမြို့၌ မျိုးဆက်အဆက်ဆက် ကာလအစဉ် မည်သူမျှမှီတင်းနေထိုင်မည်မဟုတ်။ ထိုမြို့၌ အာရပ်လူမျိုးတစ်ယောက်မျှ တဲဆောက်မည်မဟုတ်။ သိုးထိန်းတစ်ယောက်မျှ သိုးတို့ကိုထိန်းကျောင်းမည်မဟုတ်။
ညည်းတွားငိုကြွေးကြလော့။ ထာဝရဘုရား၏နေ့ရက်သည် ရောက်လုနီးပြီ။ ထိုနေ့ရက်သည် အနန္တတန်ခိုးရှင်ထံမှဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာမည်။
ပင်လယ်နားရှိတောကန္တာရနှင့်ဆိုင်သောဗျာဒိတ်တော်။ နေဂေ့အရပ်၌တိုက်ခတ်သောလေပွေကဲ့သို့ ဘေးသည် တောကန္တာရ၊ ကြောက်မက်ဖွယ်ပြည်မှလာ၏။
ဘေဘီလုံမြို့ကို အဘက်ဘက်မှဝင်တိုက်ကြ။ သိုလှောင်ရုံများကို ဖွင့်ဖောက်ပြီး စပါးပုံကဲ့သို့ ပုံထားကြ။ မြို့ကို အကုန်အစင်ဖျက်ဆီးပစ်ကြ။ အကြွင်းအကျန် မရှိစေနှင့်။
မြောက်အရပ်မှလူမျိုးတစ်မျိုးသည် ဘေဘီလုံမြို့ကို ချီတက်တိုက်ခိုက်လိမ့်မည်။ ထိုမြို့ကို လူသူကင်းမဲ့ရာဖြစ်စေမည်။ မည်သူမျှ ထိုမြို့၌ နေထိုင်ကြတော့မည်မဟုတ်။ လူမှစ၍ တိရစ္ဆာန်တိုင်အောင် ထွက်ပြေးသွားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
‘အို ထာဝရဘုရား၊ ကိုယ်တော်က ဤအရပ်ကို ငါဖျက်ဆီးပစ်မည်။ နေထိုင်သူမရှိ။ လူမှစ၍ တိရစ္ဆာန်လည်းမရှိ။ လူသူကင်းမဲ့ရာအရပ် အစဉ်ဖြစ်စေမည်ဟု ဤအရပ်နှင့်ပတ်သက်၍ မိန့်တော်မူခဲ့ပြီ’ဟူ၍ လျှောက်ဆိုရမည်။
ထိုနေရာသည် လူမျိုးတကာတို့၏သိုးအုပ်များ၊ တိရစ္ဆာန်များ လဲလျောင်းရာ ဖြစ်လိမ့်မည်။ ငှက်ကြီးဝန်ပို၊ ငဟစ်ငှက်တို့လည်း အပြိုအပျက်များကြားတွင် ခိုအောင်း၍ ပြတင်းပေါက်များတွင် အော်မြည်ကြလိမ့်မည်။ စင်စစ် သစ်ကတိုးသားများကို ဖျက်ဆီးမည်ဖြစ်၍ တံခါးဝတွင် အပျက်အစီးတို့ ပုံနေလိမ့်မည်။
ထို့နောက် ဒုတိယကောင်းကင်တမန်သည် လိုက်လာ၍ “မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်းကြောင့် သက်ရောက်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကို လူမျိုးတကာတို့အားတိုက်သော ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ”ဟု ကြွေးကြော်၏။
သူသည် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လျက် “ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ။ ၎င်းသည် နတ်ဆိုးတို့နေထိုင်ရာအရပ်၊ ညစ်ညူးသောနတ်အပေါင်းတို့၏ခိုအောင်းရာအရပ်၊ ညစ်ညူးသောငှက်အမျိုးမျိုးတို့၏ခိုအောင်းရာအရပ်နှင့် ညစ်ညူး၍ရွံရှာဖွယ်ကောင်းသောသတ္တဝါအပေါင်းတို့၏ခိုအောင်းရာအရပ် ဖြစ်လေပြီ။