သို့သော် ရောဗောင်မင်းကြီးသည် သက်ကြီးဝါကြီးတို့ပေးသောအကြံကို လက်မခံဘဲ သူ့ထံ၌ခစားနေသော ငယ်ပေါင်းကြီးဖော်လူငယ်များနှင့် တိုင်ပင်လေ၏။
ဟောရှေ 6:10 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးအနွယ်၌ ကြောက်မက်ဖွယ်သောအမှုကို ငါမြင်ရပြီ။ ဧဖရိမ်သည် ပြည့်တန်ဆာလုပ်လေပြီ။ အစ္စရေးသည် ကိုယ်ကိုညစ်ညူးစေလေပြီ။ Common Language Bible ဣသရေလပြည်သားတို့၏စက်ဆုပ်ဖွယ် ကောင်းသောအမှုကိုငါမြင်ရပြီ။ ငါ၏ လူမျိုးတော်သည်ရုပ်တုများကိုကိုးကွယ် ၍မိမိတို့ကိုယ်ကိုညစ်ညမ်းစေကြပြီ။'' Garrad Bible ဣ သ ရေ လ အ မျိုး သား တို့၌ ငါ တွေ့ ရာ စက် ဆုပ် ဖွယ် အ မှု ကား၊ ဧ ဖ ရိမ် မှား ယွင်း လေ ပြီ။ ဣ သ ရေ လ သည် မ သန့် ရာ ရောက် လေ ပြီ။ Judson Bible အကယ်စင်စစ် အဓမ္မအမှုကို ပြုတတ်ကြ၏။ ကြောက်မက်ဖွယ်သောအမှုကို ဣသရေလအမျိုး၌ ငါမြင်ပြီ။ ထိုအမျိုး၌ ဧဖရိမ်သည် မှားယွင်းတတ်၏။ ဣသရေလသည် ညစ်ညူးခြင်းရှိ၏။ |
သို့သော် ရောဗောင်မင်းကြီးသည် သက်ကြီးဝါကြီးတို့ပေးသောအကြံကို လက်မခံဘဲ သူ့ထံ၌ခစားနေသော ငယ်ပေါင်းကြီးဖော်လူငယ်များနှင့် တိုင်ပင်လေ၏။
အကြောင်းမူကား ယေရောဗောင်မင်းကြီးသည် ကိုယ်တိုင်အပြစ်ပြုသည်သာမက အစ္စရေးလူမျိုးကိုပါ လမ်းမှားစေ၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခဲ့သောကြောင့်ဖြစ်၏။
ဤသို့ဖြစ်ရခြင်းမှာ အစ္စရေးလူမျိုးတို့သည် သူတို့အား အီဂျစ်ပြည်၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးလက်အောက်မှ ထုတ်ဆောင်လာခဲ့သောမိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြသောကြောင့်ဖြစ်၏။ သူတို့သည် အခြားသောဘုရားများကို ကိုးကွယ်ကြ၏။
သို့ဖြစ်၍ ထာဝရဘုရားက “လူမျိုးခြားတို့တွင်မေးကြည့်လော့။ ဤသို့သောအမှုကို မည်သူကြားဖူးသနည်း။ အစ္စရေးအပျိုကညာသည် စက်ဆုပ်ဖွယ်အမှုကို ပြုလေပြီ။
ဂျေရုဆလင်ပရောဖက်တို့တွင်လည်း ကြောက်မက်ဖွယ်ရာကို ငါတွေ့ပြီ။ သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၍ မုသားလမ်းကို လိုက်လျှောက်ကြ၏။ ဆိုးညစ်သူတို့ကို အားပေးသောကြောင့် မည်သူမျှ မိမိမကောင်းမှုမှ နောင်တမရကြ။ ပရောဖက်အားလုံးသည် ငါ့ရှေ့၌ သောဒုံမြို့သားကဲ့သို့ ဖြစ်ကြ၏။ ဂျေရုဆလင်မြို့သားတို့သည်လည်း ဂေါမောရမြို့သားကဲ့သို့ ဖြစ်ကြ၏။
ယောရှိမင်းကြီးလက်ထက်တွင်လည်း ငါ့အား ထာဝရဘုရားမိန့်ဆိုတော်မူ၏။ “လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုးပြုသောအမှုကို သင်မြင်ပြီလော။ သူသည် မြင့်မားသောတောင်ပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက် ရှိသမျှတို့သို့သွား၍ ပြည့်တန်ဆာလုပ်လေပြီ။
အဟောလသည် ငါ့အပိုင်ဖြစ်လျက်နှင့် ပြည့်တန်ဆာလုပ်၏။ သူချစ်သော အိမ်နီးချင်းအဆီးရီးယားလူမျိုးကိုစွဲမက်၍ သူ့ထံချဉ်းကပ်၏။
သူသည် အဆီးရီးယားမင်းအရာရှိအပေါင်းတို့နှင့် ဖောက်ပြန်မှားယွင်း၏။ သူတပ်မက်သောသူအပေါင်းတို့၏ရုပ်တုများနောက်သို့လိုက်၍ မိမိကိုယ်ကိုညစ်ညူးစေ၏။
ဖောက်ပြန်မှားယွင်းခြင်းနှင့် စပျစ်ဝိုင်အဟောင်း၊ စပျစ်ဝိုင်အသစ်တို့သည် သူတို့၏အသိစိတ်ကို အနိုင်ယူသွားလေပြီ။
ငါ့လူမျိုးတော်သည် သစ်သားရုပ်တုကို မေးမြန်းတတ်၏။ တောင်ဝှေးသည်လည်း သူတို့ကို ပြောပြတတ်၏။ ပြည့်တန်ဆာပြုလိုစိတ်ကြောင့် လမ်းလွဲ၍ ဘုရားသခင်ကိုစွန့်ပယ်ကာ ပြည့်တန်ဆာလုပ်ကြ၏။
ဧဖရိမ်ကို ငါသိ၏။ အစ္စရေးသည်လည်း ငါ့ကိုပုန်းရှောင်၍ မရ။ အို ဧဖရိမ်၊ သင်သည် ဖောက်ပြန်မှားယွင်းလေပြီ။ အစ္စရေးသည် ညစ်ညူးလေပြီ။