သြဗဒိ 1:9 - မြန်မာ့စံမီသမ္မာကျမ်း အို တေမန်မြို့၊ သင်၏စစ်သူရဲတို့ စိတ်ပျက်အားလျော့ကြသောကြောင့် ဧသောတောင်ရှိလူအားလုံး သတ်ဖြတ်သုတ်သင်ခြင်းခံရလိမ့်မည်။ Common Language Bible လက်နက်ကိုင်စွဲသူတေမန်မြို့သားတို့သည် ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။ ဧဒုံပြည်ရှိစစ်သည်တပ်သားအပေါင်းတို့ သည် အသတ်ခံရကြလိမ့်မည်။ Judson Bible အို တေမန်မြို့၊ ဧသော၏တောင်မှ ခပ်သိမ်းသော သူတို့ကို ပယ်ဖြတ်မည်အကြောင်း၊ သင်၏သူရဲတို့သည် ကြောက်ကြလိမ့်မည်။ |
ယောဗပ်မင်းကြီး အနိစ္စရောက်သောအခါ တေမန်အမျိုးသားဟုရှံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယောဘသည် ထိုအဖြစ်ဆိုးအလုံးစုံတို့ကို ကြုံတွေ့နေရကြောင်း ကြားသိကြလျှင် တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာ စသောသူ၏သူငယ်ချင်းသုံးဦးတို့သည် ယောဘကိုစာနာသဖြင့် နှစ်သိမ့်ပေးရန် မိမိတို့နေရပ်မှထွက်လာ၍ အတူတကွတွေ့ဆုံကာ ယောဘထံသို့ အတူသွားကြ၏။
ထို့ကြောင့် ဧဒုံပြည်ကိုဆန့်ကျင်၍ ထာဝရဘုရား ကြံစည်ထားသောအကြံအစည်၊ တေမန်ပြည်သားတို့ကိုဆန့်ကျင်၍ ရည်ရွယ်ထားသောရည်ရွယ်ချက်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် သူတို့၏သိုးငယ်လေးများကို ဆွဲခေါ်သွားကြမည်။ အကယ်စင်စစ် ကိုယ့်ကြောင့် ကိုယ့်စားကျက်မြေ ဖျက်ဆီးခြင်းခံရမည်။
ကြည့်ရှုလော့။ ရန်သူသည် လင်းယုန်ကဲ့သို့ အတောင်ပံကိုဖြန့်၍ ပျံတက်ပြီးမှ ဗောဇရမြို့သို့ ထိုးဆင်းလာလေပြီ။ ထိုနေ့ရက်၌ ဧဒုံစစ်သူရဲတို့၏စိတ်နှလုံးသည် သားဖွားခြင်းဝေဒနာခံစားရသောမိန်းမကဲ့သို့ ကြောက်လန့်ရလိမ့်မည်။
ဧဒုံပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “တေမန်မြို့၌ ပညာရှိ မရှိတော့သလော။ အသိဉာဏ်ရှိသောသူတို့သည် အကြံမပေးနိုင်တော့သလော။ သူတို့ ဉာဏ်ပညာမဲ့ကြပြီလော။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် လက်တော်ကိုဆန့်၍ ဧဒုံပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပစ်မည်။ ဆိတ်ညံရာဖြစ်စေမည်။ တေမန်မြို့မှစ၍ ဒေဒန်မြို့တိုင်အောင် ဓားဘေးကျရောက်စေမည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါသည် တေမန်မြို့အပေါ် မီးကိုလွှတ်၍ ဗောဇရခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
အရဲရင့်ဆုံးစစ်သူရဲတို့ပင် ထိုနေ့၌ အဝတ်မပါဘဲ ထွက်ပြေးရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ကယ်တင်မည့်သူတို့သည် ဧသောတောင်ကို အုပ်စိုးရန် ဇိအုန်တောင်ပေါ်သို့တက်လာလိမ့်မည်။ ထိုနိုင်ငံသည် ထာဝရဘုရား၏နိုင်ငံတော် ဖြစ်မည်။
“ညအချိန် သင့်ကို သူခိုးဓားပြဝင်တိုက်လျှင် သင်မည်မျှဆုံးရှုံးသွားမည်နည်း။ သူတို့လိုချင်သောအရာကိုသာ ယူသွားကြမည်မဟုတ်လော။ သင့်ခြံ၌ စပျစ်သီးလာခူးကြလျှင် ကောက်သင်းကောက်သူအတွက် ချန်ထားတတ်ကြသည်မဟုတ်လော။
ကြည့်ရှုလော့။ သင့်စစ်သည်တို့သည် မိန်းမသဖွယ်ဖြစ်လေပြီ။ ကန့်လန့်ကျင်တို့ကို မီးလောင်ကျွမ်းပြီး မြို့တံခါးတို့သည်လည်း ရန်သူတို့အဖို့ ဟင်းလင်းပွင့်လေပြီ။
ဘုရားသခင်သည် တေမန်မြို့မှ ကြွလာတော်မူ၏။ သန့်ရှင်းတော်မူသောအရှင်သည် ပါရန်တောင်မှ ကြွလာတော်မူ၏။ ကိုယ်တော်၏ဘုန်းတော်သည် ကောင်းကင်တစ်ပြင်လုံးကိုဖုံးလွှမ်း၍ ဂုဏ်တော်ချီးမွမ်းသံသည်လည်း မြေတစ်ပြင်လုံး ပျံ့နှံ့လေ၏။ (စေလာ)
သူတို့ကိုရန်မစနှင့်။ စိရတောင်ကို ဧသောအား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့၏ပြည်ကို ခြေတစ်ဖဝါးစာမျှ သင်တို့အားငါမပေး။