ထို့နောက် အစ္စရေးက ယောသပ်အား “ငါသေရတော့မည်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူ၍ သင်တို့ဘိုးဘေးတို့၏ပြည်သို့ သင်တို့ကိုပြန်လည်ပို့ဆောင်တော်မူလိမ့်မည်။
ဟေဗြဲ 9:17 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သေတမ်းစာသည် ၎င်းကိုရေးထားသူအသက်ရှင်နေစဉ် အကျုံးမဝင်၊ ထိုသူသေဆုံးမှသာ အတည်ဖြစ်၏။ Common Language Bible သေတမ်းစာရေးသူအသက်ရှင်နေစဉ်သူ၏ သေတမ်းစာသည်အတည်မဖြစ်။ ထိုသူသေ လွန်ပြီးမှသာလျှင်အတည်ဖြစ်၏။- Garrad Bible သေ ပြီး မှ သာ သေ တမ်း စာ တည်၏။ ထား သူ ရှင် ခိုက် အ လျှင်း မ တည်။ Judson Bible အကယ်၍ မသေလျှင်၊ ထိုစာချုပ်သည်မတည်၊ သေမှသာတည်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သေတမ်းစာရေးသူအသက်ရှင်စဉ် သူ၏ သေတမ်းစာသည်အတည်မဖြစ်။ ထိုသူ သေဆုံးပြီးမှသာ အတည်ဖြစ်၏။ |
ထို့နောက် အစ္စရေးက ယောသပ်အား “ငါသေရတော့မည်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူ၍ သင်တို့ဘိုးဘေးတို့၏ပြည်သို့ သင်တို့ကိုပြန်လည်ပို့ဆောင်တော်မူလိမ့်မည်။
ငါသည် ငြိမ်သက်ခြင်းကို သင်တို့၌ထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ ဤလောကပေးသည့်အတိုင်း သင်တို့အား ငါပေးသည်မဟုတ်။ သင်တို့စိတ်ပူပန်ခြင်းမရှိကြနှင့်။ ကြောက်ရွံ့ခြင်းလည်းမရှိကြနှင့်။
ညီအစ်ကိုတို့၊ လူ၏ထုံးစံကိုပုံဆောင်၍ ငါပြောမည်။ လူတို့ချုပ်ဆိုထားသောစာချုပ်ပင်လျှင် မည်သူကမျှ ပယ်ဖျက်ခြင်း၊ သို့မဟုတ် ဖြည့်စွက်ခြင်းမပြုရချေ။
သေတမ်းစာကိုတင်ပြရာတွင် ထိုသေတမ်းစာကိုရေးထားသူ သေဆုံးပြီဖြစ်ကြောင်း အထောက်အထားပြရန်လိုအပ်၏။