“ထာဝရဘုရား၏မိန့်တော်မူချက်မှာ ဤသို့တည်း။ သင်သည် သင်၏သား၊ သင်၏တစ်ဦးတည်းသောသားကိုပင် ပူဇော်ရန်မငြင်းဆိုဘဲ ဤအမှုကိုပြုခဲ့သဖြင့် ငါသည် ကိုယ့်ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုသည်ကား
ဟေဗြဲ 11:17 - မြန်မာ့စံမီသမ္မာကျမ်း အာဗြဟံသည် စမ်းသပ်စစ်ဆေးခြင်းကိုခံရသောအခါ ယုံကြည်ခြင်းအားဖြင့် ဣဇက်ကိုပူဇော်၏။ ကတိတော်များကိုရရှိထားသောသူသည် တစ်ဦးတည်းသောသားကိုပူဇော်ရန်ပြင်ဆင်၏။ Common Language Bible အာဗြဟံသည်ဘုရား၏စမ်းသပ်စစ်ဆေးခြင်း ကိုခံရသောအခါယုံကြည်ခြင်းအားဖြင့် သား ဣဇာက်ကိုယဇ်ကောင်အဖြစ်ပူဇော်လေသည်။ ``သင်၏အမျိုးအနွယ်ကိုဣဇာက်မှဆင်းသက် ပေါက်ပွားစေမည်'' ဟူသောဘုရားသခင်၏ ကတိတော်ကို သူသည်ခံယူရရှိခဲ့သော်လည်း မိမိ၏တစ်ဦးတည်းသောသားကိုပူဇော်ရန် အသင့်ရှိပေသည်။- Garrad Bible ယုံ ကြည် ခြင်း အား ဖြင့် အာ ဗြ ဟံ သည် စုံ စမ်း ခံ ရ သည့် ကာ လ ဣ ဇာက် ကို ဆက် ကပ်၏။ ထို သို့ ပင် ဣ ဇာက် မှ သာ သင့် အ မျိုး အ နွယ် ဟု သ မုတ် လိမ့် မည် ဟူ သော က တိ တော် များ ကို ခံ ရ သူ သည် သူ သေ တို့ ထဲ မှ ပင် ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ နိုင် ကြောင်း မှတ် ယူ လျက် ဧ က ပု တ္တ သား ကို ဆက် ကပ် လေ စွ။ ပ မာ ဆို သော် သူ သေ တို့ အ ထဲ မှ ပြန် ရ သည် မှန်၏။ Judson Bible အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကိုပူဇော်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အာဗြဟံသည် ဘုရားသခင်၏ စမ်းသပ်တော်မူခြင်းကို ခံရသောအခါ ယုံကြည်ခြင်းဖြင့် ဣဇာက်ကို ယဇ်အဖြစ် ပူဇော်၏။ ကတိတော်များကို ရရှိထားသောအာဗြဟံသည် တစ်ဦးတည်းသောသားကို ပူဇော်ရန် အဆင်သင့်ဖြစ်နေခဲ့၏။ |
“ထာဝရဘုရား၏မိန့်တော်မူချက်မှာ ဤသို့တည်း။ သင်သည် သင်၏သား၊ သင်၏တစ်ဦးတည်းသောသားကိုပင် ပူဇော်ရန်မငြင်းဆိုဘဲ ဤအမှုကိုပြုခဲ့သဖြင့် ငါသည် ကိုယ့်ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုသည်ကား
သို့သော် တိုင်းပြည်တွင်ဖြစ်ပျက်ခဲ့သောအံ့ဖွယ်အမှုတို့ကို သိလို၍ ဘေဘီလုံမှူးမတ်တို့သည် သူ့ထံသို့ သံတမန်ကိုစေလွှတ်၍မေးမြန်းစေသောအခါ ဘုရားသခင်သည် ဟေဇကိမင်းကြီး၏စိတ်ထဲရှိသမျှကိုသိလို၍ သူ့ကိုစမ်းသပ်သည့်အနေဖြင့် လွှတ်ထားလိုက်လေ၏။
ငွေကိုမိုက်ဖြင့်လည်းကောင်း၊ ရွှေကိုမီးပြင်းဖိုဖြင့်လည်းကောင်း စစ်တတ်၏။ စိတ်နှလုံးကိုကား ထာဝရဘုရားစစ်ဆေးတော်မူ၏။
သတ်မှတ်ထားသောကာလ မရောက်သေးသည်ဖြစ်၍ ပညာရှိအချို့တို့သည် အပြစ်ကင်းစင်ပြီး သန့်ရှင်းစင်ကြယ်ဖို့ နောက်ဆုံးသောကာလအထိ လှဲချခြင်းခံရလိမ့်မည်။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။
အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။
ဤအနှစ်လေးဆယ်ပတ်လုံး တောကန္တာရတွင် ပို့ဆောင်တော်မူခဲ့သည့် လမ်းခရီးတစ်လျှောက်ကို သင်တို့အောက်မေ့ရမည်။ ဤသည်မှာ ပညတ်တော်များကို သင်တို့စောင့်ထိန်းလိုစိတ်ရှိ၊ မရှိ သိမည့်အကြောင်းသင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုနှိမ့်ချတော်မူ၍ စမ်းသပ်တော်မူခဲ့ခြင်းဖြစ်၏။
ထိုသူအပေါင်းတို့သည် ကတိပေးတော်မူသောအရာများကို မခံစားရသော်လည်း ၎င်းတို့ကို အဝေးမှလှမ်းမြင်၍ ကြိုဆိုလက်ခံကာ မိမိတို့သည် မြေကြီးပေါ်၌ အာဂန္တုများနှင့်သူစိမ်းဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံလျက် ယုံကြည်ရင်းသေလွန်ကြ၏။
သို့သော် လေဝိ၏မျိုးဆက်စာရင်းမဝင်သောသူသည် အာဗြဟံထံမှ ဆယ်ဖို့တစ်ဖို့ကိုခံယူပြီး ကတိတော်ကိုရရှိထားသောသူအား ကောင်းချီးပေးခဲ့၏။
သည်းခံသောသူတို့သည် မင်္ဂလာရှိ၏ဟု ငါတို့ယူဆကြ၏။ ယောဘ၏သည်းခံခြင်းကို သင်တို့ကြားရကြပြီ။ နောက်ဆုံးတွင် ထာဝရဘုရားပြုတော်မူသောအမှုအားဖြင့် ကိုယ်တော်သည် အလွန်ကြင်နာတတ်၍ ကရုဏာနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်း သင်တို့တွေ့မြင်ရကြ၏။
ချစ်ရသောသူတို့၊ သင်တို့ကို စမ်းသပ်စစ်ဆေးရန် သင်တို့ထံကျရောက်လာသည့်ဒုက္ခမီးကို သင်တို့၌ ထူးဆန်းသောအရာဖြစ်ပျက်လာသကဲ့သို့ အံ့ဩခြင်းမရှိဘဲ
သင်သည် သည်းခံခြင်းနှင့်ဆိုင်သော ငါ၏နှုတ်ကပတ်တရားကို လိုက်နာစောင့်ထိန်းသောကြောင့် ကမ္ဘာမြေကြီးပေါ်၌နေထိုင်ကြသောသူတို့ကို စမ်းသပ်စစ်ဆေးရန်အတွက် ကမ္ဘာတစ်ခုလုံးအပေါ်သို့ သက်ရောက်လာတော့မည့် စမ်းသပ်စစ်ဆေးရာကာလတွင် ငါသည်လည်း သင့်ကိုစောင့်ရှောက်မည်။