Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 14:16 - Common Language Bible

16 သူ​သေ​တို့​သည်​သင့်​ကို​အ​ကြောင်​သား​ငေး​၍ ကြည့်​နေ​ကြ​လိမ့်​မည်။ သူ​တို့​က``ကမ္ဘာ​ကို​တုန် လှုပ်​စေ​၍​တိုင်း​နိုင်​ငံ​တို့​ကို​ချောက်​ချား​စေ သော​သူ​ကား​ဤ​သူ​ပင်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16-18 မြင် သူ တို့ သည် ရှု ကြည့်၍ မြေ ပ ထ ဝီ ကို တုန် လှုပ် ခြင်း၊ တိုင်း နိုင် ငံ များ ကို ချောက် ခြား ခြင်း ပြု လုပ် သူ၊ တစ် လော က လုံး ကို သဲ က န္တာ ရ ကဲ့ သို့ ဖြစ် စေ၍၊ မြို့ များ ကို ဖြို လှဲ သော သူ ကား ဤ သူ လော ဟု ဆင် ခြင် တွေး တော ကြ လိမ့် မည်။ နေ ရာ ရင်း သို့ မ လွှတ် ဘဲ သုံ့ ဖမ်း ဖူး သူ၊ လူ အ မျိုး မျိုး တို့၏ ဘု ရင် ရှိ သ မျှ သည်၊ ဆိုင် ရာ ဆိုင် ရာ သင်္ချိုင်း နန်း တွင် ဘုန်း အ သ ရေ နှင့် သိပ် ထား ရ ပါ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သင့်​ကို မြင်​သော​သူ​တို့​သည် စေ့​စေ့​ကြည့်​ရှု၍ ဆင်​ခြင်​ပြီး​လျှင်၊ မြေ​ကြီး​ကို​တုန်​လှုပ်​စေ၍၊ တိုင်း​နိုင်​ငံ​များ​ကို လှုပ်​ခြောက်​သော​သူ​ကား ဤ​သူ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သင့်​ကို​တွေ့​သော​သူ​တို့​သည် သင့်​ကို​စိုက်ကြည့်​ပြီးလျှင် “​ကမ္ဘာမြေကြီး​ကို​လှုပ်ခတ်​စေ​သော​သူ​၊ တိုင်းနိုင်ငံ​များ​ကို တုန်လှုပ်​စေ​သော​သူ​၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 14:16
13 ပူးပေါင်းရင်းမြစ်များ  

``မိ​မိ​၏​လုံ​ခြုံ​မှု​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ကို အား​ကိုး​မည့်​အ​စား​မိ​မိ​၏​စည်း​စိမ်​ချမ်း​သာ ကို အား​ကိုး​သူ​ကို​ကြည့်​ကြ​လော့။ သူ​သည်​ယုတ်​မာ​မှု​အား​ဖြင့်​မိ​မိ​၏​လုံ​ခြုံ​မှု​ကို ရှာ​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​လိမ့်​မည်။


ထို​သူ​အ​ပေါင်း​တို့​သည်​ကြောက်​လန့်​လျက် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​ကို ဆင်​ခြင်​ကာ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​များ အ​ကြောင်း​ကို ပြော​ကြား​ကြ​လိမ့်​မည်။


သို့​ရာ​တွင်​ထို​သို့​ဖြစ်​မည့်​အ​စား​သင်​သည် မ​ရ​ဏ​နိုင်​ငံ​တွင်​အနက်​ရှိုင်း​ဆုံး​သော​အ​ရပ် သို့​ရောက်​ရှိ​လျက်​နေ​ရ​၏။


မြို့​များ​ကို​ပျက်​ပြုန်း​စေ​၍​ကမ္ဘာ​လော​က ကို သဲ​ကန္တာ​ရ​ဖြစ်​စေ​သူ​ကား​ဤ​သူ​ပင်​လော။ အ​ကျဉ်း​သ​မား​တို့​ကို​အ​စဉ်​ချုပ်​နှောင်​ထား ကာ မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​၍​မ​လွှတ်​ဘဲ​နေ သူ​ကား​ဤ​သူ​ပင်​လော'' ဟု​မေး​မြန်း​ကြ လိမ့်​မည်။


ဗာ​ဗု​လုန်​မြို့​သည်​တစ်​ကမ္ဘာ​လုံး​ကို​သံ​တူ နှင့်​ရိုက်​နှက်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​ထို သံ​တူ​သည်​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ကျိုး​ပဲ့​၍ သွား​လေ​ပြီ​တ​ကား။ လူ​မျိုး​တ​ကာ​တို့​သည် ဗာ​ဗု​လုန်​မြို့​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက် ကို​မြင်​၍​လန့်​ဖျပ်​တုန်​လှုပ်​ကြ​ကုန်​၏။-


သူ​တို့​၏​သင်္ချိုင်း​များ​သည်​မ​ရ​ဏာ​နိုင်​ငံ ၏​အ​နက်​ရှိုင်း​ဆုံး​အ​ရပ်​၌​ရှိ​၏။ အာ​ရှု​ရိ စစ်​သူ​ရဲ​အား​လုံး​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ၍​သူ​တို့​၏​သင်္ချိုင်း​များ​သည်​အာ​ရှု​ရိ​၏ ဂူ​ကို​ဝိုင်း​ရံ​လျက်​နေ​၏။ သို့​ရာ​တွင်​အ​ခါ တစ်​ပါး​က​သူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကို​တုန်​လှုပ်​ချောက်​ချား​စေ​ခဲ့​သူ​များ​ဖြစ် သ​တည်း။


သူ​တို့​သည်​လက်​နက်​အ​ပြည့်​အ​စုံ​ကိုင်​စွဲ လျက်​မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​သူ​ရှေး သူ​ရဲ​ကောင်း​ကြီး​များ​ကဲ့​သို့ မိ​မိ​တို့​၏​ဋ္ဌား များ​ကို​ဦး​ခေါင်း​အောက်​တွင်​လည်း​ကောင်း၊ ဒိုင်း​လွှား​များ​ကို​ရင်​ပတ်​ပေါ်​တွင်​လည်း​ကောင်း ထား​ရှိ​ကာ​ဂုဏ်​ပြု​သင်္ဂြိုဟ်​ခြင်း​ကို​မ​ခံ​ရ ကြ။ သူ​တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ သူ​အ​ခြား​ကျ​ဆုံး​လေ​ပြီး​သော စစ်​သူ​ရဲ ကောင်း​များ​နှင့်​အ​တူ​လဲ​လျောင်း​နေ​လေ​ပြီ။ ဤ​သူ​ရဲ​ကောင်း​များ​သည်​အ​ခါ​တစ်​ပါး က​အ​သက်​ရှင်​သူ​တို့​ကို​တုန်​လှုပ်​ချောက် ချား​ရန် ပြု​လုပ်​သည့်​တန်​ခိုး​ကြီး​မား​သူ များ​ဖြစ်​ခဲ့​ကြ​၏။


ငါ​သည်​စက်​ဆုပ်​ရွံ​ရှာ​မှု​နှင့်​သင့်​ကို​ဆက်​ဆံ​၍ အ​ညစ်​အ​ကြေး​များ​ဖြင့်​ဖုံး​အုပ်​မည်။ လူ​တို့​သည်​သင့်​အား​အော့​နှ​လုံး​နာ​လျက် ငေး​၍​ကြည့်​ကြ​လိမ့်​မည်။


သူ​တို့​သည်​ပြည့်​ရှင်​မင်း​များ​ကို​မ​ထီ​မဲ့​မြင်​ပြု​ကြ​၏။ မှူး​ကြီး​မတ်​ရာ​တို့​ကို​ပြက်​ရယ်​ပြု​ကြ​၏။ သူ​တို့​အား​အ​ဘယ်​ခံ​တပ်​မျှ​မ​တား​မ​ဆီး​နိုင်။ သူ​တို့​သည်​မြေ​က​တုတ်​များ​ကို​ဖို့​လုပ်​၍​ခံ​တပ်​တို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကြ​လေ​သည်။-


သူ​တို့​သည်​မိ​မိ​တို့​ဋ္ဌား​ကို​ထာ​ဝ​စဉ်​အ​သုံး​ပြု​လျက် လူ​မျိုး​တ​ကာ​တို့​ကို​ရက်​စက်​စွာ​သုတ်​သင်​ဖျက်​ဆီး​လျက်​နေ​ကြ​ပါ​မည်​လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ