သစ္စာစောင့်သောမြို့သည် ပြည့်တန်ဆာကဲ့သို့ဖြစ်သွားပါသည်တကား။ ယခင်က တရားမျှတမှုနှင့်ပြည့်ဝရာ၊ ဖြောင့်မတ်ခြင်းတည်ရာ မြို့သည် ယခုအခါ လူသတ်သမားတို့နေရာ ဖြစ်သွားပါသည်တကား။
ဟောရှေ 2:5 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏အမိသည် ပြည့်တန်ဆာလုပ်၏။ သူတို့ကိုကိုယ်ဝန်ဆောင်သောသူသည် ရှက်ဖွယ်သောအမှုကိုပြု၏။ အကြောင်းမူကား သူက ‘ငါ့အား မုန့်နှင့်ရေ၊ သိုးမွေးနှင့်ချည်ချော၊ ဆီနှင့်ဝိုင်ကို ပေးသောချစ်သူနောက်သို့ ငါလိုက်မည်’ဟု ဆိုတတ်၏။ Common Language Bible သူတို့မိခင်သည်သစ္စာမဲ့လျက်သူတို့အား အရှက်မဲ့စွာမွေးဖွားခဲ့၏။ သူကိုယ်တိုင် က``ငါ့အားစားစရာအစာရေစာ၊ သိုး မွေး၊ ချည်နှင့်သံလွင်ဆီ၊ စပျစ်ရည်ကို ပေးသောချစ်သူတို့နောက်သို့ငါလိုက် မည်'' ဟုဆို၏။ Garrad Bible စား ဖွယ် သောက် ဖွယ်၊ သိုး ချည်၊ လျှော် ချည် နှင့် တ ကွ၊ ဆီ၊ စ ပျစ် ရည် ကို ပေး လေ့ ရှိ သော ခင် မင် သူ တို့ ကို၊ ကျွန် မ လိုက် ရှာ မည် ဟု ကြံ စည် အောက် မေ့ သူ အ မိ သည်၊ အ ရှက် တ ကွဲ မှား ယွင်း ခဲ့ သော ကြောင့်၊ Judson Bible သူတို့အမိသည် ပြည့်တန်ဆာဖြစ်၏။ သူတို့ကို ပဋိသန္ဓေယူသောသူသည် ရှက်ဖွယ်သောအမှုကို ပြုပြီ။ သူကလည်း၊ ငါ့မုန့်၊ ငါ့ရေ၊ ငါ့သိုးမွေး၊ ငါ့ပိုက်ဆန်၊ ငါ့ဆီ၊ ငါသောက်သောအရည်တို့ကို ပေးတတ်သော ငါ့ရည်းစားများ နောက်သို့ ငါလိုက်မည်ဟုဆိုပြီ။ |
သစ္စာစောင့်သောမြို့သည် ပြည့်တန်ဆာကဲ့သို့ဖြစ်သွားပါသည်တကား။ ယခင်က တရားမျှတမှုနှင့်ပြည့်ဝရာ၊ ဖြောင့်မတ်ခြင်းတည်ရာ မြို့သည် ယခုအခါ လူသတ်သမားတို့နေရာ ဖြစ်သွားပါသည်တကား။
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
အို ယုဒပြည်၊ သင်၏မြို့အရေအတွက်များပြားသည်နှင့်အမျှ သင်၏ဘုရားတို့သည်လည်းများပြား၏။ ဂျေရုဆလင်မြို့ရှိလမ်းအရေအတွက်နှင့်အမျှ ရှက်ဖွယ်သောဘုရားအတွက် သင်တို့တည်သောယဇ်ပလ္လင်များ၊ ဗာလဘုရားအတွက် နံ့သာပေါင်းမီးရှို့ပူဇော်ရန် သင်တို့တည်သောယဇ်ပလ္လင်များသည်လည်း များပြား၏။
သင်သည် မိမိစိတ်ထဲ၌ “အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း”ဟု တွေးလျှင် သင်၏ဒုစရိုက်များကြောင့် သင်အဝတ်အချွတ်ခံရ၏၊ သင်အကြမ်းဖက်ခံရ၏။
“ရှေးကာလ၌ သင်၏ထမ်းပိုးကို ငါချိုး၍ သင်၏အချည်အနှောင်တို့ကို ငါဖြတ်ခဲ့၏။ သင်က ‘အကျွန်ုပ် ဝတ်မပြုပါ’ဟု ဆို၏။ အကယ်စင်စစ် သင်သည် ရှိရှိသမျှကုန်းမြင့်ပေါ်တွင်လည်းကောင်း၊ ရှိရှိသမျှစိမ်းလန်းသောသစ်ပင်အောက်တွင်လည်းကောင်း ပြည့်တန်ဆာလုပ်၏။
အို ဂျေရုဆလင်မြို့၊ ဆုံးမပဲ့ပြင်ခြင်းကိုခံယူလော့။ သို့မဟုတ်လျှင် သင့်ကို ငါစွန့်ခွာသွားမည်။ သင့်ကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ် ဖြစ်စေမည်”ဟု မိန့်တော်မူ၏။
သင့်ကို သူတို့လက်သို့အပ်လိုက်မည်။ သူတို့သည် သင်၏ကွန်းခိုရာကို ဖြိုချပစ်မည်၊ သင်အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီးပစ်မည်။ သင့်အဝတ်များကိုချွတ်၍ လက်ဝတ်ရတနာများကိုယူပြီးလျှင် အဝတ်မပါအချည်းစည်း ပစ်ထားကြလိမ့်မည်။
သင်မွေးဖွားခြင်းအကြောင်းကိုဆိုရလျှင် သင်မွေးသောနေ့၌ သင့်ကို ချက်ကြိုးမဖြတ်ပေး၊ ရေချိုးသန့်စင်မပေး၊ ဆားမလူးပေး၊ အနှီးဖြင့် မပတ်ရစ်ပေး။
ဦးစွာဟောရှေအားဖြင့် ထာဝရဘုရားမိန့်ဆိုရာတွင် ထာဝရဘုရားက ဟောရှေအား “သင်သွား၍ ပြည့်တန်ဆာမိန်းမတစ်ဦးနှင့်စုံဖက်ပြီးလျှင် ပြည့်တန်ဆာသားသမီးတို့ကို မွေးဖွားလော့။ အကြောင်းမူကား ပြည်သည် အထပ်ထပ်ဖောက်ပြန်မှားယွင်းလျက် ထာဝရဘုရားထံမှ လမ်းလွဲသွားပြီ”ဟု မိန့်တော်မူ၏။
“သင်တို့၏မိခင်ကို အပြစ်တင်ကြ။ သူသည် ငါ့မယားမဟုတ်။ ငါသည်လည်း သူ့ခင်ပွန်းမဟုတ်ကြောင်း ပြောပြကြလော့။ ပြည့်တန်ဆာလုပ်ရပ်တို့ကို ဖယ်ရှား၍ သူ့သားမြတ်နှင့် မှားယွင်းမှုပြုခြင်းကို ရပ်တန့်စေလော့။
သူ့အား ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကိုပေးသောသူမှာ ငါဖြစ်ကြောင်း၊ ဗာလဘုရားကိုပူဇော်သောရွှေငွေတို့ကို တိုးပွားစေသူမှာ ငါဖြစ်ကြောင်း သူမသိ။
တစ်ဖန် ထာဝရဘုရားက ငါ့အား “အခြားဘုရားနောက်သို့လိုက်၍ စပျစ်ပျဉ်ကိုနှစ်သက်သော အစ္စရေးအမျိုးသားတို့အား ထာဝရဘုရား ချစ်သည့်နည်းတူ အိမ်ထောင်ရှိလျက်ပင် အခြားသူတို့နှင့် အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမကို တစ်ဖန်သွား၍ချစ်လော့”ဟု မိန့်တော်မူ၏။
သင်သည် နေ့အချိန်၌ ခလုတ်တိုက်လဲလိမ့်မည်။ ညအချိန်တွင် ပရောဖက်သည်လည်း သင်နှင့်အတူ ခလုတ်တိုက်လဲလိမ့်မည်။ သင့်အမိကိုလည်း ငါဖျက်ဆီးမည်။
အကြောင်းမူကား သူတို့သည် အဆီးရီးယားပြည်သို့ သွားကြလေပြီ။ တစ်ကောင်တည်းသွားလာတတ်သောမြည်းရိုင်းကဲ့သို့ ဖြစ်လေပြီ။ ဧဖရိမ်သည် ချစ်သူများ ငှားရမ်းလေပြီ။
“တောကန္တာရရှိ စပျစ်သီးကဲ့သို့ အစ္စရေးကို ငါတွေ့ခဲ့၏။ အဦးဆုံးသီး၍ အဦးဆုံးမှည့်သောသဖန်းသီးကဲ့သို့ သင်တို့၏ဘိုးဘေးတို့ကိုလည်း ငါမြင်ခဲ့၏။ သို့သော် သူတို့သည် ဗာလပေဂုရဘုရားထံသို့သွားပြီး မိမိတို့ကိုယ်ကို ရှက်ဖွယ်သောအရာလက်သို့ အပ်လိုက်ကြ၏။ ထို့ကြောင့် သူတို့သည် သူတို့ချစ်သောအရာကဲ့သို့ ရွံရှာဖွယ်ရာဖြစ်လေ၏။
ထိုနေ့ရက်တွင် လှပသောအပျိုကညာများနှင့် လူပျိုများ ရေငတ်သောကြောင့် အားယုတ်ကြလိမ့်မည်။
ဖိလိတ္တိမင်းတို့က “ငါတို့၏ဘုရားသည် ငါတို့၏ရန်သူရှံဆုန်ကို ငါတို့လက်သို့ အပ်တော်မူပြီ”ဟု ဆိုလျက် ဒါဂုန်ဘုရားအား ယဇ်ပူဇော်သောပွဲကြီးကို တပျော်တပါးကျင်းပရန် စုဝေးလာကြ၏။