သူသည် ထာဝရဘုရားအား ကြောက်ရွံ့ခြင်း၌ မွေ့လျော်၍ မိမိမျက်စိမြင်သည့်အတိုင်းမစီရင်၊ နားကြားသည့်အတိုင်း မဆုံးဖြတ်။
ကိုယ်တော်အားကြောက်ရွံ့ရိုသေမှု၌လည်း မွေ့လျော်ပျော်ပိုက်လိမ့်မည်။ သူသည်မျက်စိနှင့်မြင်ယုံသို့မဟုတ် တစ်ဆင့်စကားနှင့်ကြားယုံဖြင့်အဆုံး အဖြတ် ပေးလိမ့်မည်မဟုတ်။
ထာ ဝ ရ ဘု ရား အား ခန့် ညား ခြင်း ကို အ မွှေး အ ကြိုင် သ ဖွယ် မှတ် ယူ သည် နှင့် မျက် စိ မြင်၍ စီ ရင် ခြင်း၊ နား ကြား၍ ဆုံး ဖြတ် ခြင်း ကို ပြု တော် မူ မည် မ ဟုတ် ဘဲ၊
ထိုသူသည် ထာဝရဘုရားကိုကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်ဖြစ်၍၊ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်ဘဲ၊
အရှင့်ကျွန်မက ‘ငါ့သခင် အရှင်မင်းကြီးသည် အကောင်းအဆိုးကိုခွဲခြားသိမြင်သော ဘုရားသခင်၏ကောင်းကင်တမန်နှင့်တူသောကြောင့် ငါ့သခင် အရှင်မင်းကြီးမိန့်သောစကားသည် စိတ်သက်သာရာရစေလိမ့်မည်’ဟု တွေးမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည် အရှင်နှင့်အတူရှိတော်မူပါစေသော”ဟု လျှောက်တင်လေ၏။
ထိုအခါ ရှင်ဘုရင်က ထိုအမျိုးသမီးအား “သင့်အိမ်သို့ပြန်ပါ။ သင့်အမှုအတွက် ငါစီရင်မည်”ဟု မိန့်ဆို၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
ဤများပြားလှသောကိုယ်တော်၏လူမျိုးတော်ကို မည်သူအုပ်ချုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ကိုယ်တော့်အစေအပါးအား ကိုယ်တော်၏လူမျိုးတော်ကို စီရင်အုပ်ချုပ်နိုင်ရန်နှင့် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန်အတွက် သိနားလည်နိုင်သောနှလုံးသားကို ပေးတော်မူပါ”ဟု တောင်းလျှောက်၏။
လျှာသည် အစားအစာ၏အရသာကို ခံစားတတ်သကဲ့သို့ နားသည်လည်း စကားတို့ကို ဆန်းစစ်တတ်သည်မဟုတ်လော။
အကြောင်းမူကား နားသည် စကားတို့ကို ဆန်းစစ်တတ်သကဲ့သို့ လျှာသည် အစားအစာကို အရသာခံတတ်၏။
သင်သည် ထာဝရဘုရားအားကြောက်ရွံ့ခြင်းကို နားလည်၍ ဘုရားသခင်အားသိသောဉာဏ်ကို ရရှိလိမ့်မည်။
ထိုအခါ သင်သည် ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ သမာသမတ်ရှိခြင်းနှင့် ကောင်းမြတ်သောလမ်းရှိသမျှတို့ကို နားလည်လိမ့်မည်။
ကိုယ်တော်သည် သင်အသက်ရှင်သည့်ကာလတွင် တည်ငြိမ်ခြင်း၊ ကယ်တင်ခြင်းစည်းစိမ်၊ ဉာဏ်ပညာ၊ အသိပညာဖြစ်တော်မူမည်။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။
အစ္စရေးပြည်ထဲမှ ဤမြေသည် မင်းသား၏အပိုင်ဖြစ်ရမည်။ ငါ့မင်းသားတို့သည်လည်း ငါ့လူမျိုးတော်ကို နိုင်ထက်စီးနင်းမပြုတော့ဘဲ အစ္စရေးအမျိုးသားတို့အား အမျိုးအနွယ်အလိုက် မြေခွဲဝေပေးရမည်’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
ကိုယ်တော်သည် လူမျိုးများစွာတို့ကို စီရင်တော်မူမည်။ ရပ်ဝေးမှအားကြီးသောလူမျိုးတို့ကို ဆုံးမတော်မူမည်။ သူတို့သည် မိမိတို့၏ဓားများကို ထယ်အဖြစ်၊ လှံများကို တံစဉ်အဖြစ် ထုလုပ်ကြလိမ့်မည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဓားနှင့် တိုက်ခိုက်ကြတော့မည်မဟုတ်။ စစ်ရေးလေ့ကျင့်ခြင်းလည်း ရှိတော့မည်မဟုတ်။
ယေရှုသည် ကာယ၊ ဉာဏကြီးထွားတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူတို့ရှေ့၌ မျက်နှာရတော်မူ၏။
လူ၏စိတ်ထဲ၌ရှိသောအရာကိုသိတော်မူသောကြောင့် လူ၏အကြောင်းကို မည်သူကမျှ သက်သေခံပေးရန်မလိုအပ်ပေ။
အပြင်ပန်းအားဖြင့် လူကိုမစီရင်ဘဲ တရားမျှတစွာစီရင်ကြလော့”ဟု မိန့်တော်မူ၏။
မာသောအစာမူကား အကောင်းအဆိုးကိုပိုင်းခြား၍သိရှိနိုင်သောထိုးထွင်းဉာဏ်ကို အတွေ့အကြုံအားဖြင့်လေ့ကျင့်ထားသည့်စုံလင်ရင့်ကျက်သောသူများအတွက်ဖြစ်၏။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူ၏ရုပ်ရည်အဆင်းနှင့် အရပ်အမောင်းကို မကြည့်နှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်တတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်တော်မူ၏”ဟု မိန့်တော်မူ၏။