သင်တို့ပြည်သည် လူသူကင်းမဲ့လေပြီ။ သင်တို့၏မြို့များကိုလည်း မီးလောင်လေပြီ။ တစ်ပါးအမျိုးသားတို့သည် သင်တို့၏မြေကို သင်တို့ရှေ့၌ ဝါးမျိုကြပြီ။ တစ်ပါးအမျိုးသားတို့ဖျက်ဆီးသဖြင့် လူသူကင်းမဲ့လေပြီ။
သင်တို့၏ပြည်သည်ပျက်ပြုန်းရ၍၊ သင်တို့၏မြို့တို့သည်လည်းပြာပုံဆိုက်ကြလေပြီ။ သင်သည်ကြည့်ရှုလျက်နေစဉ်ပင်တိုင်းတစ်ပါးသားတို့သည် သင်၏နယ်မြေကိုသိမ်း၍အရာခပ်သိမ်းကိုဖျက်ဆီးစေကြပြီ။-
သင် တို့ ပြည် သည် လူ ဆိတ် ညံ လျက်၊ မြို့ များ လည်း မီး လောင် ပြီး ဖြစ် လျက်၊ မြေ ကား သင် တို့ ရှေ့ လူ မျိုး ခြား တို့ မျို စား ကြ ၏။ လူ မျိုး ခြား တို့ ဖြို ဖျက် သည့် နည်း တူ ဆိတ် ညံ ခဲ့ လေ ပြီ။
သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏။ သင်တို့ မြို့များကို မီးလောင်ပြီ။ သင်တို့မြေကိုလည်း တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သင်တို့မျက်မှောက်၌စားကြ၏။ ရန်သူဖျက်ပြီးသကဲ့သို့၊ လူဆိတ်ညံလျက်ရှိ၏။
ထို့ကြောင့် သူ၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကို ဆီးရီးယားဘုရင်လက်သို့ အပ်လိုက်တော်မူ၏။ ဆီးရီးယားလူမျိုးတို့သည် သူ့ကိုအောင်နိုင်ပြီး သုံ့ပန်းအမြောက်အမြားကို ဒမတ်စကပ်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။ သူသည် အစ္စရေးဘုရင်လက်သို့လည်း အပ်လိုက်ခြင်းခံရသဖြင့် ထိုဘုရင်သည် သူ့ကို အပြင်းအထန်တိုက်ခိုက်ချေမှုန်းလေ၏။
အသီးအနှံဖြစ်ထွန်းသောမြေကို ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။ ထိုသို့ပြုတော်မူခြင်းမှာ ထိုအရပ်၌နေထိုင်သောသူတို့၏မကောင်းမှုကြောင့်ဖြစ်၏။
ထို့နောက် သူတို့သည် ဖိစီးမှု၊ ဘေးအန္တရာယ်နှင့်ဝမ်းနည်းခြင်းကြောင့် လျော့နည်းလာ၍ နှိမ့်ချလျက်နေကြရ၏။
ကြွေးရှင်သည် သူပိုင်ဆိုင်သောအရာအားလုံးကို သိမ်းယူပြီး သူစိမ်းတို့သည် သူလုပ်ဆောင်ရရှိသောအရာကို လုယူကြပါစေ။
ဇိအုန်သမီးသည် စပျစ်ခြံထဲက တဲကဲ့သို့၊ သခွားခင်းထဲက ယာတဲကဲ့သို့၊ ရန်သူဝိုင်းထားသောမြို့ကဲ့သို့ ကျန်ရစ်ခဲ့လေ၏။
ဂျေရုဆလင်မြို့ ခလုတ်တိုက်ပြီ။ ယုဒပြည် လဲကျပြီ။ သူတို့၏စကား၊ သူတို့၏အပြုအမူတို့သည် ထာဝရဘုရားကိုဆန့်ကျင်ကြ၏။ ဘုန်းအသရေတော်ရှေ့တွင် ပုန်ကန်ကြ၏။
ဧဒုံပြည်၏ချောင်းတို့သည် ကတ္တရာစေးအဖြစ်သို့ ပြောင်းသွားလိမ့်မည်၊ မြေမှုန့်သည် ကန့်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။ ထိုပြည်သည် လောင်ကျွမ်းနေသောကတ္တရာစေး ဖြစ်သွားလိမ့်မည်။
ပြိုပျက်ခဲ့သော၊ လူသူကင်းမဲ့ခဲ့သော၊ ဖျက်ဆီးခြင်းခံရသောသင်၏ပြည်သည် နေထိုင်သူများသောကြောင့် ကျဉ်းကျပ်လိမ့်မည်။ သင့်ကို ဝါးမျိုခဲ့သောသူတို့သည်လည်း အဝေးသို့လွင့်သွားကြလိမ့်မည်။
သိုးသငယ်တို့သည် မိမိတို့စားကျက်၌ ကျက်စားကြလိမ့်မည်။ သူစိမ်းတစ်ရံဆံတို့သည် သူဌေးတို့၏ပြိုပျက်ရာကို ဝါးမျိုကြလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အကယ်စင်စစ် အိမ်များစွာတို့သည် လူသူကင်းမဲ့လိမ့်မည်၊ ကြီးမားထည်ဝါသောအိမ်တို့သည် နေထိုင်သူကင်းမဲ့လိမ့်မည်”ဟူ၍ မိန့်တော်မူသည်ကို ငါကြားရ၏။
ထိုအခါ ငါက “အို ဘုရားရှင်၊ မည်မျှကြာပါမည်နည်း”ဟု မေးလျှောက်ရာ ကိုယ်တော်က “မြို့တို့သည်ပျက်စီး၍ နေထိုင်သူမရှိ၊ အိမ်တို့တွင် လူမရှိ၊ တစ်ပြည်လုံးသည် ပျက်စီး၍ လူသူကင်းမဲ့သည့်တိုင်အောင်၊
သင့်ကိုစွန့်ပစ်မုန်းတီးကြပြီး မည်သူမျှမဖြတ်သန်းကြသော်လည်း ငါသည် သင့်ကို ထာဝရဂုဏ်ယူဝင့်ကြွားစရာ၊ မျိုးဆက်အဆက်ဆက်ပျော်ရွှင်စရာဖြစ်စေမည်။
ထာဝရဘုရားက “သင်၏ကောက်ပဲသီးနှံကို သင်၏ရန်သူတို့အား စားခွင့်ပေးတော့မည်မဟုတ်။ သင်ကြိုးစားအားထုတ်၍ရရှိသော စပျစ်ဝိုင်အသစ်ကိုလည်း တိုင်းတစ်ပါးသားများ သောက်ရတော့မည်မဟုတ်။
ကိုယ်တော်၏သန့်ရှင်းသောမြို့တို့သည် တောကန္တာရဖြစ်လေပြီ။ ဇိအုန်မြို့သည် တောကန္တာရဖြစ်လေပြီ။ ဂျေရုဆလင်မြို့သည် လူသူကင်းမဲ့ရာအရပ်ဖြစ်လေပြီ။
အကယ်စင်စစ် ဆိုးယုတ်မှုသည် မီးကဲ့သို့လောင်ကျွမ်းတတ်၏။ ချုံပင်၊ ဆူးပင်များကိုလောင်မြိုက်လျက်၊ တောအုပ်ကိုစွဲလောင်လျက် အခိုးတလူလူတက်စေတတ်၏။
စစ်မြေပြင်၌စီးသောစစ်သည်ဖိနပ်၊ သွေးလူးသောအဝတ်ရှိသမျှတို့သည် လောင်စာဖြစ်ရကြလိမ့်မည်။
သူ့ကို ခြင်္သေ့ပျိုတို့ ဟိန်းဟောက်ကြပြီ၊ မာန်ဖီကြပြီ။ သူ၏ပြည်ကို လူသူကင်းမဲ့ရာဖြစ်စေကြပြီ။ သူ၏မြို့တို့သည် ဖျက်ဆီးခြင်းခံရ၍ နေထိုင်သူမရှိတော့ပြီ။
ခြင်္သေ့သည် ပုန်းအောင်းရာမှထွက်လာပြီ။ လူမျိုးတကာတို့ကိုဖျက်ဆီးသောသူသည် မိမိ၏နေရာမှထွက်လာပြီ။ သင်၏ပြည်ကို လူသူကင်းမဲ့ရာအရပ်ဖြစ်စေရန် မိမိနေရာမှထွက်လာပြီ။ သင်တို့၏မြို့များသည် ပျက်စီးသွားလိမ့်မည်။ နေထိုင်သူရှိမည်မဟုတ်။
ထို့ကြောင့် ငါ့အမျက်ဒေါသမီးကို ငါသွန်ချသဖြင့် ယုဒမြို့ရွာများနှင့် ဂျေရုဆလင်မြို့လမ်းတို့ကို လောင်ကျွမ်းလေပြီ။ ယခုကဲ့သို့ ပြိုပျက်ရာအရပ်၊ လူသူကင်းမဲ့ရာအရပ် ဖြစ်လေပြီ’ဟု မိန့်တော်မူ၏။
အို ဂျေရုဆလင်မြို့၊ ဆုံးမပဲ့ပြင်ခြင်းကိုခံယူလော့။ သို့မဟုတ်လျှင် သင့်ကို ငါစွန့်ခွာသွားမည်။ သင့်ကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ် ဖြစ်စေမည်”ဟု မိန့်တော်မူ၏။
ငါသည် ယုဒမြို့များ၊ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်မှ ရွှင်မြူးခြင်းအသံ၊ ဝမ်းမြောက်ခြင်းအသံ၊ သတို့သားအသံ၊ သတို့သမီးအသံတို့ကို ရပ်စဲစေမည်။ သို့ဖြစ်၍ ထိုပြည်သည်လည်း ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
အကျွန်ုပ်တို့ အမွေမြေသည် သူစိမ်းလက်သို့ ရောက်လေပြီ။ အကျွန်ုပ်တို့ နေအိမ်များသည် တစ်ပါးအမျိုးသားတို့လက်သို့ ရောက်လေပြီ။
သင်တို့ကို အရှေ့ပြည်သားတို့လက်သို့ အပိုင်ပေးအပ်မည်။ သူတို့သည် သင်တို့၌ စခန်းချ၊ တဲထိုးနေကြလိမ့်မည်။ သင်တို့၏အသီးအနှံများကို စားကြလိမ့်မည်။ သင်တို့၏နွားနို့များကိုလည်း သောက်ကြလိမ့်မည်။
မြစ်ချောင်းများကို ခန်းခြောက်စေမည်။ ပြည်ကို လူဆိုးတို့လက်သို့ အပ်လိုက်မည်။ တစ်ပါးအမျိုးသားတို့လက်ချက်ဖြင့် ပြည်တစ်ပြည်လုံးကို ဖျက်ဆီးပစ်မည်ဟု ငါထာဝရဘုရား မိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
တစ်ပါးအမျိုးသားတို့သည် သူ့အင်အားကို ဝါးမျိုနေကြောင်း သူမသိ။ သူ့ခေါင်း၌ ဆံပင်ဖြူများ ပြန့်ကြဲနေကြောင်းကိုလည်း သူမသိ။
သူတို့သည် လေကိုကြဲသဖြင့် လေပွေကိုသာ ရိတ်ရလိမ့်မည်။ ကောက်ပဲသီးနှံတို့လည်း အညှောက်မထွက်။ ထွက်ပြန်လျှင်လည်း အသီးမသီး။ သီးပြန်လျှင်လည်း သူစိမ်းလူတို့ စားသွားလိမ့်မည်။
ငါသည် သင်တို့ကို လူမျိုးခြားတို့ထဲတွင် ကွဲလွင့်စေမည်။ ဓားကိုထုတ်၍ သင်တို့နောက်ကိုလိုက်မည်။ သင်တို့၏ပြည်သည် လူသူကင်းမဲ့၍ သင်တို့၏မြို့တို့သည် ပြိုပျက်လိမ့်မည်။
ရန်သူတို့၏ပြည်၌ သင်တို့နေထိုင်၍ သင်တို့၏ပြည်သည် လူသူကင်းမဲ့သောကာလပတ်လုံး သင်တို့၏ပြည်သည် ဥပုသ်နေ့၌ မွေ့လျော်လိမ့်မည်။ သင်တို့၏ပြည်သည် ငြိမ်ဝပ်စွာနေရ၍ ဥပုသ်နေ့တို့၌ မွေ့လျော်လိမ့်မည်။
သင့်ပြည်ရှိ မြို့များကို ငါဖျက်ဆီးပစ်မည်။ သင့်ခံတပ်ရှိသမျှတို့ကိုလည်း ဖြိုချပစ်မည်။
“သို့ဖြစ်၍ ငါသည် သင့်ကို ဖျားနာခြင်းဖြင့် ဒဏ်ခတ်မည်။ သင့်အပြစ်များကြောင့် သင့်ကို ဖျက်ဆီးပစ်မည်။
သင့်မြေ၏အသီးအနှံ၊ သင့်ချွေးနှဲစာရှိသမျှတို့ကို သင်မသိသောလူမျိုးသည် စားလိမ့်မည်။ သင်သည် နှိပ်စက်ညှဉ်းဆဲခြင်းကိုသာ တစ်ချိန်လုံးခံရလိမ့်မည်။
သင့်တွင်ရှိသော တိုင်းတစ်ပါးသားတို့သည် သင့်ထက် မြင့်သည်ထက်မြင့်သွားလိမ့်မည်။ သင်မူကား နိမ့်သည်ထက်နိမ့်သွားလိမ့်မည်။
‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။