Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 4:8 - Common Language Bible

8 အ​ကယ်​၍​ယော​ရှု​ပေး​သည့်​ငြိမ်​ဝပ်​ရာ​ချမ်း သာ​မှာ ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သည့် ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ဖြစ်​ပါ​မူ ဘု​ရား​သ​ခင် သည်​အ​ခြား​နေ့​ရက်​တစ်​ရက်​အ​ကြောင်း​ကို မိန့်​ကြား​တော်​မူ​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ထို သူ တို့ အား ငြိမ် ဝပ် ရာ ချမ်း သာ ကို ယော ရှု ပေး ခဲ့ လျှင် အ ခြား သော နေ့ ရက် ကာ လ အ ကြောင်း နောက် ထပ် မိန့် တော် မူ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ယော​ရှု​သည် ထို​သူ​တို့​ကို ချမ်း​သာ​ပေး​သည် မှန်​လျှင်၊ ထို​နောက် အ​ခြား​သော​နေ့​ရက်​ကို အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အကယ်၍ ယောရှု​သည် သူ​တို့​အား ငြိမ်ဝပ်​ချမ်းသာ​ခြင်း​ကို​ပေး​ခဲ့​သည်​မှန်​လျှင် နောက်မှ အခြား​နေ့ရက်​အကြောင်း​ကို ဘုရားသခင်​မြွက်ဆို​တော်မူ​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 အကယ်၍ ယောရှု​သည် အစ္စရေး​လူမျိုးတို့​ကို နားခိုရာ ပေးပြီးသည်​မှန်​လျှင် ဘုရားသခင်​သည် အခြားသော နေ့ရက်​အကြောင်း​ကို မိန့်တော်မူမည် မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 4:8
13 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​သူ​တို့​အား​အ​ခြား​လူ​မျိုး​တို့​၏ ပြည်​များ​ကို​ပေး​အပ်​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ထို​သူ​တို့​၏​လယ်​ယာ​များ​ကို သိမ်း​ပိုက်​ကြ​ရ​၏။


မိ​မိ​၏​လူ​စု​တော်​ရှေ့​သို့​ချီ​တက်​လာ​ကြ​သော​အ​ခါ ချဉ်း​နင်း​ဝင်​ရောက်​မည့်​ပြည်​၌​နေ​ထိုင်​ကြ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။ ဣသ​ရေ​လ​အ​နွယ်​တို့​အား​ထို​ပြည်​ကို​ခွဲ​ဝေ သတ်​မှတ် ပေး​တော်​မူ​ပြီး​လျှင် ထို​အ​ရပ်​အ​သီး​သီး​တွင်​အ​တည်​တ​ကျ နေ​ထိုင်​စေ​တော်​မူ​၏။


ငါ​တို့​အ​ဘ​များ​သည်​မိ​မိ​တို့​ဖ​ခင်​များ ထံ​မှ ထို​တဲ​တော်​ကို​ဆက်​ခံ​ကာ ဘု​ရား​သ​ခင် နှင်​ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​ပြည်​ကို ယော​ရှု​နှင့်​အ​တူ​ချီ​တက်​သိမ်း​ပိုက်​ကြ​သော အ​ခါ ထို​တဲ​တော်​ကို​သယ်​ဆောင်​သွား​ကြ​၏။ ထို​တဲ​တော်​ကား​ဒါ​ဝိဒ်​မင်း​လက်​ထက်​တိုင် အောင်​ရှိ​သ​တည်း။-


သင်​တို့​အ​ပေါင်း​သည်​မိ​မိ​နှစ်​သက်​ရာ​နည်း ဖြင့် ယ​နေ့​တိုင်​အောင်​ကိုယ်​တော်​ကို​ကိုး​ကွယ် လျက်​ရှိ​ကြ​၏။-


သို့​ဖြစ်​၍​သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့​ရောက်​၍ ပတ်​ဝန်း​ကျင်​ရန်​သူ​တို့​၏​တိုက်​ခိုက်​မှု​မှ​ကင်း လွတ်​ပြီး​အေး​ချမ်း​စွာ​နေ​ထိုင်​ရ​သော​အ​ခါ အာ​မ​လက်​အ​မျိုး​သား​တို့​ကို​တစ်​ယောက် မ​ကျန်​သုတ်​သင်​ပစ်​ရန်​မ​မေ့​ကြ​နှင့်။


အ​တိတ်​ကာ​လ​၌​ဘု​ရား​သ​ခင်​သည်​ငါ​တို့ ဘိုး​ဘေး​တို့​အား​အ​ကြိမ်​ပေါင်း​များ​စွာ နည်း အ​မျိုး​မျိုး​ဖြင့်​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-


သို့​ဖြစ်​၍​သတ္တ​မ​နေ့​၌​ဘု​ရား​သ​ခင်​ငြိမ် ဝပ်​စွာ​နေ​တော်​မူ​သ​ကဲ့​သို့ ကိုယ်​တော်​၏ လူ​စု​တော်​အ​တွက်​ငြိမ်​ဝပ်​စွာ​နေ​ရန်​နေ့ ရက်​တစ်​ရက်​ရှိ​သေး​၏။-


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ယော်​ဒန်​မြစ်​အ​နောက်​ဘက် ရှိ​ပြည်​ကို​သိမ်း​ပိုက်​နိုင်​သည်​အ​ထိ သူ​တို့ အား​ကူ​ညီ​တိုက်​ခိုက်​ရ​မည်။ ဣ​သ​ရေ​လ​အ​နွယ် တို့​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရ​သော​အ​ခါ​၌ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မောရှေ​ပေး သော​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​ပြည်​သို့​ပြန် နိုင်​သည်'' ဟု​ဆို​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည်​အ​တိုင်း ယော​ရှု​သည်​ထို​ပြည် တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး အား​ပိုင်​ဆိုင်​စေ​ရန်​ထို​ပြည်​ကို​ခွဲ​ဝေ​ပေး လေ​သည်။ ထို​နောက်​တစ်​ပြည်​လုံး​ငြိမ်း​ချမ်း​သာ​ယာ လျက်​ရှိ​လေ​သ​တည်း။


ယ​ခု​မှာ​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့ ၏​အ​မျိုး​သား​ချင်း​တို့​သည်​ငြိမ်း​ချမ်း​စွာ နေ​ထိုင်​ရ​ကြ​ပြီ။ သို့​ဖြစ်​၍​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သတ် မှတ်​ပေး​ခဲ့​သော​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ရှိ​သင်​တို့​ပိုင်​နယ်​မြေ​သို့​ပြန်​ကြ​လော့။-


ကာ​လ​အ​တန်​ကြာ​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပတ်​ဝန်း ကျင်​ရှိ​ရန်​သူ​များ​၏​ဘေး​ရန်​မှ​ကင်း​ငြိမ်း စေ​တော်​မူ​၏။ ယော​ရှု​သည်​လည်း​အ​သက် အ​ရွယ်​အ​လွန်​ကြီး​ရင့်​လာ​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ