Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 7:20 - Common Language Bible

20 ထို​မှ​တစ်​ပါး​လည်း​ဘု​ရား​သ​ခင်​ကျိန်​ဆို​တော် မူ​ချက်​ရှိ​၏။ ကိုယ်​တော်​သည်​လေ​ဝိ​အ​နွယ်​ဝင် တို့​အား ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခန့်​ထား​တော်​မူ သော​အ​ခါ​၌​ကျိန်​ဆို​တော်​မူ​ချက်​မ​ပါ​ရှိ​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20-22 ဆို ခဲ့ သူ တို့ ကို သ စ္စာ တော် မ ထား ဘဲ ပ ရော ဟိတ် အ ဖြစ် ခန့် ထား သည် မှန်၏။ ကိုယ် တော် ကို မူ ကား ထာ ဝ ရ ဘု ရား က သင် သည် ထာ ဝ ရ ပ ရော ဟိတ် ဖြစ် ကြောင်း သ စ္စာ ထား ချက် အ တိုင်း သ ဘော ပြောင်း လဲ တော် မူ မည် မ ဟုတ် ဟု ဗျာ ဒိတ် ပေး တော် မူ သော အ ရှင် သ စ္စာ ဆို လျက် ခန့် ထား တော် မူ သည် ဖြစ်၍ သ စ္စာ တော် နှင့် ခန့် ထား တော် မူ သည့် အ လျောက် ယေ ရှု သည် သာ၍ မြတ် သော ပ ဋိ ဉာဉ့် ဆိုင် ရာ အာ မ ခံ ဖြစ် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ထို​သူ​တို့​သည် အ​ကျိန်​တော်​မ​ရှိ​ဘဲ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထိုမျှမက ဤ​အမှုအရာ​သည် ကတိ​သစ္စာ​ပြု​ခြင်း​မ​ပါ​ဘဲ​ဖြစ်လာ​သည်​မ​ဟုတ်။ အကြောင်းမူကား အခြား​သော​ယဇ်ပုရောဟိတ်​တို့​သည် ကတိ​သစ္စာ​ပြု​ခြင်း​မ​ပါ​ဘဲ ယဇ်ပုရောဟိတ်​များ​ဖြစ်​လာ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ထို့ပြင် ယေရှု​၏ ယဇ်ပုရောဟိတ်​အရိုက်အရာ​သည် သစ္စာဆိုခြင်း​မပါဘဲ ဖြစ်လာသည်​မဟုတ်။ အခြား​သူတို့​၏​ယဇ်ပုရောဟိတ်​အရိုက်အရာ​မှာမူ သစ္စာဆိုခြင်း​မပါဘဲ ဖြစ်လာကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 7:20
5 ပူးပေါင်းရင်းမြစ်များ  

``သင်​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​မေ​လ​ခိ ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​ကျိန်​ဆို က​တိ​ပေး​တော်​မူ​သည်​ဖြစ်​ရာ ထို​က​တိ​တော်​ကို​ပြန်​လည်​ရုပ်​သိမ်း​တော်​မူ လိမ့်​မည် မ​ဟုတ်​ပါ။


သို့​ရာ​တွင်​သင်​နှင့်​သင်​၏​သား​များ​က​သာ ယဇ်​ပလ္လင်​နှင့်​အ​လွန်​သန့်​ရှင်း​သော​ဌာ​န​တော် နှင့်​ဆိုင်​သော ယဇ်​ပု​ရော​ဟိတ်​ဝတ်​ရှိ​သ​မျှ ကို​ဆောင်​ရွက်​ရ​မည်။ မ​ဆိုင်​သူ​တစ်​စုံ​တစ် ယောက်​သည်​ချဉ်း​ကပ်​မိ​လျှင် ထို​သူ​အား​သေ ဒဏ်​စီ​ရင်​ရ​မည်။ ငါ​သည်​သင်​တို့​အား​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​ချီး​မြှင့်​ထား​သည်​ဖြစ် ရာ သင်​တို့​သည်​ဤ​တာ​ဝန်​များ​ကို​ထမ်း ဆောင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။


အ​ခြား​ကျမ်း​ချက်​တွင်​လည်း ``သင်​သည်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​သူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟူ​၍​လည်း​ကောင်း​မိန့်​တော်​မူ​ပေ​သည်။


မော​ရှေ​၏​ပ​ညတ်​တ​ရား​သည်​အ​ဘယ်​အ​ရာ ကို​မျှ​ပြီး​ပြည့်​စုံ​လင်​အောင်​မ​ပြု​နိုင်။ ယ​ခု အ​ခါ​၌​ငါ​တို့​သည်​ထို​ပညတ်​တ​ရား​ထက် ပို​မို​ကောင်း​မြတ်​သည့်​မျှော်​လင့်​ချက်​ကို​ရ​ရှိ ကြ​ပြီ​ဖြစ်​ရာ ထို​မျှော်​လင့်​ချက်​အား​ဖြင့် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​၏။


သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​အား​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ် ခန့်​ထား​တော်​မူ​သော​အ​ခါ​၌​မူ​ကား `` `သင်​သည်​ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ် ဖြစ်​ရ​လိမ့်​မည်' ဟု ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​၏​စိတ်​ကို​ပြောင်း​လဲ တော်​မူ​လိမ့်​မည်​မ​ဟုတ်'' ဟူ​၍​ကိုယ်​တော်​အား​မိန့်​မြွက်​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ