ကမ္ဘာဦး 19:25 - မြန်မာ့စံမီသမ္မာကျမ်း25 ဤသို့ဖြင့် ထိုမြို့များမှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံး၊ မြို့၌နေထိုင်သူအားလုံးနှင့် မြေပေါ်ရှိအပင်တို့ကို ဖြိုလှဲတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible25 ထိုမြို့များနှင့်ချိုင့်ဝှမ်းတစ်လျှောက်လုံးရှိလူတို့နှင့်အပင်တို့ကိုသေကြေပျက်စီးစေတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible25 ထို မြို့ များ ကို လည်း ကောင်း၊ မြစ် ကမ်း ပြင် တစ် ၀ှမ်း လုံး ကို လည်း ကောင်း၊ မြို့ သူ မြို့ သား အ ပေါင်း တို့ ကို လည်း ကောင်း၊ မြေ၌ ပေါက် သ မျှ ကို လည်း ကောင်း၊ ဖြို လှဲ ဖျက် ဆီး တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible25 ထိုမြို့တို့ကိုလည်းကောင်း၊ ချိုင့်အရပ်တစ်လျှောက်လုံးကိုလည်းကောင်း၊ မြို့သားအပေါင်းတို့ကိုလည်းကောင်း၊ မြေ၌ပေါက်သမျှကိုလည်းကောင်း၊ မှောက်လှဲတော်မူ၏။ အခန်းကိုကြည့်ပါ။ |
လောတသည် မျှော်ကြည့်ရာ ဇောရမြို့သို့သွားသောလမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်ဝှမ်းတစ်ဝှမ်းလုံးသည် ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်း ရေပေါများလျက်ရှိသည်ကိုမြင်လေ၏။ (ထိုအချိန်က သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူသေးချေ။)
‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။
ဂျေရုဆလင်ပရောဖက်တို့တွင်လည်း ကြောက်မက်ဖွယ်ရာကို ငါတွေ့ပြီ။ သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၍ မုသားလမ်းကို လိုက်လျှောက်ကြ၏။ ဆိုးညစ်သူတို့ကို အားပေးသောကြောင့် မည်သူမျှ မိမိမကောင်းမှုမှ နောင်တမရကြ။ ပရောဖက်အားလုံးသည် ငါ့ရှေ့၌ သောဒုံမြို့သားကဲ့သို့ ဖြစ်ကြ၏။ ဂျေရုဆလင်မြို့သားတို့သည်လည်း ဂေါမောရမြို့သားကဲ့သို့ ဖြစ်ကြ၏။
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။