ထာဝရဘုရားသည် တိုင်းနိုင်ငံတို့၏အကြံဉာဏ်ကို ပယ်ဖျက်၍ လူမျိုးတို့၏အကြံအစည်များကို ဟန့်တားတော်မူ၏။
သြဗဒိ 1:8 - မြန်မာ့စံမီသမ္မာကျမ်း “ထိုနေ့ရက်တွင် ဧဒုံပြည်မှ ပညာရှိများ၊ ဧသောတောင်မှ ထိုးထွင်းဉာဏ်ရှိသူတို့ကို ငါဖယ်ရှားပစ်မည်။ Common Language Bible ``ငါသည်ဧဒုံပြည်ကိုအပြစ်ဒဏ်ခတ်ချိန်၌၊ သူ၏ပညာရှိများကိုသုတ်သင်၍၊ အသိပညာရှိသမျှကို ပယ်ရှင်းပစ်မည်။ Garrad Bible အို တေ မန် ပြည် ဧ သော တောင် မှ ရှိ သ မျှ တို့ လုပ် ကြံ ပယ် ရှား ခံ ရ အံ့ သော ငှာ ထို နေ့ ရက် ကာ လ၌ ဧ ဒုံ ပြည် မှ ပ ညာ ရှိ တို့ ကို လည်း ကောင်း၊ ဧ သော တောင် မှ ဉာဏ် ပ ဋိ ဘာန် ရှိ သူ တို့ ကိုလည်း ကောင်း၊ ငါ ဖျက် ဆီး သ ဖြင့် သင့် သူ ရဲ ကောင်း တို့ သည် တုန် လှုပ် ကြ လ တ္တံ့ ဟု ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ရှိ၏။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ဧဒုံပြည်မှ ပညာရှိတို့ကိုလည်းကောင်း၊ ဧသော၏တောင်မှ ဉာဏ်ကောင်းသော သူတို့ကိုလည်းကောင်း ငါပယ်ရှားမည်။ |
ထာဝရဘုရားသည် တိုင်းနိုင်ငံတို့၏အကြံဉာဏ်ကို ပယ်ဖျက်၍ လူမျိုးတို့၏အကြံအစည်များကို ဟန့်တားတော်မူ၏။
အကယ်စင်စစ် ဇောနမြို့၏အကြီးအကဲတို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ဖာရောမင်းကြီး၏ပညာရှိသော အတိုင်ပင်ခံအမတ်တို့သည် မိုက်မဲသောအကြံဉာဏ်ကိုပေးကြ၏။ ဖာရောမင်းကြီးအား “အကျွန်ုပ်သည် ပညာရှိတို့၏အမျိုး၊ ရှေးဘုရင်တို့၏အမျိုး ဖြစ်ပါသည်”ဟု မည်သို့လျှောက်ဆိုနိုင်မည်နည်း။
သင်၏ပညာရှိတို့သည် အဘယ်မှာနည်း။ သူတို့သည် အီဂျစ်ပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကြံစည်တော်မူသောအရာကို သင့်အား ပြောပြကြပါစေ။ ဖော်ပြကြပါစေ။
အီဂျစ်ပြည်သားတို့သည် စိတ်ပျက်ကြလိမ့်မည်။ သူတို့၏အကြံအစည်ကိုလည်း ငါဖျက်ဆီးမည်။ ထိုအခါ သူတို့သည် ရုပ်တု၊ နတ်၊ နတ်ဝင်သည်၊ နတ်ထိန်းတို့ထံ မေးမြန်းကြလိမ့်မည်။
ထို့ကြောင့် ကြည့်ရှုလော့။ ငါသည် ဤလူမျိုးကိုအံ့ဩစေမည့် အံ့ဖွယ်အမှုတစ်ခုပြီးတစ်ခု ပြုမည်။ သူတို့ထဲမှ ပညာရှိတို့၏ဉာဏ်ပညာသည် ပျက်စီးသွားမည်။ အသိဉာဏ်ရှိသူတို့၏အသိဉာဏ်သည်လည်း ကွယ်ပျောက်သွားမည်”ဟု မိန့်တော်မူ၏။