ထာဝရဘုရားသည် သင်၏တန်ခိုးကြီးသော ရာဇလှံတံကို ဇိအုန်မှစေလွှတ်တော်မူလိမ့်မည်။ သင်၏ရန်သူများအလယ်၌ အုပ်စိုးလော့။
ဟေဗြဲ 4:12 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။ Common Language Bible ဘုရားသခင်၏နှုတ်ကပတ်တော်သည်သက်ရှင် လှုပ်ရှား၍ သန်လျက်တကာတို့ထက်ထက်မြက် ၏။ အသက်နှင့်ဝိညာဉ်တွေ့ဆုံရာအထိလည်း ကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီတွေ့ရာအထိ လည်းကောင်းထုတ်ချင်းခွင်းတတ်၏။ လူ၏စိတ် နှလုံးအကြံအစည်နှင့်လိုအင်ဆန္ဒများ ကိုစစ်ဆေးတတ်၏။- Garrad Bible အ သို့ ဆို သော် ဘု ရား သ ခင်၏ တ ရား တော် သည် ရှင် လျက်၊ ပြု ပြင် လျက်၊ သန် လျက် ဟူ သ မျှ ထက် ထက်၍ အ သက် နှင့် ဝိ ညာဉ် ကို လည်း ကောင်း၊ အ ရိုး အ ဆစ် နှင့် ခြင် ဆီ ကိုလည်း ကောင်း ထုတ် ချင်း ခွင်း သည့် ပြင် စိတ် အ ကြံ အ စည် အ ထင် အ မြင် များ ကို စီ ရင် ဆုံး ဖြတ် တတ်၏။ Judson Bible ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထိရောက်ကာ သန်လျက်တကာတို့ထက် ထက်၏။ ထိုနှုတ်ကပတ်တော်သည် အသက်နှင့် စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးအဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ထိုးဖောက်ကာ ပိုင်းခြားနိုင်ပြီး လူတို့၏ စိတ်အတွင်းမှ တွေးတောကြံစည်မှုတို့ကို သိမြင်နိုင်၏။ |
ထာဝရဘုရားသည် သင်၏တန်ခိုးကြီးသော ရာဇလှံတံကို ဇိအုန်မှစေလွှတ်တော်မူလိမ့်မည်။ သင်၏ရန်သူများအလယ်၌ အုပ်စိုးလော့။
ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကိုဖွင့်ပြခြင်းသည် အလင်းကိုပေး၍ အသိဉာဏ်နည်းပါးသောသူတို့အား အသိဉာဏ်ကိုပေးပါ၏။
အကျွန်ုပ်၏ထိုင်ခြင်းနှင့် ထခြင်းကို သိတော်မူ၏။ အကျွန်ုပ်၏အတွေးအကြံကို အဝေးကပင် သိနားလည်တော်မူ၏။
သူတို့၏နှုတ်၌ ဘုရားသခင်၏ဂုဏ်တော်ချီးမွမ်းခြင်းရှိကြပါစေ။ သူတို့၏လက်၌လည်း အသွားနှစ်ဖက်ပါသောသန်လျက်ကို ကိုင်ထားကြပါစေ။
တန်ခိုးကြီးသောအရှင်၊ ကိုယ်တော်၏ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်တည်းဟူသော ကိုယ်တော်၏ဓားကိုနံဘေးတွင် စည်းတော်မူပါ။
သို့သော် နောက်ဆုံး၌ သူသည် ဒေါနကဲ့သို့ခါး၍ အသွားနှစ်ဖက်ပါသောသန်လျက်ကဲ့သို့ ထက်၏။
ပညာရှိတို့၏စကားများသည် နှင်တံကဲ့သို့ဖြစ်ပြီး တစ်ပါးတည်းသောသိုးထိန်းကြီးပေးအပ်ထားသည့် စုစည်းထားသောစကားများသည် ခိုင်မြဲစွာရိုက်ထားသောသံကဲ့သို့ဖြစ်၏။
ဆင်းရဲသောသူတို့ကို ဖြောင့်မတ်စွာတရားစီရင်မည်။ နိမ့်ကျသောမြေကြီးသားတို့အတွက် တရားမျှတစွာဆုံးဖြတ်မည်။ မြေကြီးကို သူ၏နှုတ်ကြိမ်လုံးဖြင့် ရိုက်နှက်၍ ဆိုးယုတ်သောသူတို့ကို နှုတ်ထွက်လေဖြင့် ကွပ်မျက်မည်။
ငါ၏နှုတ်ကို ထက်သောဓားကဲ့သို့ဖြစ်စေတော်မူ၏။ လက်တော်အရိပ်၌ ငါ့ကိုဝှက်ထားတော်မူ၏။ ချွန်ထက်သောမြားကဲ့သို့ ငါ့ကိုဖြစ်စေလျက် မြားကျည်တောက်ထဲ၌ ငါ့ကိုပုန်းနေစေတော်မူ၏။
ငါ့နှုတ်မှထွက်သောစကားသည်လည်း ထိုနည်းတူဖြစ်မည်။ ငါ့ထံသို့အချည်းနှီး ပြန်လာမည်မဟုတ်။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှုကို အောင်မြင်စေမည်။
ငါထာဝရဘုရားသည် လူအသီးသီးတို့အား မိမိတို့ပြုမူကျင့်ကြံသည့်အတိုင်း၊ မိမိတို့လုပ်ဆောင်မှုအသီးအပွင့်အတိုင်း ပေးဆပ်ရန် လူတို့၏စိတ်နှလုံးကို စစ်ကြောတတ်၏။ အတွင်းသဘောကို စစ်ဆေးတတ်၏။
“ငါ့နှုတ်ထွက်စကားသည် မီးကဲ့သို့လည်းကောင်း၊ ကျောက်ကိုထုခွဲသောတူကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ငါ့ကိုငြင်းပယ်၍ ငါ့စကားတို့ကိုလက်မခံသောသူအား ပြစ်ဒဏ်စီရင်သောသူရှိ၏။ ငါဟောပြောခဲ့သည့်တရားစကားကပင် နောက်ဆုံးသောနေ့၌ ထိုသူကိုပြစ်ဒဏ်စီရင်လိမ့်မည်။
ငါသည် ကောင်းကင်မှဆင်းသက်သည့် အသက်ရှင်သောမုန့်ဖြစ်၏။ မည်သူမဆို ဤမုန့်ကိုစားလျှင် ကာလအစဉ်အဆက်အသက်ရှင်မည်။ လောကီသားတို့၏အသက်အတွက် ငါပေးမည့်မုန့်ကား ငါ၏အသားပေတည်း”ဟု မိန့်တော်မူ၏။
လူတို့သည် ထိုစကားကိုကြားရသောအခါ စိတ်နှလုံးထဲ၌ စူးနစ်စွာခံစားရလျက် ပေတရုနှင့်အခြားသောတမန်တော်တို့အား “ညီအစ်ကိုတို့၊ ငါတို့မည်သို့ပြုရမည်နည်း”ဟု မေးမြန်းကြ၏။
ထိုသို့ သူတို့ဆုတောင်းပြီးသောအခါ သူတို့စုဝေးနေကြသောနေရာသည် တုန်လှုပ်၍ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဘုရားသခင်၏နှုတ်ကပတ်တရားကို ရဲရင့်စွာဟောပြောကြ၏။
သူတို့သည် ထိုစကားကိုကြားလျှင် ပြင်းစွာအမျက်ထွက်လျက် တမန်တော်တို့ကိုသတ်ရန် ကြံရွယ်ကြ၏။
သူသည် သိနာတောင်၌ သူ့အားစကားပြောခဲ့သောကောင်းကင်တမန်မှစ၍ ငါတို့၏ဘိုးဘေးများနှင့်အတူ တောကန္တာရတွင်ရှိသောလူအစုအဝေးထဲ၌ရှိလျက် ငါတို့အားပေးအပ်ရန် အသက်ရှင်သောနှုတ်ကပတ်တရားကို လက်ခံရရှိခဲ့၏။
ငါသည် ကောင်းမြတ်သောသတင်းအတွက် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ဤသတင်းသည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ယုံကြည်သောသူအပေါင်းတို့အား ကယ်တင်ခြင်းရရှိစေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
သို့သော် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ ခေါ်ယူတော်မူခြင်းခံရသောသူတို့အတွက် ခရစ်တော်သည် ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုရားသခင်၏ဉာဏ်ပညာတော်ဖြစ်၏။
အကြောင်းမူကား ငါတို့သည် များစွာသောသူတို့ပြုသကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို လှည့်လည်ရောင်းစား၍အမြတ်ထုတ်ကြသည်မဟုတ်ဘဲ ဖြူစင်သောသူ၊ ဘုရားသခင်ထံမှ စေလွှတ်ခြင်းခံရသောသူအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်ကိုအမှီပြု၍ ငါတို့ဟောပြောကြ၏။
ငါတို့သည် ကွယ်ဝှက်ထားသည့် ရှက်ဖွယ်ရာများကိုစွန့်ပယ်၍ ပရိယာယ်၌ကျင်လည်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မလိမ့်တပတ်လုပ်ခြင်းတို့မရှိဘဲ သမ္မာတရားကို အတိအလင်းဖော်ပြခြင်းအားဖြင့် ဘုရားသခင်၏ရှေ့တော်၌ လူအပေါင်းတို့၏အသိစိတ်တွင် မိမိတို့ကိုယ်ကိုထင်ရှားစေကြ၏။
ခရစ်တော်သည် ထိုသို့ပြုခြင်းမှာ ရေနှင့်ဆိုင်သောဆေးကြောခြင်းအားဖြင့် နှုတ်ကပတ်တော်၌ အသင်းတော်ကို သန့်ရှင်းစင်ကြယ်စေရန်နှင့်
ကယ်တင်ခြင်းသံခမောက်နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်တော်ဓားကိုလည်း ယူကြလော့။
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။
ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင် သင်တို့ကို အကုန်အစင်သန့်ရှင်းစေတော်မူပါစေသော။ ငါတို့၏သခင်ယေရှုခရစ်တော်ကြွလာတော်မူသောအခါ သင်တို့၏ဝိညာဉ်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာကို အပြစ်တင်စရာမရှိစေရန် စောင့်ရှောက်တော်မူပါစေသော။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့အားဟောပြောခဲ့သည့် သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏အသက်ရှင်နေထိုင်မှုမှထွက်ပေါ်လာသည့် အကျိုးတရားကိုကြည့်ရှုဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို အတုယူကြလော့။
ဘုရားသခင်၏ကောင်းမြတ်သောနှုတ်ကပတ်တော်နှင့် တမလွန်ကာလ၏တန်ခိုးလက္ခဏာတို့ကို မြည်းစမ်းရပြီးမှ
ကိုယ်တော်သည် မိမိဖန်ဆင်းတော်မူသောအရာတို့တွင် ငါတို့ကို အသီးဦးသဖွယ်ဖြစ်စေရန် အလိုတော်ရှိသည့်အတိုင်း သမ္မာတရား၏နှုတ်ကပတ်တော်အားဖြင့် ငါတို့ကိုဖြစ်ပွားစေတော်မူ၏။
သင်တို့သည် ယိုယွင်းပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့်မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်တည်မြဲသည့် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားစေခြင်းကိုခံရကြပြီ။
သူ၏လက်ယာလက်တွင် ကြယ်ခုနစ်လုံးရှိ၍ အသွားနှစ်ဖက်ပါသည့် ထက်သောသန်လျက်သည် သူ၏ခံတွင်းထဲမှ ထွက်နေ၏။ သူ၏မျက်နှာသည် မိမိအရှိန်အဝါဖြင့် ထွန်းလင်းနေသောနေကဲ့သို့ဖြစ်၏။
လူမျိုးတကာတို့ကိုဒဏ်ခတ်ရန် ထက်သောသန်လျက်သည် သူ၏ခံတွင်းထဲမှထွက်နေ၏။ သူသည် ထိုသူတို့ကို သံလှံတံဖြင့်အုပ်ထိန်းလိမ့်မည်။ သူသည် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏အမျက်တော်ဆိုင်ရာ ပြင်းစွာသောဒေါသစပျစ်ဝိုင်၏စပျစ်သီးနယ်ရာကျင်းကို နင်းနယ်လိမ့်မည်။
ကြွင်းကျန်သောသူတို့မူကား မြင်းစီးသောသူ၏ခံတွင်းမှထွက်သောသန်လျက်ဖြင့် သတ်ဖြတ်ခြင်းခံရပြီး ငှက်အပေါင်းတို့သည် သူတို့၏အသားကို ဝလင်စွာစားရကြ၏။
ထို့ကြောင့် နောင်တရလော့။ သို့မဟုတ်လျှင် ငါသည် သင့်ထံသို့အလျင်အမြန်လာ၍ ငါ့ခံတွင်းမှသန်လျက်ဖြင့် သူတို့ကိုတိုက်ခိုက်မည်။
သူ၏သားသမီးတို့ကိုလည်း သေဘေးဖြင့် ငါအဆုံးစီရင်မည်။ ထိုအခါ ငါသည် စိတ်နှလုံးနှင့် အတွင်းသဘောကို စူးစမ်းသောသူဖြစ်ကြောင်း အသင်းတော်အားလုံးသိရကြလိမ့်မည်။ သင်တို့အသီးသီးကိုလည်း မိမိတို့ပြုသောအမှုများနှင့်အညီ အကျိုးအပြစ်ကို ငါပေးမည်။
ထို့နောက် ပလ္လင်များနှင့် ၎င်းတို့အပေါ်တွင်ထိုင်နေသောသူတို့ကို ငါမြင်ရ၏။ ထိုသူတို့သည် တရားစီရင်ခွင့်ကိုရကြ၏။ တစ်ဖန် ယေရှုနှင့်ဆိုင်သောသက်သေခံချက်အတွက်လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်အတွက်လည်းကောင်း ခေါင်းဖြတ်ခံရသောသူတို့၏ဝိညာဉ်များမှစ၍ သားရဲနှင့်သားရဲ၏ရုပ်တုကိုမကိုးကွယ်၊ သူ၏အမှတ်တံဆိပ်ကိုလည်း မိမိတို့၏နဖူး၊ သို့မဟုတ် လက်တွင် မခံယူသောသူတို့ကို ငါမြင်ရ၏။ သူတို့သည် အသက်ပြန်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူစိုးစံကြ၏။
ဧဟုဒသည် အသွားနှစ်ဖက်ပါ၍ အလျားတစ်တောင်ခန့်ရှည်သောသန်လျက်ကို ပြုလုပ်ပြီးလျှင် ယာဘက်ပေါင်၊ အဝတ်အောက်တွင် ဝှက်ထား၍