ကမ္ဘာဦး 46:26 - မြန်မာ့စံမီသမ္မာကျမ်း26 ယာကုပ်ချွေးမများကိုထည့်မတွက်ဘဲ ယာကုပ်နှင့်အတူ အီဂျစ်ပြည်သို့ရောက်လာသည့် ယာကုပ်မှဆင်းသက်လာသူအားလုံး စုစုပေါင်းခြောက်ဆယ့်ခြောက်ယောက်ရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible26 ယာကုပ်၏ချွေးမများမှအပအီဂျစ်ပြည် သို့သွားရောက်သောယာကုပ်၏သွေးရင်းသား ရင်းစုစုပေါင်းမှာခြောက်ဆယ့်ခြောက်ယောက် ရှိသတည်း။- အခန်းကိုကြည့်ပါ။Garrad Bible26 လူ ပေါင်း ခု နစ် ယောက် တည်း။ ယာ ကုပ် မှ ဆင်း သက်၍ အိ ဂျစ် ပြည် သို့ လာ ရောက် သော လူ ပေါင်း ကား ချွေး မ များ ကို ချန် လှပ်၍ ခြောက် ဆယ့် ခြောက် ယောက် တို့ တည်း။ အခန်းကိုကြည့်ပါ။Judson Bible26 ယာကုပ်ချွေးမများကိုမဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်းကား၊ ခြောက်ဆယ်ခြောက်ယောက်တည်း။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ယာကုပ်က ရှိမောင်နှင့်လေဝိအား “ဤပြည်၌နေထိုင်ကြသော ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့ ငါ့ကိုစက်ဆုပ်ရွံရှာအောင် သင်တို့ပြုခြင်းအားဖြင့် ငါ့ကို ဒုက္ခပေးကြပြီတကား။ ငါ၌ လူအင်အားအနည်းငယ်သာရှိ၏။ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်ခိုက်လျှင် ငါနှင့်ငါ၏အိမ်သူအိမ်သားတို့သည် ပျက်စီးကြရလိမ့်မည်”ဟု ဆိုလေ၏။