ထိုအခါ ထာဝရဘုရားအထံတော် မိုးကောင်းကင်မှ ကန့်နှင့်မီးကို သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်သို့ ထာဝရဘုရားရွာစေတော်မူ၏။
ဟေရှာယ 13:19 - မြန်မာ့စံမီသမ္မာကျမ်း တိုင်းနိုင်ငံတို့၏ဂုဏ်သရေ၊ ခါလဒဲလူမျိုးတို့ဂုဏ်ယူဝါကြွားရာဖြစ်သော ဘေဘီလုံမြို့သည် ဘုရားသခင်ဖြိုဖျက်ခဲ့သော သောဒုံမြို့နှင့်ဂေါမောရမြို့ကဲ့သို့ဖြစ်လိမ့်မည်။ Common Language Bible ဗာဗုလုန်မြို့သည်မြို့တကာတို့တွင်အလှဆုံး ဖြစ်၍ မြို့သူမြို့သားတို့ဂုဏ်ယူဝါကြွားရာ ဖြစ်ပေသည်။ သို့ရာတွင်ငါထာဝရဘုရားသည် သောဒုံနှင့်ဂေါမောရမြို့တို့ကိုပြုခဲ့သည်နည်း တူဗာဗုလုန်မြို့ကိုလည်းပျက်သုဉ်းစေမည်။- Garrad Bible တိုင်း နိုင် ငံ များ၏ ရ တ နာ၊ ခါ လ ဒဲ လူ မျိုး၏ ကြက် သ ရေ ဖြစ် သော ဗာ ဗု လုန် မြို့ သည်၊ ဘု ရား သ ခင် ဖြို လှဲ တော် မူ သော သော ဒုံ၊ ဂေါ မော ရ မြို့ များ နှင့် တူ လျက်၊ Judson Bible တိုင်းနိုင်ငံတို့၏ အထွတ်၊ ခါလဒဲအမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင်ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ |
ထိုအခါ ထာဝရဘုရားအထံတော် မိုးကောင်းကင်မှ ကန့်နှင့်မီးကို သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်သို့ ထာဝရဘုရားရွာစေတော်မူ၏။
ဤသို့ဖြင့် ထိုမြို့များမှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံး၊ မြို့၌နေထိုင်သူအားလုံးနှင့် မြေပေါ်ရှိအပင်တို့ကို ဖြိုလှဲတော်မူ၏။
ယခု မြင်းအတွဲလိုက်စီးလာသူကို တွေ့ရပါ၏”ဟု ခြင်္သေ့ကဲ့သို့ ဟစ်ကြော်လေ၏။ ထို့နောက် “ပြိုလဲပြီ။ ဘေဘီလုံမြို့ ပြိုလဲပြီ။ သူ၏ဘုရားရုပ်တုဆင်းတုရှိသမျှတို့သည်လည်း မြေကြီးပေါ်သို့ ကျိုးပဲ့ကျကြပြီ”ဟု ဆိုလေ၏။
အို ခါလဒဲသမီး၊ တိတ်ဆိတ်စွာ ထိုင်လော့။ အမှောင်ထဲသို့ သွားလော့။ သင့်ကို တိုင်းနိုင်ငံတို့၏ဘုရင်မဟု ခေါ်တော့မည်မဟုတ်။
သင်တို့အားလုံး စုရုံး၍ နားထောင်ကြလော့။ သူတို့တွင် မည်သူသည် ဤအမှုတို့ကို ပြန်ပြောခဲ့သနည်း။ ထာဝရဘုရား ချစ်တော်မူသောသူသည် ကိုယ်တော်၏အလိုတော်အတိုင်း ဘေဘီလုံမြို့ကိုပြုမည်။ သူ၏လက်သည် ခါလဒဲလူမျိုးကို ဆန့်ကျင်မည်။
အနှစ်ခုနစ်ဆယ်ပြည့်ပြီးမှ ဘေဘီလုံဘုရင်မှစ၍ သူ၏လူမျိုးများနှင့်တကွ ခါလဒဲပြည်ကိုပါ သူတို့အပြစ်များကြောင့် သူတို့ကို ငါဒဏ်ခတ်မည်။ ထိုပြည်ကို အစဉ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
သောဒုံမြို့၊ ဂေါမောရမြို့မှစ၍ အိမ်နီးချင်းမြို့တို့ဖျက်ဆီးခံရသကဲ့သို့ ပျက်စီးမည်။ မည်သူမျှ ထိုပြည်၌ နေထိုင်တော့မည်မဟုတ်။ တည်းခိုသောသူ ရှိတော့မည်မဟုတ်။
ထာဝရဘုရားက “ထိုပြည်သည် ဘုရားသခင်ဖျက်ဆီးပစ်သည့် သောဒုံမြို့၊ ဂေါမောရမြို့နှင့် အိမ်နီးချင်းမြို့တို့ကဲ့သို့ ဖြစ်မည်။ မည်သူမျှ ထိုပြည်၌ နေထိုင်တော့မည်မဟုတ်။ တည်းခိုသောသူ ရှိတော့မည်မဟုတ်။
ထာဝရဘုရားက “ထောင့်ချုပ်ကျောက်၊ အုတ်မြစ်ကျောက်တစ်လုံးမျှ သင့်ထံမှ ရနိုင်တော့မည်မဟုတ်။ သင်သည် လူသူကင်းမဲ့ရာ အစဉ်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ကမ္ဘာမြေကြီး တုန်ခါလေပြီ၊ တုန်လှုပ်လေပြီ။ အကြောင်းမူကား ဘေဘီလုံမြို့ကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်ဟူသော ထာဝရဘုရား၏အကြံအစည်တော်အတိုင်း ထိုမြို့၌ ဖြစ်လာလေပြီ။
ရှေရှက်မြို့ကြီး အသိမ်းခံရလေပြီတကား။ မြေတစ်ပြင်လုံးချီးမွမ်းရာမြို့ကြီး အသိမ်းခံရလေပြီတကား။ ဘေဘီလုံမြို့သည် လူမျိုးတကာတို့တွင် ထိတ်လန့်စရာဖြစ်လေပြီတကား။
‘အို ထာဝရဘုရား၊ ကိုယ်တော်က ဤအရပ်ကို ငါဖျက်ဆီးပစ်မည်။ နေထိုင်သူမရှိ။ လူမှစ၍ တိရစ္ဆာန်လည်းမရှိ။ လူသူကင်းမဲ့ရာအရပ် အစဉ်ဖြစ်စေမည်ဟု ဤအရပ်နှင့်ပတ်သက်၍ မိန့်တော်မူခဲ့ပြီ’ဟူ၍ လျှောက်ဆိုရမည်။
“ဤဘေဘီလုံမြို့ကြီးသည် ငါ၏ခန့်ညားသောဂုဏ်သရေကို ထင်ဟပ်ပြရာ မင်းမြို့တော်အဖြစ် ငါ့အစွမ်းသတ္တိ၊ ငါ့တန်ခိုးအာဏာဖြင့် တည်ဆောက်ခဲ့သောမြို့ကြီးဖြစ်သည် မဟုတ်လော”ဟု မြွက်ဆို၏။
“သောဒုံမြို့နှင့် ဂေါမောရမြို့ကို ဘုရားသခင် ဖျက်ဆီးပစ်သကဲ့သို့ သင်တို့ကို ငါဖျက်ဆီးပစ်၏။ သင်တို့သည် မီးထဲမှ ဆွဲထုတ်လိုက်သောထင်းစကဲ့သို့ဖြစ်ခဲ့ရ၏။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထို့ပြင် ဟေရှာယက “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့အတွက် အမျိုးအနွယ်ကိုချန်ထားတော်မမူလျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်ခဲ့၍ ဂေါမောရမြို့နှင့်တူခဲ့ကြပေလိမ့်မည်”ဟု ကြိုတင်ပြောထားသည့်အတိုင်းဖြစ်၏။
‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။
ကမ္ဘာမြေကြီးပေါ်ရှိ ကုန်သည်များသည်လည်း သူတို့၏ကုန်ပစ္စည်းများကို ဝယ်ယူမည့်သူတစ်စုံတစ်ဦးမျှမရှိတော့သဖြင့် သူ့အတွက်ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြလိမ့်မည်။
သူတို့သည် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်သို့ပစ်တင်၍ ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြကာ ‘မိမိ၏အဖိုးတန်ပစ္စည်းများကြောင့် ပင်လယ်ထဲရှိသင်္ဘောများကို ပိုင်ဆိုင်သူရှိသမျှတို့အား ချမ်းသာစေခဲ့သည့် ကြီးမားသောမြို့၊ သင်သည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ လုံးလုံးဖျက်ဆီးခြင်းခံရသည်ဖြစ်၍ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား’ဟု အော်ဟစ်ပြောဆိုကြ၏။