တစ်ဖန် ဘုရားသခင်က “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ တိုးပွားများပြားလော့။ သင့်ထံမှ လူမျိုးတစ်မျိုးသာမက လူမျိုးပေါင်းများစွာ ဆင်းသက်လာကြလိမ့်မည်။ သင်၏အမျိုးအနွယ်ထဲမှ ရှင်ဘုရင်များလည်း ပေါ်ထွန်းလိမ့်မည်။
ဟေဗြဲ 7:5 - မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးသားတို့ထဲမှ ယဇ်ပုရောဟိတ်ဖြစ်လာသောသူတို့သည် ပညတ်တရားအရ လူတို့ထံမှ ဆယ်ဖို့တစ်ဖို့ကောက်ခံရမည်ဟူသောပညတ်ချက်ကို ရရှိထားကြ၏။ ထိုလူတို့မှာ အာဗြဟံမှဆင်းသက်လာသည့် မိမိတို့ညီအစ်ကိုများပင်ဖြစ်ကြ၏။ Common Language Bible လေဝိအနွယ်ဝင်အနက်ယဇ်ပုရောဟိတ် အရာကိုရရှိကြသောသူတို့သည် အာဗြဟံ မှဆင်းသက်လာသူ မိမိတို့၏သားချင်းများ ဖြစ်သည့်ဣသရေလအမျိုးသားတို့မှ ဆယ်ဖို့ တစ်ဖို့သောအလှူကို ပညတ်တရားအရ ကောက်ယူခွင့်ရှိကြပေသည်။- Garrad Bible လေ ဝိ အ နွယ် သား တို့ အ နက် ပ ရော ဟိတ် ရာ ထူး ကို ဆက် ခံ သူ တို့ သည် အာ ဗြ ဟံ မှ ဆင်း သက် သော ညီ အစ် ကို ချင်း တို့ ထံ ဆယ် ဖို့ တစ် ဖို့ အ လှူ ခံ ယူ ရန် တ ရား ဥ ပ ဒေ ရ ရှိ ကြ သည် မှန်၏။ Judson Bible ယဇ်ပုရောဟိတ်အရာကိုခံသော လေဝိသားတို့သည် အာဗြဟံအမျိုးဖြစ်သော သူတည်းဟူသော၊ မိမိတို့ ညီအစ်ကိုများလက်မှ ပညတ်တရားအတိုင်း ဆယ်ဖို့တစ်ဖို့ကို ခံရသောအခွင့်ရှိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လေဝိအနွယ်မှ ယဇ်ပုရောဟိတ်များသည် အာဗြဟံ၏ သားမြေးများပင်ဖြစ်သော်လည်း ပညတ်တရား၏ စည်းမျဉ်းအရ ဆယ်ဖို့တစ်ဖို့ကို မိမိတို့လူမျိုးထံမှ ကောက်ယူခွင့်ရှိကြ၏။ |
တစ်ဖန် ဘုရားသခင်က “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ တိုးပွားများပြားလော့။ သင့်ထံမှ လူမျိုးတစ်မျိုးသာမက လူမျိုးပေါင်းများစွာ ဆင်းသက်လာကြလိမ့်မည်။ သင်၏အမျိုးအနွယ်ထဲမှ ရှင်ဘုရင်များလည်း ပေါ်ထွန်းလိမ့်မည်။
ယာကုပ်ချွေးမများကိုထည့်မတွက်ဘဲ ယာကုပ်နှင့်အတူ အီဂျစ်ပြည်သို့ရောက်လာသည့် ယာကုပ်မှဆင်းသက်လာသူအားလုံး စုစုပေါင်းခြောက်ဆယ့်ခြောက်ယောက်ရှိ၏။
သို့သော် အိမ်တော်ကို သင်မတည်ဆောက်ရ။ သင့်ရင်သွေး၊ သင့်သားသာလျှင် ငါ့နာမအဖို့ အိမ်တော်ကို တည်ဆောက်ရလိမ့်မည်’ဟု မိန့်ဆိုခဲ့၏။
လေဝိအမျိုးတို့၏ဝေစုကို မပေးကြသဖြင့် အမှုတော်ထမ်းသောလေဝိအမျိုးနှင့်သီချင်းသည်တို့သည် မိမိတို့လယ်ယာမြေအသီးသီးသို့ ပြန်သွားကြရသည်ကိုလည်း ငါသိရ၏။
ယာကုပ်မှ ဆင်းသက်လာသောသူ စုစုပေါင်း အယောက်ခုနစ်ဆယ်ရှိ၏။ ယောသပ်ကား အီဂျစ်ပြည်၌ရှိနှင့်၏။
ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် အစ္စရေးအမျိုးသားတို့ထဲမှ သင့်အစ်ကိုအာရုန်နှင့်သူ့သားများဖြစ်သော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ကို သင့်ထံသို့လာစေလော့။
သင်နှင့်သင်၏သားတို့ကား ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ ယဇ်ပလ္လင်နှင့် ကန့်လန့်ကာအတွင်းရှိ အလုပ်ဟူသမျှကို လုပ်ဆောင်ရမည်။ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ခြင်းကို သင်တို့အား လက်ဆောင်အဖြစ် ငါပေး၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။
သင်သည် ဆယ်ဖို့တစ်ဖို့နှစ်ဖြစ်သော တတိယနှစ်၌ သင့်သီးနှံ၏ဆယ်ဖို့တစ်ဖို့ရှိသမျှကိုဖယ်ထားပြီး လေဝိအမျိုး၊ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့အား ပေး၍ သင်၏မြို့များ၌ သူတို့သည် ဝလင်စွာစားရကြမည်။
ထို့ပြင် ဤဂုဏ်သရေရှိသောအရိုက်အရာကို မည်သူမျှ မိမိကိုယ်တိုင်ခံယူရရှိနိုင်သည်မဟုတ်။ အာရုန်ကဲ့သို့ ဘုရားသခင်၏ခေါ်ယူတော်မူခြင်းအားဖြင့်သာခံယူရရှိနိုင်၏။
အကြောင်းမူကား မေလခိဇေဒက်သည် အာဗြဟံကိုကြိုဆိုသောအခါ လေဝိသည် မိမိအဖ၏ကိုယ်ထဲ၌ရှိနေသေး၏။