ငါသည် အချိန်ကြာကြာ တိတ်ဆိတ်စွာနေခဲ့ပြီ။ ငါသည် နှုတ်ဆိတ်နေလျက် ကိုယ့်ကိုယ်ကိုယ်ချုပ်တည်းခဲ့ပြီ။ ယခုမှာ သားဖွားသောမိန်းမကဲ့သို့ အသက်ပြင်းပြင်းရှူလျက်၊ မောပန်းလျက် အော်ဟစ်နေမည်။
သြဗဒိ 1:16 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏သန့်ရှင်းသောတောင်ပေါ်တွင် သင်တို့သောက်ခဲ့ရသကဲ့သို့ လူမျိုးတကာတို့သည်လည်း အစဉ်မပြတ်သောက်ရလိမ့်မည်။ သူတို့သည် သောက်၍မျိုချပြီး မဖြစ်စဖူးအဖြစ်မျိုး ကြုံရလိမ့်မည်။ Common Language Bible ငါ့လူမျိုးတော်သည်ငါ၏သန့်ရှင်းမြင့် မြတ်သော တောင်တော်ပေါ်တွင်၊ ငါ၏ဆိုးရွားသောအမျက်တော်စပျစ် ရည်ကို သောက်ရကြလေပြီ။ အနီးအနားဝန်းကျင်ရှိလူမျိုးတကာတို့ သည်လည်း ထိုထက်ပင်ပိုမိုဆိုးရွားသည့်အမျက်တော် စပျစ်ရည်ကိုသောက်ရကြလိမ့်မည်။ သူတို့သည်ယင်းကိုအကုန်အစင်သောက် ပြီးနောက်၊ ကွယ်ပျောက်၍သွားကြလိမ့်မည်။ Garrad Bible သန့် ရှင်း သော တောင် တော် ပေါ်၌ သင် တို့ သည် သုံး သောက် ခဲ့ ကြ သည် နှင့် အ မျှ လူ မျိုး တ ကာ တို့ လည်း မ ဖြစ် စ ဘူး သော အ ဖြစ် ရောက် သည့် တိုင် အောင် အ စဉ် သုံး သောက် မျို စား ကြ ရ လ တ္တံ့။ Judson Bible ယုဒအမျိုးသားတို့သည် သန့်ရှင်းသော ငါ့တောင်ပေါ်မှာ စားသောက်သကဲ့သို့၊ ပတ်လည်၌နေသော လူမျိုးအပေါင်းတို့သည် စားသောက်ရကြလိမ့်မည်။ စားသောက်၍မျိုသဖြင့် မရှိဖူးသောသူကဲ့သို့ ဖြစ်ရကြလိမ့်မည်။ |
ငါသည် အချိန်ကြာကြာ တိတ်ဆိတ်စွာနေခဲ့ပြီ။ ငါသည် နှုတ်ဆိတ်နေလျက် ကိုယ့်ကိုယ်ကိုယ်ချုပ်တည်းခဲ့ပြီ။ ယခုမှာ သားဖွားသောမိန်းမကဲ့သို့ အသက်ပြင်းပြင်းရှူလျက်၊ မောပန်းလျက် အော်ဟစ်နေမည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ ခွက်ဖလားကိုသောက်စရာမလိုသောသူတို့ပင် သောက်ရသည်ဆိုလျှင် သင်သည်လည်း အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်လော။ သင်သည် အပြစ်ဒဏ်နှင့်မလွတ်။ မလွဲမသွေသောက်ရမည်”ဟု မိန့်တော်မူ၏။
ဥဇပြည်၌နေထိုင်သော ဧဒုံသမီးပျို၊ ရွှင်မြူးထားနှင့်လော့။ ဝမ်းမြောက်ထားနှင့်လော့။ ဖလားတော်သည် သင့်ထံကူးလာမည်ဖြစ်၍ သင်သည်သောက်၍ ယစ်မူးသဖြင့် အဝတ်အချည်းစည်းဖြစ်ရလိမ့်မည်။
“ဤသို့ဖြင့် ငါသည် သန့်ရှင်းရာတောင်တော် ဇိအုန်တွင် ကိန်းဝပ်သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်။ ဂျေရုဆလင်မြို့သည် သန့်ရှင်းသောမြို့ ဖြစ်လိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် ထိုမြို့ကို ဘယ်သောအခါမှ ကျော်နင်းခွင့်ရကြတော့မည်မဟုတ်။
သူတို့အားလုံး အကြမ်းဖက်မှုပြုရန် ရှေ့တည့်တည့်သို့ မျက်နှာမူလျက် ချီတက်လာကြပြီ။ သုံ့ပန်းများကိုလည်း သဲလုံးနှင့်အမျှ သိမ်းပိုက်နိုင်လေပြီ။
အကြောင်းမူကား တရားစီရင်ခြင်းကို ဘုရားသခင်၏အိမ်တော်မှ အစပြုမည့်အချိန်ရောက်လေပြီ။ ထိုသို့ ငါတို့ထံမှ အစပြုမည်ဆိုလျှင် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့၏နိဂုံးသည် မည်သို့ဖြစ်မည်နည်း။