အစ္စရေးလူထုအပေါင်းတို့သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်မိပြီး လူအစုအဝေးတို့သည် ထိုအမှုကို အပြစ်ဖြစ်မှန်းမသိမမြင်သော်လည်း သူတို့အပေါ်အပြစ်သက်ရောက်၍
ဟေဗြဲ 10:26 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် သမ္မာတရားနှင့်ဆိုင်သည့် စစ်မှန်သောအသိပညာကိုရရှိပြီးမှ တမင်တကာ ဆက်၍အပြစ်ပြုကြလျှင် အပြစ်ဖြေရာယဇ်ဟူ၍ မရှိတော့ဘဲ Common Language Bible ငါတို့သည်သမ္မာတရားကိုသိရှိကြပြီးမှ တမင်သက်သက်ဆက်လက်အပြစ်ကူးနေ ကြမည်ဆိုပါမူ၊ ငါတို့၏အပြစ်များ အတွက်ပူဇော်ရန်ယဇ်ရှိတော့မည်မဟုတ်။- Garrad Bible အ သို့ ဆို သော် သ မ္မာ တ ရား တော် ကို သိ ကျွမ်း ရ ပြီး မှ ငါ တို့ တ မင် ပြစ် မှား လျှင် အ ပြစ် ဖြေ ရာ သ က္ကာ ကျန် တော့ သည် မ ဟုတ် ဘဲ၊ Judson Bible အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တစ်ဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် သမ္မာတရားကို သိရှိပြီးနောက် တမင်တကာ ဆက်လက် အပြစ်ကျူးလွန်နေလျှင် ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ် မရှိတော့ပေ။ |
အစ္စရေးလူထုအပေါင်းတို့သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်မိပြီး လူအစုအဝေးတို့သည် ထိုအမှုကို အပြစ်ဖြစ်မှန်းမသိမမြင်သော်လည်း သူတို့အပေါ်အပြစ်သက်ရောက်၍
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသောပညတ်တော်ထဲမှ ပညတ်ချက်တစ်ခုခုကို တစ်စုံတစ်ယောက်သည် မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိလျှင်လည်းကောင်း၊
မိမိသခင်၏အလိုကိုသိလျက်ပင် ပြင်ဆင်ထားခြင်းမရှိ၊ သို့မဟုတ် သခင်၏အလိုအတိုင်းလုပ်ဆောင်ခြင်းမရှိသော အစေအပါးသည် များစွာရိုက်နှက်ခြင်းခံရလိမ့်မည်။
ဤအရာများကို သင်တို့သိမှတ်၍ ထိုအတိုင်းကျင့်သုံးလျှင် သင်တို့သည် မင်္ဂလာရှိကြ၏။
ယေရှုကလည်း“သင်တို့သည် မျက်မမြင်များဖြစ်ခဲ့ကြလျှင် သင်တို့၌အပြစ်ရှိခဲ့မည်မဟုတ်။ သို့ရာတွင် ‘ငါတို့မြင်သည်’ဟု သင်တို့ယခုဆိုနေကြသဖြင့် သင်တို့၏အပြစ်သည် တည်မြဲတည်၏။
တစ်စုံတစ်ယောက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏အမှုတော်ကိုထမ်းဆောင်သောယဇ်ပုရောဟိတ်ကိုသော်လည်းကောင်း၊ တရားသူကြီးကိုသော်လည်းကောင်း နားမထောင်ဘဲ အတင့်ရဲစွာပြုမူနေလျှင် ထိုသူသည် အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို အစ္စရေးလူမျိုးထဲမှ ဖယ်ရှားပစ်ရမည်။
ပျက်စီးခြင်းသို့ရောက်မည့်သူတို့အတွက် မတရားမှုနှင့်ဆိုင်သောလှည့်ဖြားခြင်းအမျိုးမျိုးတို့ဖြင့်လည်းကောင်း ရောက်ရှိလာမည်။ သူတို့ပျက်စီးခြင်းသို့ရောက်မည့်အကြောင်းမှာ မိမိတို့ကယ်တင်ခြင်းခံရရန်အတွက် သမ္မာတရားအားချစ်ရမည်ကို ငြင်းပယ်ကြသောကြောင့်ဖြစ်၏။
ငါသည် ယခင်က စော်ကားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ မိုက်ရိုင်းသောသူဖြစ်ခဲ့သော်လည်း ယုံကြည်ခြင်းမရှိစဉ် မသိနားမလည်ဘဲ ထိုသို့ပြုခဲ့သည်ဖြစ်၍ ကရုဏာတော်ကိုခံစားရ၏။
လူသားအားလုံးကယ်တင်ခြင်းခံရလျက် သမ္မာတရားကိုသိရှိခြင်းသို့ရောက်စေရန် ဘုရားသခင်အလိုရှိတော်မူ၏။
သို့ဖြစ်၍ မည်သူမဆို ကောင်းသောအမှုကိုလုပ်ဆောင်ရန် သိလျက်နှင့်မလုပ်ဘဲနေလျှင် သူ့အတွက်အပြစ်ဖြစ်၏။
တစ်စုံတစ်ယောက်သည် သေခြင်းသို့မပို့ဆောင်သောအပြစ်မျိုးပြုနေသည့် မိမိညီအစ်ကိုကိုတွေ့လျှင် သူသည် ဆုတောင်းရမည်။ ထိုအခါ ဘုရားသခင်သည် သေခြင်းသို့မပို့ဆောင်သောအပြစ်ပြုနေသည့် ထိုညီအစ်ကိုအား အသက်ကိုပေးတော်မူလိမ့်မည်။ သေခြင်းသို့ပို့ဆောင်သောအပြစ်မျိုးရှိ၏။ ထိုသို့သောအပြစ်အတွက် တောင်းလျှောက်ရမည်ဟု ငါမဆိုလို။
လူလူချင်းပြစ်မှားမိလျှင် ဘုရားသခင်သည် ထိုသူအတွက် ကြားဝင်ဖြေရှင်းပေးနိုင်၏။ သို့သော် လူသည် ထာဝရဘုရားကိုပြစ်မှားမိလျှင် မည်သူသည် သူ့အတွက် ကြားဝင်ဖြေရှင်းပေးနိုင်မည်နည်း”ဟု ဆိုဆုံးမသော်လည်း ဖခင်၏စကားကို နားမထောင်ကြ။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့ကိုကွပ်မျက်ရန်အလိုရှိတော်မူ၏။