“ဘုရားသခင်ကို မိမိ၏မှီခိုရာမဖြစ်စေဘဲ မိမိ၏ဓနဥစ္စာကြွယ်ဝမှုကိုယုံကြည်ကိုးစားသောသူကို ကြည့်ကြလော့။ သူသည် မိမိ၏ယုတ်မာစဉ်းလဲမှုအားဖြင့် အားကြီးလာ၏”ဟု ဆိုလျက် သူ့ကိုရယ်မောကြလိမ့်မည်။
ဟေရှာယ 14:16 - မြန်မာ့စံမီသမ္မာကျမ်း သင့်ကိုတွေ့သောသူတို့သည် သင့်ကိုစိုက်ကြည့်ပြီးလျှင် “ကမ္ဘာမြေကြီးကိုလှုပ်ခတ်စေသောသူ၊ တိုင်းနိုင်ငံများကို တုန်လှုပ်စေသောသူ၊ Common Language Bible သူသေတို့သည်သင့်ကိုအကြောင်သားငေး၍ ကြည့်နေကြလိမ့်မည်။ သူတို့က``ကမ္ဘာကိုတုန် လှုပ်စေ၍တိုင်းနိုင်ငံတို့ကိုချောက်ချားစေ သောသူကားဤသူပင်လော။- Garrad Bible မြင် သူ တို့ သည် ရှု ကြည့်၍ မြေ ပ ထ ဝီ ကို တုန် လှုပ် ခြင်း၊ တိုင်း နိုင် ငံ များ ကို ချောက် ခြား ခြင်း ပြု လုပ် သူ၊ တစ် လော က လုံး ကို သဲ က န္တာ ရ ကဲ့ သို့ ဖြစ် စေ၍၊ မြို့ များ ကို ဖြို လှဲ သော သူ ကား ဤ သူ လော ဟု ဆင် ခြင် တွေး တော ကြ လိမ့် မည်။ နေ ရာ ရင်း သို့ မ လွှတ် ဘဲ သုံ့ ဖမ်း ဖူး သူ၊ လူ အ မျိုး မျိုး တို့၏ ဘု ရင် ရှိ သ မျှ သည်၊ ဆိုင် ရာ ဆိုင် ရာ သင်္ချိုင်း နန်း တွင် ဘုန်း အ သ ရေ နှင့် သိပ် ထား ရ ပါ လျက်၊ Judson Bible သင့်ကို မြင်သောသူတို့သည် စေ့စေ့ကြည့်ရှု၍ ဆင်ခြင်ပြီးလျှင်၊ မြေကြီးကိုတုန်လှုပ်စေ၍၊ တိုင်းနိုင်ငံများကို လှုပ်ခြောက်သောသူကား ဤသူလော။ |
“ဘုရားသခင်ကို မိမိ၏မှီခိုရာမဖြစ်စေဘဲ မိမိ၏ဓနဥစ္စာကြွယ်ဝမှုကိုယုံကြည်ကိုးစားသောသူကို ကြည့်ကြလော့။ သူသည် မိမိ၏ယုတ်မာစဉ်းလဲမှုအားဖြင့် အားကြီးလာ၏”ဟု ဆိုလျက် သူ့ကိုရယ်မောကြလိမ့်မည်။
ထိုအခါ လူအပေါင်းတို့သည် ကြောက်ရွံ့၍ ဘုရားသခင်၏လုပ်ဆောင်တော်မူချက်ကို ပြောကြားကာ ကိုယ်တော်ပြုတော်မူသောအမှုကို ဂရုပြုကြလိမ့်မည်။
ကမ္ဘာကြီးကို တောကန္တာရကဲ့သို့ဖြစ်စေသောသူ၊ မြို့များကိုဖြိုဖျက်သောသူ၊ အချုပ်ခံရသောသူတို့ကို အိမ်သို့ပြန်ခွင့်မပေးသောသူကား ဤသူလော”ဟု တွေးဆကြလိမ့်မည်။
မြေတစ်ပြင်လုံးကို ထုနှက်ခဲ့သောတူကြီး အချိုးခံလိုက်ရပါပြီတကား။ ကျိုးပဲ့သွားပါပြီတကား။ ဘေဘီလုံမြို့သည် လူမျိုးတကာတို့တွင် ထိတ်လန့်စရာဖြစ်လေပြီတကား။
သူတို့သည် အသက်ရှင်စဉ် လောကလူသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့၏။ ယခုမူ ဓားဖြင့်အသတ်ခံရ၍ သေဆုံးကြသဖြင့် သင်္ချိုင်းတွင်းနက်ထဲတွင် သူ၏လူများက သူ့ကိုဝိုင်းရံလျက် သင်္ဂြိုဟ်ခံရလေပြီတကား။
သူတို့သည် အရေဖျားလှီးခြင်းမခံသော၊ ဓားကိုခေါင်းအုံးသဖွယ်အုံးရသော၊ စစ်လက်နက်များနှင့်တကွ မရဏာနိုင်ငံသို့ဆင်းသွားရသော စစ်သူရဲတို့နှင့်အတူ လဲလျောင်းရမည်မဟုတ်။ ထိုသူတို့သည် မြေကြီးသားတို့ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်ဖြစ်၍ အရိုးထိအပြစ်စွဲသောသူများ ဖြစ်ကြ၏။
သင့်အပေါ်သို့ မစင်ကို ပစ်ချမည်။ သင့်ကို မထီမဲ့မြင်ပြုမည်။ သင့်ကို သူတစ်ပါးကြည့်စရာ ဖြစ်စေမည်။
သူတို့သည် ရှင်ဘုရင်များကို ပြောင်လှောင်ကြ၏။ အုပ်ချုပ်သူတို့ကို သရော်ကြ၏။ ခံတပ်ရှိသမျှကို ဟားတိုက်ရယ်မောကြ၏။ မြေဖို့ပြီး ခံတပ်များကို တိုက်ခိုက်သိမ်းယူကြ၏။
ဤသို့ဖြင့် သူတို့သည် မိမိတို့ပိုက်ကွန်ကို အမြဲသွန်ချနေရမည်လော။ လူမျိုးတကာတို့ကို မညှာမတာ အမြဲသတ်ဖြတ်နေရမည်လော။