ကိုယ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဆိုးယုတ်သောသူရှိသမျှတို့ကို ချော်ကဲ့သို့ ဖယ်ရှားတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏သက်သေခံချက်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။
ဟေရှာယ 1:25 - မြန်မာ့စံမီသမ္မာကျမ်း ပြီးလျှင် ငါ့လက်ကို သင့်အပေါ်သို့ ပြန်ရောက်စေမည်။ သင်၌ကပ်နေသောချော်ကို ပြာရည်ဖြင့်ချွတ်ပစ်၍ သင်၌ရောနေသောခဲကို ငါအကုန်ဖယ်ရှားမည်။ Common Language Bible ငါသည်သင့်အားအရေးယူအပြစ်ပေးမည်။ သတ္တု၏ချေးညှော်များကိုချွတ်သည့်နည်းတူ သင်၏အညစ်အကြေးများကိုလည်းချွတ်၍ သင့်အားသန့်စင်အောင်ငါပြုမည်။- Garrad Bible သင့် အ ပေါ် တွင် လည်း လက် တော် တင် ဖိ ပြီး လျှင် လက် ချား ပေါက်၍ ချော် ကို ထုတ် လျက် ခဲ ကို ချွတ် လိမ့် မည်။ Judson Bible သင့်ကိုလည်း ငါကိုင်ယူပြီးလျှင်၊ ချော်နှင့် ရှင်းရှင်းကင်းစင်စေ၍ သင်၏ကြေးဖြူရှိသမျှကိုလည်း ပယ်ရှားမည်။ |
ကိုယ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဆိုးယုတ်သောသူရှိသမျှတို့ကို ချော်ကဲ့သို့ ဖယ်ရှားတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏သက်သေခံချက်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။
သင်၏ငွေသည် ချော်ဖြစ်သွားပြီ။ သင်၏အကောင်းဆုံးဝိုင်သည် ရေနှင့်ရောလေပြီ။
ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။
ဘုရားရှင်သည် တရားစီရင်ခြင်းဝိညာဉ်၊ လောင်ကျွမ်းခြင်းဝိညာဉ်တို့ဖြင့် ဇိအုန်သမီးတို့၏အညစ်အကြေးကိုဆေးကြော၍ ဂျေရုဆလင်မြို့ထဲမှ သွေးတို့ကို သန့်စင်စေတော်မူမည်။
ဖားဖို၌ မီးတောက်နေပြီ။ ခဲကို မီးလောင်ကုန်ပြီ။ သို့သော် သန့်စင်သောသူသည် အချည်းနှီးသန့်စင်ပြီ။ ဆိုးညစ်သောသူများ မပပျောက်။
သင်သည် လိမ်လည်လှည့်ဖြားမှုအလယ်၌ နေထိုင်၏။ သူတို့သည် လိမ်လည်လှည့်ဖြားကြ၏။ ငါ့ကို အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သူတို့ကိုသန့်အောင်စစ်ထုတ်မည်၊ စစ်ဆေးမည်။ ငါ့လူမျိုးသမီးပျိုအတွက် ငါမည်သို့ပြုနိုင်ဦးမည်နည်း။
ငါ့ကို ပုန်ကန်သောသူ၊ ပြစ်မှားသောသူတို့ကို ငါသုတ်သင်ပစ်မည်။ သူတို့ကို တည်းခိုနေထိုင်ရသောပြည်မှထုတ်ဆောင်လာမည်ဖြစ်သော်လည်း အစ္စရေးပြည်ထဲသို့ သူတို့ဝင်ရမည်မဟုတ်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရမည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့အားလုံး ချော်ဖြစ်သွားသောကြောင့် ကြည့်ရှုလော့။ ငါသည် သင်တို့ကို ဂျေရုဆလင်မြို့အလယ်မှာ စုဝေးစေမည်။
လူတို့သည် ငွေ၊ ကြေးနီ၊ သံ၊ ခဲ၊ သံဖြူတို့ကို မီးပြင်းဖိုထဲသို့ထည့်ပြီး မီးမှုတ်အရည်ကြိုသကဲ့သို့ သင်တို့ကိုစုပြီး ငါ့အမျက်ဒေါသမီးထဲထည့်၍ သင်တို့ကို အရည်ကြိုမည်။
ငွေသည် မီးပြင်းဖိုထဲ၌ အရည်ပျော်ရသကဲ့သို့ သင်တို့သည်လည်း ထိုမီးထဲတွင် အရည်ပျော်ရလိမ့်မည်။ ထိုအခါ ငါထာဝရဘုရားသည် သင်တို့အပေါ် အမျက်တော်သွန်ချတော်မူကြောင်း သင်တို့သိရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထိုနေ့ရက်တွင် ငါ့ကို သင်ပုန်ကန်ခဲ့သောအမှုအလုံးစုံကြောင့် သင်အရှက်ကွဲရလိမ့်မည်မဟုတ်။ သင့်အထဲရှိ အပျော်အပါးလိုက်စားခြင်း၊ မာနထောင်လွှားခြင်းတို့ကို ငါဖယ်ရှားပစ်မည်။ ထို့ကြောင့် ငါ၏သန့်ရှင်းရာတောင်တော်တွင် ဘဝင်မြင့်ခြင်းများ ရှိတော့မည်မဟုတ်။
ကိုယ်တော်သည် ငွေကိုချွတ်၍သန့်စင်စေသောသူကဲ့သို့ ထိုင်တော်မူလျက် လေဝိသားမြေးတို့ကို သန့်စင်စေတော်မူမည်။ သူတို့ကို ရွှေငွေကဲ့သို့ သန့်စင်စေ၍ သူတို့သည်လည်း ထာဝရဘုရားထံ ဖြောင့်မတ်ခြင်းပူဇော်သက္ကာကို ဆက်သရကြလိမ့်မည်။
လက်တော်၌လည်း ဆန်ကောကိုကိုင်ထားလျက် မိမိ၏ကောက်နယ်တလင်းကို အကုန်အစင်ရှင်းလင်းပြီး မိမိ၏ဂျုံဆန်ကို ကျီ၌စုသိမ်း၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့်ရှို့တော်မူလိမ့်မည်”ဟု ဆိုလေ၏။
အို လူမျိုးအပေါင်းတို့၊ လူမျိုးတော်နှင့်အတူ ရွှင်လန်းစွာကြွေးကြော်ကြလော့။ ကိုယ်တော်သည် မိမိအစေအပါးတို့၏သွေးအတွက်လက်တုံ့ပြန်မည်။ မိမိကိုရန်ပြုသောသူတို့အား လက်စားချေတော်မူမည်။ ပြည်တော်၊ လူမျိုးတော်တို့၏အပြစ်ကိုဖြေလွှတ်တော်မူမည်”ဟူ၍ ဖြစ်၏။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။