ဒါဝိဒ်ကလည်း “ ‘ထာဝရဘုရား ဘိသိက်ပေးတော်မူသောရှင်ဘုရင်ကို အကျွန်ုပ်သတ်လေပြီ’ဟု သင့်နှုတ်မှ ဝန်ခံသောကြောင့် လူသတ်သောအပြစ်ကို သင်ပြန်ခံရပြီ”ဟု ဆို၏။
ဟောရှေ 12:14 - မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်သည် အမျက်တော်ကိုအကြီးအကျယ်နှိုးဆွလေပြီ။ ထို့ကြောင့် သူ၏အရှင်သည် သူ၏လူသတ်ခြင်းအပြစ်ကို သူ့အပေါ် ပြန်ရောက်စေမည်။ သူကဲ့ရဲ့ပြစ်တင်ခဲ့သည်များကို သူ့အပေါ် ပြန်ရောက်စေမည်။ Common Language Bible ဣသရေလပြည်သားတို့သည်ထာဝရ ဘုရားအား ခါးသီးစွာအမျက်ဒေါသ ထွက်စေ၏။ သူတို့၏ဒုစရိုက်အပြစ်များ ကြောင့်သေဒဏ်ခံသင့်ကြ၏။ သူတို့သည် ထာဝရဘုရား၏ဘုန်းအသရေတော်ကို ရှုတ်ချသောကြောင့် ကိုယ်တော်သည်သူတို့ ကိုဒဏ်ခတ်တော်မူလိမ့်မည်။ Garrad Bible ဧ ဖ ရိမ် သည် ပြင်း ထန် သော အ မျက် တော် ကို ထိုက် သည့် အ တိုင်း၊ သွေး သွန်း မှု ကို လည်း ကောင်း၊ ကဲ့ ရဲ့ မှု ကို လည်း ကောင်း၊ သူ့ အ ရှင် ဘု ရား တင် ဆပ် တော် မူ လိမ့် သ တည်း။ Judson Bible ဧဖရိမ်သည် အမျက်တော်ကို အလွန်နှိုးဆော်လေပြီ။ ထိုကြောင့်၊ လူအသက်ကို သတ်သောအပြစ်သည် သူ၌ ရောက်လိမ့်မည်။ သူကဲ့ရဲ့ခြင်းအပြစ်ကို သူ၏သခင်သည် ပြန်ပေးလိမ့်မည်။ |
ဒါဝိဒ်ကလည်း “ ‘ထာဝရဘုရား ဘိသိက်ပေးတော်မူသောရှင်ဘုရင်ကို အကျွန်ုပ်သတ်လေပြီ’ဟု သင့်နှုတ်မှ ဝန်ခံသောကြောင့် လူသတ်သောအပြစ်ကို သင်ပြန်ခံရပြီ”ဟု ဆို၏။
‘သို့သော် ထိုဖခင်၏သားသည် မိမိညီအစ်ကိုအပေါ် ကြမ်းကြုတ်သောအမှု၊ လူသတ်သောအမှု စသည့်အမှုတို့ကို ပြုသည်သာမက
အတိုးဖြင့်ချေးငှား၍အမြတ်ယူခြင်း စသည့် အမှုတစ်စုံတစ်ခုကိုပြုလျှင် သူသည် အသက်ချမ်းသာရာရမည်မဟုတ်။ ထိုသို့သောစက်ဆုပ်ရွံရှာဖွယ်ဟူသမျှတို့ကိုပြုသောကြောင့် သူသည် မုချသေရမည်။ သူ၏သွေးသည် သူ့အပေါ်ကျရောက်မည်။
တံပိုးမှုတ်သံကိုကြားသော်လည်း သတိမထားသောကြောင့် အသက်သေသွားလျှင် ကိုယ်နှင့်သာဆိုင်၏။ သတိထားသောသူမူကား အသက်ချမ်းသာရာရမည်။
ထို့နောက် သူသည် ကမ်းရိုးတန်းဒေသများဘက်သို့လှည့်၍ နယ်မြေများစွာကို သိမ်းယူနိုင်လိမ့်မည်။ သို့သော် အကြီးအမှူးတစ်ဦးသည် မောက်မာစော်ကားသောသူ့ကို ချိုးနှိမ်ပစ်လိမ့်မည်။ ထိုမောက်မာစော်ကားမှုကို သူပြန်ခံရစေမည်။
တိုင်းပြည်သည် ကျိန်ဆိုခြင်း၊ လိမ်ညာခြင်း၊ လူသတ်ခြင်း၊ ခိုးယူခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ လူသတ်မှုကို အထပ်ထပ်ကျူးလွန်ကြ၏။
သူတို့ပြန်လှည့်လာသော်လည်း အမြင့်ဆုံးသောအရှင်ထံသို့ မဟုတ်။ သူတို့သည် ကြိုးလျော့နေသောလေးနှင့် တူကြ၏။ အကြီးအကဲတို့သည် မောက်မာသောစကားများကြောင့် ဓားဖြင့် ကျဆုံးရလိမ့်မည်။ အီဂျစ်ပြည်တွင် အထင်အမြင်သေးစရာ ဖြစ်လိမ့်မည်။
ဩမရိမင်းကြီး၏ဥပဒေသအတိုင်း၊ အာဟပ်မင်းမျိုး၏အပြုအမူအတိုင်း သင်တို့ လိုက်လျှောက်ကြ၏။ သူတို့၏အကျင့်အကြံအတိုင်း လိုက်လျှောက်သောကြောင့် သင့်ကို ပျက်စီးခြင်းလက်သို့ ငါပေးအပ်လိုက်၏။ မြို့သားတို့သည် ကဲ့ရဲ့စရာဖြစ်ရလိမ့်မည်။ သင်တို့သည် ငါ့လူမျိုးတော်၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်။”
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အမျိုးသားချင်းထဲမှ ငါနှင့်တူသောပရောဖက်တစ်ပါးကို သင့်အတွက် ပေါ်ထွန်းစေတော်မူမည်။ သူ့စကားကို သင်တို့နားထောင်ရမည်။
သူတို့၏အမျိုးသားချင်းများထဲမှ သင်နှင့်တူသောပရောဖက်တစ်ပါးကို သူတို့အတွက် ငါပေါ်ထွန်းစေမည်။ သူ့နှုတ်၌ ငါ့စကားများကို သွင်းပေးမည်ဖြစ်၍ ငါမိန့်မှာသောအရာရှိသမျှကို သူတို့အား ဆင့်ဆိုလိမ့်မည်။
သင့်အားထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်ရှိ လူမျိုးအပေါင်းတို့တွင် သင်သည် ထိတ်လန့်စရာ၊ ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ ဖြစ်လိမ့်မည်။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။