ဟေဗြဲ 4:8 - မြန်မာ့စံမီသမ္မာကျမ်း အကယ်၍ ယောရှုသည် သူတို့အား ငြိမ်ဝပ်ချမ်းသာခြင်းကိုပေးခဲ့သည်မှန်လျှင် နောက်မှ အခြားနေ့ရက်အကြောင်းကို ဘုရားသခင်မြွက်ဆိုတော်မူမည်မဟုတ်။ Common Language Bible အကယ်၍ယောရှုပေးသည့်ငြိမ်ဝပ်ရာချမ်း သာမှာ ဘုရားသခင်ကတိထားတော်မူသည့် ငြိမ်ဝပ်ရာချမ်းသာဖြစ်ပါမူ ဘုရားသခင် သည်အခြားနေ့ရက်တစ်ရက်အကြောင်းကို မိန့်ကြားတော်မူမည်မဟုတ်။- Garrad Bible ထို သူ တို့ အား ငြိမ် ဝပ် ရာ ချမ်း သာ ကို ယော ရှု ပေး ခဲ့ လျှင် အ ခြား သော နေ့ ရက် ကာ လ အ ကြောင်း နောက် ထပ် မိန့် တော် မူ မည် မ ဟုတ်။ Judson Bible ယောရှုသည် ထိုသူတို့ကို ချမ်းသာပေးသည် မှန်လျှင်၊ ထိုနောက် အခြားသောနေ့ရက်ကို အဘယ်ဆိုဖွယ်ရှိသနည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍ ယောရှုသည် အစ္စရေးလူမျိုးတို့ကို နားခိုရာ ပေးပြီးသည်မှန်လျှင် ဘုရားသခင်သည် အခြားသော နေ့ရက်အကြောင်းကို မိန့်တော်မူမည် မဟုတ်။ |
ကိုယ်တော်သည် လူမျိုးခြားတို့၏ပြည်ကို သူတို့အား ပေးတော်မူသဖြင့် သူတို့သည် ထိုလူမျိုးတို့၏ကြိုးပမ်းအားထုတ်မှုအကျိုးကို အမွေဆက်ခံရကြ၏။
ထို့နောက် လူမျိုးခြားတို့ကို သူတို့ရှေ့မှနှင်ထုတ်တော်မူပြီး အမွေအဖြစ် တိုင်းတာသတ်မှတ်ထားသောနယ်မြေအလိုက် သူတို့ကိုခွဲဝေပေး၍ အစ္စရေးအမျိုးအနွယ်တို့အား မိမိတို့တဲများ၌ နေထိုင်စေတော်မူ၏။
ငါတို့၏ဘိုးဘေးများသည် ထိုတဲတော်ကိုဆက်ခံ၍ ငါတို့ဘိုးဘေးများရှေ့မှ ဘုရားသခင်နှင်ထုတ်တော်မူသော လူမျိုးခြားတို့၏ပြည်ကို သူတို့သိမ်းပိုက်ကြသောအခါ ယောရှုနှင့်အတူ ၎င်းကိုသယ်ဆောင်လာကြ၏။ ထိုတဲတော်သည် ဒါဝိဒ်လက်ထက်တိုင်အောင်ရှိခဲ့၏။
ငြိမ်ဝပ်ရာအရပ်ဖြစ်သော သင်တို့အားဘုရားသခင်ထာဝရဘုရားပေးတော်မူသောအမွေတော်ထဲသို့ ယခုထိ သင်တို့မရောက်ရသေး။
သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ် အပိုင်ပေးတော်မူသောပြည်၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့ဘေးမှ ကင်းဝေးစေတော်မူသောအခါ အာမလက်လူမျိုးတို့နှင့်ဆိုင်သောအမှတ်ရစရာအား မိုးကောင်းကင်အောက်မှ ပျောက်ပျက်စေရမည်ကို မမေ့လျော့နှင့်။
ရှေးကာလတွင် ဘုရားသခင်သည် ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား ကာလအပိုင်းအခြားအမျိုးမျိုးတို့၌ နည်းမျိုးစုံဖြင့် စကားပြောတော်မူ၏။
သို့ဖြစ်၍ ဘုရားသခင်၏လူမျိုးတော်အတွက် ငြိမ်ဝပ်ချမ်းသာခြင်းတစ်မျိုးရှိသေး၏။
ထာဝရဘုရားသည် သင်တို့ကဲ့သို့ သင်တို့၏အမျိုးသားချင်းတို့ကို အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ပေးသည်အထိ၊ သူတို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို အပိုင်ရသည်အထိ သူတို့ကို ကူညီရမည်။ ပြီးမှ သင်တို့ပြန်လာ၍ သင်တို့အားထာဝရဘုရား၏အစေအပါးမောရှေ ပေးခဲ့သော ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ကို သင်တို့ပိုင်ဆိုင်ရမည်”ဟု ဆိုလေ၏။
မောရှေအား ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ယောရှုသည် ပြည်တစ်ပြည်လုံးကို သိမ်းယူ၍ အစ္စရေးလူမျိုးတို့အား မျိုးနွယ်အလိုက် အမွေမြေအဖြစ် ခွဲဝေပေးလေ၏။ ထို့နောက်တွင် တစ်ပြည်လုံး စစ်ငြိမ်းလေ၏။
ယခုတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားကတိပေးခဲ့သည့်အတိုင်း သင်တို့၏ညီအစ်ကိုတို့အား အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကိုပေးတော်မူပြီ။ ထို့ကြောင့် သင်တို့သည်လည်း သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေပေးခဲ့သည့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ သင်တို့ပိုင်ဆိုင်ရာပြည်၊ သင်တို့၏အိမ်ရှိရာသို့ပြန်သွားကြလော့။
ထို့နောက် ထာဝရဘုရားသည် အစ္စရေးလူမျိုးအား ပတ်ဝန်းကျင်ရှိ ရန်သူအပေါင်းတို့၏ဘေးမှ ကာလအတန်ကြာ ကင်းငြိမ်းစေတော်မူ၏။ ယောရှုသည်လည်း အသက်အရွယ်ကြီးရင့်လာ၏။