သင်၏ရန်သူတို့ကို သင့်လက်သို့ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော”ဟု မြွက်ဆိုလေ၏။ အာဗြံသည်လည်း ရှိသမျှသောအရာတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အားပေးလှူ၏။
ဟေဗြဲ 7:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဆယ်ဖို့တစ်ဖို့ကိုခံယူသောလေဝိသည်လည်း အာဗြဟံမှတစ်ဆင့် ဆယ်ဖို့တစ်ဖို့ကိုပေးလှူသည်ဟု ဆိုနိုင်၏။ Common Language Bible ဆယ်ဖို့တစ်ဖို့အလှူကိုခံယူသူလေဝိသည် အာဗြဟံမှတစ်ဆင့် မေလခိဇေဒက်အား ဆယ်ဖို့တစ်ဖို့ပေးလှူသည်ဟုပင်ဆိုနိုင်၏။- Garrad Bible ၎င်း ပြင် မေ လ ခိ ဇေ ဒက် ကြို ဆို သည့် အ ခါ လေ ဝိ သည် သူ့ အ ဘ တွင် ကိန်း နေ သည် ဖြစ်၍ တ နည်း အား ဖြင့် ဆို လျှင် ဆယ် ဖို့ တစ် ဖို့ ခံ ယူ သော လေ ဝိ ပင် အာ ဗြ ဟံ အား ဖြင့် ထို အ လှူ ကို ဆက် သ ခဲ့ လေ၏။ Judson Bible ထိုမှတစ်ပါး၊ ဆယ်ဖို့တစ်ဖို့ကိုခံတတ်သော လေဝိသည် အာဗြဟံအားဖြင့် ဆယ်ဖို့တစ်ဖို့ကိုပေးပြီဟု ဆိုစရာ အခွင့်ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆယ်ပုံတစ်ပုံကို ခံယူသော လေဝိသည်ပင် အာဗြဟံမှတစ်ဆင့် မေလခိဇေဒက်အား ဆယ်ပုံတစ်ပုံကို ပေးလှူသည်ဟု ဆိုနိုင်၏။ |
သင်၏ရန်သူတို့ကို သင့်လက်သို့ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော”ဟု မြွက်ဆိုလေ၏။ အာဗြံသည်လည်း ရှိသမျှသောအရာတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အားပေးလှူ၏။
အကြောင်းမူကား တောင်းသောသူတိုင်းသည်ရ၏။ ရှာသောသူသည်လည်း တွေ့၏။ တံခါးခေါက်သောသူကိုလည်း ဖွင့်ပေးလိမ့်မည်။
ထို့ကြောင့် တစ်ယောက်သောသူအားဖြင့် အပြစ်တရားသည် ဤလောကထဲသို့ဝင်လာ၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ပြုသဖြင့် လူသားအားလုံးအပေါ်၌ သေခြင်းတရားသက်ရောက်ခဲ့၏။
သင်သည် ဆယ်ဖို့တစ်ဖို့နှစ်ဖြစ်သော တတိယနှစ်၌ သင့်သီးနှံ၏ဆယ်ဖို့တစ်ဖို့ရှိသမျှကိုဖယ်ထားပြီး လေဝိအမျိုး၊ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့အား ပေး၍ သင်၏မြို့များ၌ သူတို့သည် ဝလင်စွာစားရကြမည်။
အကြောင်းမူကား မေလခိဇေဒက်သည် အာဗြဟံကိုကြိုဆိုသောအခါ လေဝိသည် မိမိအဖ၏ကိုယ်ထဲ၌ရှိနေသေး၏။
မျိုးနွယ်စုဖခင်ဖြစ်သောအာဗြဟံပင် လက်ရပစ္စည်းများ၏ဆယ်ဖို့တစ်ဖို့ကို ပေးလှူခဲ့သောဤသူသည် မည်မျှလောက်ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။
ဤနေရာ၌ သေဆုံးတတ်သောလူတို့သည် ဆယ်ဖို့တစ်ဖို့ကိုခံယူကြ၏။ အခြားသောနေရာ၌ကား ထိုသူသည် အသက်ရှင်နေသည်ဟု သက်သေခံထား၏။