Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 5:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထိုနည်းတူ ခရစ်တော်​သည်​လည်း ယဇ်ပုရောဟိတ်​မင်း​အရာ​၌ မိမိကိုယ်ကို​ချီးမြှောက်​သည်​မ​ဟုတ်။ “သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယနေ့​ပင် သင့်​ကို ငါ​ဖွားမြင်​စေ​ပြီ”​ဟု ကိုယ်တော်​အား​မိန့်​တော်မူ​သော​အရှင်​က ချီးမြှောက်​တော်မူ​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ထို​နည်း​တူ​စွာ​ခ​ရစ်​တော်​သည်​လည်း​ယဇ် ပု​ရော​ဟိတ်​မင်း​၏​ဂုဏ်​ပုဒ်​ကို မိ​မိ​အ​လို အ​လျောက်​ခံ​ယူ​တော်​မူ​သည်​မ​ဟုတ်။ ဘု​ရား သ​ခင်​က​ကိုယ်​တော်​အား၊ ``သင်​သည်​ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင်​လျှင် ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ​၏'' ဟူ​၍​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5-6 ထို နည်း တူ ခ ရစ် တော် လည်း ပ ရော ဟိတ် မင်း ဖြစ် ရန် ကိုယ် ကို ချီး မြှောက် တော် မူ သည် မ ဟုတ်။ သင် သည် ငါ့ သား ဖြစ်၏၊ ယ နေ့ သင့် ကို ငါ ဖြစ် ပွား စေ ပြီ ဟူ၍လည်း ကောင်း၊ အ ခြား သော ကျမ်း တစ် ချက်၌ သင် သည် မေ လ ခိ ဇေ ဒက် နည်း တူ ထာ ဝ ရ ပ ရော ဟိတ် ဖြစ် သည် ဟူ၍ လည်း ကောင်း၊ ဗျာ ဒိတ် တော် ရှိ သော အ ရှင် ချီး မြှောက် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ထို​နည်း​တူ၊ ခ​ရစ်​တော်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ရာ၌ မိ​မိ​ကို မိ​မိ​ချီး​မြှောက်​သည်​မ​ဟုတ်။ သင်​သည် ငါ့​သား​ဖြစ်၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖြစ်​ဖွား​စေ​ပြီ​ဟု မိန့်​တော်​မူ​သော​သူ​သည် ခ​ရစ်​တော်​ကို ချီး​မြှောက်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ထိုနည်းတူ ခရစ်တော်​သည် မိမိ​ကိုယ်​မိမိ ယဇ်ပုရောဟိတ်မင်း​အဖြစ် ချီးမြှောက်သည်​မဟုတ်။ ကိုယ်တော်​အား “သင်​သည် ငါ့​သား​ဖြစ်၏။ ယနေ့ ငါ​သည် သင်​၏​အဖ​ဖြစ်လာ၏” ဟု မိန့်တော်မူသော​ဘုရားသခင်​က ခန့်အပ်တော်မူခြင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 5:5
12 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​၏​ပြဋ္ဌာန်းချက်​ကို ငါ​ပြောကြား​မည်​။ ကိုယ်တော်​က “​သင်​သည် ငါ​၏​သား​ဖြစ်​၏​။ ယနေ့​ပင် သင့်​ကို​ငါ​ဖွားမြင်​စေ​ပြီ​။


“အို ဧဖရတ်​ဗက်လင်​မြို့​၊ ယုဒ​မြို့​များ​တွင် သင်​သည် သေးငယ်​သော​မြို့​ဖြစ်​သော်လည်း ငါ့​အဖို့ အစ္စရေး​လူမျိုး​ကို အုပ်စိုးသူမင်း​သည် သင့်​အထဲ​မှ​ပေါ်ထွန်း​လိမ့်မည်​။ ထို​သခင်​သည် ရှေးမဆွ​ကပင် ရှိ​နှင့်​ပြီး​ဖြစ်​၏​။”


ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်း​သော​သား​တော်​ကို စွန့်​တော်မူ​သည့်​တိုင်အောင် လောကီသား​တို့​ကို​ချစ်​တော်မူ​၏။ ဤသည်ကား သား​တော်​ကို​ယုံကြည်​သော​သူ​တိုင်း မ​ပျက်စီး​ဘဲ ထာဝရ​အသက်​ကို​ရရှိ​စေရန်​ဖြစ်​၏။


မိမိ​ဆန္ဒ​အလျောက်​ဟောပြော​သော​သူ​သည် မိမိ​၏​ဘုန်း​အသရေ​ကို​ရှာ​တတ်​၏။ မိမိ​ကို​စေလွှတ်​သော​အရှင်​၏​ဘုန်း​အသရေ​ကို​ရှာ​သော​သူ​မူကား ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး ထို​သူ​၌​မတရားမှု​မ​ရှိ။


ယေရှု​က​လည်း“ငါ​သည် ကိုယ့်​ဘုန်း​ကို​ကိုယ်​ထင်ရှား​စေ​လျှင် ငါ့​ဘုန်း​သည် အချည်းနှီး​ဖြစ်​၏။ ငါ့​ဘုန်း​ကို​ထင်ရှား​စေ​တော်မူ​သော​အရှင်​ကား ငါ့​ခမည်းတော်​ဖြစ်​၏။ သင်​တို့​သည် ထို​အရှင်​ကို ‘အကျွန်ုပ်​တို့​၏​ဘုရားသခင်​ဖြစ်​သည်’​ဟု ဆို​ကြ​သော်လည်း


ဘုရားသခင်​သည် ယေရှု​ကို​ထမြောက်​စေ​၍ ဘိုးဘေး​တို့​၏​သားသမီး​များ​ဖြစ်​ကြ​သော​ငါ​တို့​အတွက် ထို​ကတိ​တော်​တို့​ကို ပြည့်စုံ​စေ​တော်မူ​ပြီ။ ဤသည်ကား ဒုတိယ​မြောက်​သော​ဆာလံ​ကျမ်း​၌ ‘သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယနေ့​ပင် သင့်​ကို ငါ​ဖွားမြင်​စေ​ပြီ’​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။


ဘုရားသခင်​သည် မိမိ​၏​သား​တော်​ကို အပြစ်​နှင့်​ပြည့်ဝ​သည့် သွေးသား​ဇာတိ​နှင့်​တူညီ​သော​သဏ္ဌာန်​၌ အပြစ်​အတွက်​စေလွှတ်​တော်မူ​၍ သွေးသား​ဇာတိ​၌​ရှိ​သော​အပြစ်​ကို ဒဏ်ခတ်​တော်မူ​ပြီး သွေးသား​ဇာတိ​ကြောင့် အားနည်း​၍ ပညတ်​တရား​မ​ဆောင်ရွက်​နိုင်​သော​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​၏။


ရှေးကာလ​တွင် ဘုရားသခင်​သည် ပရောဖက်​များ​အားဖြင့် ဘိုးဘေး​တို့​အား ကာလ​အပိုင်းအခြား​အမျိုးမျိုး​တို့​၌ နည်း​မျိုးစုံ​ဖြင့် စကား​ပြော​တော်မူ​၏။


အကြောင်းမူကား ဘုရားသခင်​သည် မည်သည့်​ကောင်းကင်​တမန်​အား “သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယနေ့​ပင် သင့်​ကို ငါ​ဖွားမြင်​စေ​ပြီ”​ဟူ၍​လည်းကောင်း၊ “ငါ​သည် သူ​၏​အဖ​ဖြစ်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​ရ​လိမ့်မည်”​ဟူ၍​လည်းကောင်း မိန့်​တော်မူ​ခဲ့​ဖူး​သနည်း။


ထို့ကြောင့် ကိုယ်တော်​သည် လူ​တို့​၏​အပြစ်​များ​အတွက် အသနားခံ​ခြင်း​အမှု​ကို​ပြု​ရန် ဘုရားသခင်​ရှေ့​တော်​၌ သနား​ကြင်နာ​တတ်​သည့် သစ္စာရှိ​သော​ယဇ်ပုရောဟိတ်​မင်း​ဖြစ်​မည့်​အကြောင်း အရာရာ​၌ ညီအစ်ကို​များ​နှင့်​တူ​ရ​၏။


သို့ဖြစ်၍ ကောင်းကင်​နှင့်ဆိုင်သော ခေါ်ယူ​တော်မူ​ခြင်း​၌​ပါဝင်​သည့် သန့်ရှင်း​သော​ညီအစ်ကို​တို့၊ ငါ​တို့​ယုံကြည်​ဝန်ခံ​သည့် တမန်တော်​နှင့်​ယဇ်ပုရောဟိတ်​မင်း​တည်းဟူသော ယေရှု​အကြောင်း​ကို ဆင်ခြင်​အောက်မေ့​ကြ​လော့။


မေလခိဇေဒက်​နှင့်​အလားတူ​သော ယဇ်ပုရောဟိတ်​မင်း​ဟု ဘုရားသခင်​၏​ခေါ်ဝေါ်​သမုတ်​တော်မူ​ခြင်း​ကို​ခံရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ