Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သြ​ဗ​ဒိ 1:16 - Common Language Bible

16 ငါ့​လူ​မျိုး​တော်​သည်​ငါ​၏​သန့်​ရှင်း​မြင့် မြတ်​သော တောင်​တော်​ပေါ်​တွင်၊ ငါ​၏​ဆိုး​ရွား​သော​အ​မျက်​တော်​စ​ပျစ် ရည်​ကို သောက်​ရ​ကြ​လေ​ပြီ။ အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့ သည်​လည်း ထို​ထက်​ပင်​ပို​မို​ဆိုး​ရွား​သည့်​အ​မျက်​တော် စ​ပျစ်​ရည်​ကို​သောက်​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယင်း​ကို​အ​ကုန်​အ​စင်​သောက် ပြီး​နောက်၊ ကွယ်​ပျောက်​၍​သွား​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သန့် ရှင်း သော တောင် တော် ပေါ်၌ သင် တို့ သည် သုံး သောက် ခဲ့ ကြ သည် နှင့် အ မျှ လူ မျိုး တ ကာ တို့ လည်း မ ဖြစ် စ ဘူး သော အ ဖြစ် ရောက် သည့် တိုင် အောင် အ စဉ် သုံး သောက် မျို စား ကြ ရ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ယု​ဒ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​သော ငါ့​တောင်​ပေါ်​မှာ စား​သောက်​သ​ကဲ့​သို့၊ ပတ်​လည်၌​နေ​သော လူ​မျိုး​အ​ပေါင်း​တို့​သည် စား​သောက်​ရ​ကြ​လိမ့်​မည်။ စား​သောက်၍​မျို​သ​ဖြင့် မ​ရှိ​ဖူး​သော​သူ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ငါ​၏​သန့်ရှင်း​သော​တောင်​ပေါ်တွင် သင်​တို့​သောက်​ခဲ့​ရ​သကဲ့သို့ လူမျိုး​တကာ​တို့​သည်​လည်း အစဉ်မပြတ်​သောက်​ရ​လိမ့်မည်​။ သူ​တို့​သည် သောက်​၍​မျိုချ​ပြီး မ​ဖြစ်​စဖူး​အဖြစ်​မျိုး ကြုံ​ရ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သြ​ဗ​ဒိ 1:16
13 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​က ``ငါ​သည်​ကာ​လ​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​နေ​ခဲ့​၏။ ငါ​၏​လူ​မျိုး​တော်​အား​အ​ဖြေ​မ​ပေး​ခဲ့။ သို့​ရာ​တွင်​ယ​ခု​အ​ရေး​ယူ​ဆောင်​ရွက်​ရန် အ​ချိန်​ကျ​ရောက်​လာ​လေ​ပြီ။ ငါ​သည်​သား​ဖွား​သော​ဝေ​ဒ​နာ​ကို​ခံ​ရ​သူ အ​မျိုး​သ​မီး​ကဲ့​သို့​အော်​ဟစ်​ပါ​၏။


``အ​ပြစ်​ဒဏ်​မ​ခံ​သင့်​သူ​များ​ပင်​လျှင်​ခံ ရ​ကြ​ပါ​မူ၊ သင်​တို့​သည်​အ​ပြစ်​ဒဏ်​ခွက် ဖ​လား​မှ​မ​သောက်​ဘဲ​နေ​ရ​ကြ​လိမ့်​မည် ဟု​ထင်​မှတ်​ကြ​သ​လော။ သင်​တို့​သည်​ဧ​ကန် မု​ချ​အ​ပြစ်​ခွက်​ဖ​လား​မှ​သောက်​ရ​ကြ မည်။-


ဧ​ဒုံ​ပြည်​နှင့်​ဥ​ဇ​ပြည်​သား​တို့​ရယ်​မော​၍ နေ​ကြ​လော့။ သင်​တို့​ဝမ်း​မြောက်​နိုင်​သည့်​ကာ​လ​ဝမ်း​မြောက်​လျက် နေ​ကြ​လော့။ သင်​တို့​ကြုံ​တွေ့​ရ​မည့်​ဘေး​အန္တရာယ်​သည်​လည်း သက်​ရောက်​လာ​လိမ့်​မည်။ သင်​သည်​လည်း​အ​ဝတ်​မဲ့​လျက်​ဒ​ယိမ်း​ဒ​ယိုင်​နှင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထို​အ​ခါ​ငါ​သည်​သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဇိ​အုန်​တောင်​ပေါ်​တွင်​ကျိန်း​ဝပ်​တော်​မူ​ပေ​သည်။ ယေ​ရု​ရှ​လင်​မြို့​သည်​သန့်​ရှင်း​မြင့်​မြတ်​လိမ့်​မည်။ လူ​မျိုး​ခြား​တို့​သည်​ထို​မြို့​ကို​နောက်​တစ်​ဖန် အ​ဘယ်​အ​ခါ​၌​မျှ​နိုင်​နင်း​ရ​ကြ​လိမ့်​မည် မ​ဟုတ်။


``သူ​တို့​၏​တပ်​များ​သည်​အ​ပြင်း​အ​ထန်​ရှေ့​သို့​ချီ​တက်​လျက်​တိုက်​ခိုက်​အောင်​မြင်​ကြ​ကုန်​၏။ သူ​တို့​ဖမ်း​ဆီး​ရ​မိ​သည့်​သုံ့​ပန်း​များ​မှာ​သဲ​လုံး​နှင့်​အ​မျှ​များ​ပေ​သည်။-


တ​ရား​စီ​ရင်​တော်​မူ​ရာ​အ​ချိန်​သည်​ကျ​ရောက် လာ​လေ​ပြီ။ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့ သည်​တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို​ပ​ထ​မ ဦး​စွာ​ခံ​ရ​ကြ​မည်။ ငါ​တို့​သည်​ဦး​စွာ​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ခံ​ရ​ကြ​လျှင်​ဘု​ရား​သ​ခင် ၏​သ​တင်း​ကောင်း​ကို​မ​ယုံ​ကြည်​သူ​တို့​မည် သို့​ဖြစ်​လိမ့်​မည်​နည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ