ထာဝရဘုရားက “သင်သည် မေလခိဇေဒက်နှင့်တူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု ကျိန်ဆိုတော်မူသည်ဖြစ်၍ စိတ်တော်ပြောင်းလဲမည်မဟုတ်။
ဟေဗြဲ 7:20 - မြန်မာ့စံမီသမ္မာကျမ်း ထိုမျှမက ဤအမှုအရာသည် ကတိသစ္စာပြုခြင်းမပါဘဲဖြစ်လာသည်မဟုတ်။ အကြောင်းမူကား အခြားသောယဇ်ပုရောဟိတ်တို့သည် ကတိသစ္စာပြုခြင်းမပါဘဲ ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။ Common Language Bible ထိုမှတစ်ပါးလည်းဘုရားသခင်ကျိန်ဆိုတော် မူချက်ရှိ၏။ ကိုယ်တော်သည်လေဝိအနွယ်ဝင် တို့အား ယဇ်ပုရောဟိတ်အဖြစ်ခန့်ထားတော်မူ သောအခါ၌ကျိန်ဆိုတော်မူချက်မပါရှိချေ။- Garrad Bible ဆို ခဲ့ သူ တို့ ကို သ စ္စာ တော် မ ထား ဘဲ ပ ရော ဟိတ် အ ဖြစ် ခန့် ထား သည် မှန်၏။ ကိုယ် တော် ကို မူ ကား ထာ ဝ ရ ဘု ရား က သင် သည် ထာ ဝ ရ ပ ရော ဟိတ် ဖြစ် ကြောင်း သ စ္စာ ထား ချက် အ တိုင်း သ ဘော ပြောင်း လဲ တော် မူ မည် မ ဟုတ် ဟု ဗျာ ဒိတ် ပေး တော် မူ သော အ ရှင် သ စ္စာ ဆို လျက် ခန့် ထား တော် မူ သည် ဖြစ်၍ သ စ္စာ တော် နှင့် ခန့် ထား တော် မူ သည့် အ လျောက် ယေ ရှု သည် သာ၍ မြတ် သော ပ ဋိ ဉာဉ့် ဆိုင် ရာ အာ မ ခံ ဖြစ် တော် မူ၏။ Judson Bible ထိုသူတို့သည် အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကို ရကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် ယေရှု၏ ယဇ်ပုရောဟိတ်အရိုက်အရာသည် သစ္စာဆိုခြင်းမပါဘဲ ဖြစ်လာသည်မဟုတ်။ အခြားသူတို့၏ယဇ်ပုရောဟိတ်အရိုက်အရာမှာမူ သစ္စာဆိုခြင်းမပါဘဲ ဖြစ်လာကြ၏။ |
ထာဝရဘုရားက “သင်သည် မေလခိဇေဒက်နှင့်တူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု ကျိန်ဆိုတော်မူသည်ဖြစ်၍ စိတ်တော်ပြောင်းလဲမည်မဟုတ်။
သင်နှင့်သင်၏သားတို့ကား ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ ယဇ်ပလ္လင်နှင့် ကန့်လန့်ကာအတွင်းရှိ အလုပ်ဟူသမျှကို လုပ်ဆောင်ရမည်။ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ခြင်းကို သင်တို့အား လက်ဆောင်အဖြစ် ငါပေး၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။
အခြားကျမ်းချက်တွင်လည်း “သင်သည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် မည်သည့်အရာကိုမျှ မစုံလင်စေခဲ့ချေ။ သို့သော် ယခုအခါ သာ၍မြတ်သောမျှော်လင့်ခြင်းရောက်ရှိလာသဖြင့် ငါတို့သည် ထိုမျှော်လင့်ခြင်းအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြ၏။
ကိုယ်တော်မူကား “ ‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ဟု ထာဝရဘုရားတိုင်တည်၍မိန့်တော်မူသည်ဖြစ်သောကြောင့် စိတ်တော်ပြောင်းလဲမည်မဟုတ်”ဟူ၍ ကတိသစ္စာပြုလျက် ကိုယ်တော်အားမိန့်တော်မူသောအရှင်အားဖြင့် ယဇ်ပုရောဟိတ်ဖြစ်လာ၏။