ထာဝရဘုရားက “သင်သည် မေလခိဇေဒက်နှင့်တူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု ကျိန်ဆိုတော်မူသည်ဖြစ်၍ စိတ်တော်ပြောင်းလဲမည်မဟုတ်။
ဟေဗြဲ 5:6 - မြန်မာ့စံမီသမ္မာကျမ်း အခြားကျမ်းချက်တွင်လည်း “သင်သည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ Common Language Bible အခြားကျမ်းချက်တွင်လည်း ``သင်သည်မေလခိဇေဒက်၏အရိုက်အရာကို ဆက်ခံသူ ထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟူ၍လည်းကောင်းမိန့်တော်မူပေသည်။ Judson Bible ထိုသို့နှင့်အညီ ကျမ်းစာတစ်ချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု လာသတည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာ၏ အခြားတစ်နေရာတွင်လည်း ဘုရားသခင်က “သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်၏” ဟု မိန့်တော်မူ၏။ |
ထာဝရဘုရားက “သင်သည် မေလခိဇေဒက်နှင့်တူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု ကျိန်ဆိုတော်မူသည်ဖြစ်၍ စိတ်တော်ပြောင်းလဲမည်မဟုတ်။
မေလခိဇေဒက်နှင့်အလားတူသော ယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်၏ခေါ်ဝေါ်သမုတ်တော်မူခြင်းကိုခံရ၏။
ယေရှုသည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်လာပြီး ထိုကန့်လန့်ကာအတွင်းသို့ ရှေ့ဆောင်လမ်းခင်းပေးသူအဖြစ် ငါတို့ကိုယ်စားဝင်တော်မူ၏။
လူတို့သည် လေဝိအနွယ်နှင့်ဆိုင်သည့် ယဇ်ပုရောဟိတ်အရိုက်အရာအပေါ်တွင် အခြေခံပြီး ပညတ်တရားကိုရရှိကြသည်ဖြစ်၍ ၎င်းအားဖြင့် စုံလင်ခြင်းသို့ရောက်ခဲ့လျှင် အာရုန်နှင့်အလားတူမဟုတ်ဘဲ မေလခိဇေဒက်နှင့်အလားတူသည့် အခြားသောယဇ်ပုရောဟိတ်ပေါ်ထွန်းရန် အဘယ်ကြောင့်လိုအပ်သေးသနည်း။
ထို့ပြင် မေလခိဇေဒက်နှင့်တူသော အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်းသည်ဆိုလျှင် ဤအကြောင်းအရာသည် ပို၍သိသာထင်ရှား၏။
အကြောင်းမူကား “သင်သည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု သက်သေခံထား၏။
ကိုယ်တော်မူကား “ ‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ဟု ထာဝရဘုရားတိုင်တည်၍မိန့်တော်မူသည်ဖြစ်သောကြောင့် စိတ်တော်ပြောင်းလဲမည်မဟုတ်”ဟူ၍ ကတိသစ္စာပြုလျက် ကိုယ်တော်အားမိန့်တော်မူသောအရှင်အားဖြင့် ယဇ်ပုရောဟိတ်ဖြစ်လာ၏။
သူ၌ ဖခင်မရှိ၊ မိခင်မရှိ၊ မျိုးရိုးစဉ်ဆက်မရှိ၊ အသက်တာ၏အစလည်းမရှိ၊ အဆုံးလည်းမရှိ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ဖြစ်လျက် ယဇ်ပုရောဟိတ်အဖြစ် ထာဝစဉ်တည်နေ၏။
ဤနေရာ၌ သေဆုံးတတ်သောလူတို့သည် ဆယ်ဖို့တစ်ဖို့ကိုခံယူကြ၏။ အခြားသောနေရာ၌ကား ထိုသူသည် အသက်ရှင်နေသည်ဟု သက်သေခံထား၏။