ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
ဟောရှေ 10:7 - မြန်မာ့စံမီသမ္မာကျမ်း ရှမာရိသည် ပျက်စီး၍ သူ၏ဘုရင်သည်လည်း ရေပြင်ပေါ် မျောပါသွားသောသစ်ခက်ကဲ့သို့ ဖြစ်ရလိမ့်မည်။ Common Language Bible သူတို့၏ဘုရင်သည် ရေထဲတွင်မျောပါသွား သောသစ်စကဲ့သို့ဖမ်းဆီးသွားခြင်းခံရ မည်။- Garrad Bible ရှ မာ ရိ မင်း မျိုး သည်၊ ရေ အ လျဉ် ရှိ သစ် ခွံ ကဲ့ သို့ မျော သွား ရ မည်။ Judson Bible ရှမာရိသည် ပျက်ရ၏။ ရှမာရိရှင်ဘုရင်သည် ရေမြှုပ်သက်သက်ဖြစ်၏။ |
ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က တိရှဘိမြို့သားဧလိယအား “ထလော့။ ရှမာရိဘုရင်၏တမန်တို့နှင့်သွားတွေ့ပြီး သူတို့အား ‘ဧကြုန်ဘုရားဗာလဇေဗုပ်ထံသွား၍ မေးမြန်းစေသည်မှာ အစ္စရေးပြည်၌ ဘုရားသခင် မရှိသလော’ဟု ပြောလော့။
ဩဇိမင်းကြီး၏သားတော်ယောသံမင်းကြီး နန်းစံအနှစ်နှစ်ဆယ်တွင် ဧလာမင်းကြီး၏သားတော်ဟောရှေသည် ရေမလိ၏သားပေကာမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လုပ်ကြံသတ်ဖြတ်ကာ သူ့အရိုက်အရာကို ဆက်ခံလေ၏။
သို့သော် ဟောရှေမင်းကြီးသည် အီဂျစ်ဘုရင်သွာမင်းကြီးထံသို့ တမန်များစေလွှတ်ဆက်သွယ်သည့်အပြင် အဆီးရီးယားဘုရင်ထံ နှစ်စဉ်ဆက်သရမည့်အခွန်ကိုလည်း မဆက်သတော့ဘဲ ပုန်ကန်ဖို့လျှို့ဝှက်ကြံစည်နေသည်ကို အဆီးရီးယားဘုရင် သိရှိလျှင် အဆီးရီးယားဘုရင်သည် သူ့ကိုဖမ်းပြီး ထောင်ထဲ၌ အကျဉ်းချထားလေ၏။
အို ဗေသလမြို့၊ သင်တို့ပြုခဲ့သောမကောင်းမှုဒုစရိုက်များကြောင့် သင်တို့၌ ထိုသို့ဖြစ်လိမ့်မည်။ အရုဏ်ဦး၌ပင် အစ္စရေးဘုရင်သည် ရှင်းရှင်းဖျက်ဆီးခြင်းခံရမည်။
သူတို့က “ငါတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ကြသောကြောင့် ငါတို့၌ ရှင်ဘုရင်မရှိတော့ပြီ။ ရှင်ဘုရင်ရှိလျှင်လည်း ငါတို့အဖို့ မည်သို့ပြုပေးနိုင်မည်နည်း”ဟု ဆိုကြလိမ့်မည်။
အစ္စရေးအပြစ်ပြုရာဖြစ်သည့် အာဝင်မြို့ရှိအထွတ်အမြတ်ထားရာနေရာတို့သည် ဖျက်ဆီးခြင်းခံရမည်။ သူတို့၏ယဇ်ပလ္လင်များကိုလည်း ဆူးပင်နှင့် ဆူးလေပင်များက ဖုံးလွှမ်းနေလိမ့်မည်။ ထိုအခါ သူတို့က တောင်များအား “ငါတို့ကို ဖုံးအုပ်ကြပါ” တောင်ကုန်းများအား “ငါတို့အပေါ် ပြိုကျကြပါ”ဟု ဆိုကြလိမ့်မည်။
ငါသည် အမျက်ထွက်၍ ရှင်ဘုရင်တစ်ပါးကို သင့်အား ပေးခဲ့၏။ အမျက်ထွက်၍ပင် သူ့ကို ဖယ်ရှားခဲ့၏။
မိမိတို့အရှက်ကို အမြှုပ်ကဲ့သို့ပေါ်စေသည့် ပြင်းထန်သောပင်လယ်လှိုင်းတံပိုးများ၊ လှည့်လည်သွားလာသော ကြယ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထာဝရထိန်းသိမ်းထားလျက်ရှိ၏။