ထ၍ဗေသလအရပ်သို့သွားကြစို့။ ငါဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုထူးတော်မူ၍ ငါသွားသောလမ်းခရီး၌ ငါနှင့်အတူရှိတော်မူသော ဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို ငါတည်မည်”ဟု ဆို၏။
သြဗဒိ 1:14 - မြန်မာ့စံမီသမ္မာကျမ်း ထွက်ပြေးလွတ်မြောက်လာသူများကို သုတ်သင်ပစ်ရန် လမ်းဆုံလမ်းခွ၌ သင်စောင့်မနေသင့်။ ဆင်းရဲဒုက္ခနေ့တွင် အသက်ရှင်ကျန်ရစ်သူများကို ရန်သူ့လက်သို့ သင်မအပ်နှံသင့်။ Common Language Bible သင်သည်ကြိုးစား၍ထွက်ပြေးကြသူတို့ အားဖမ်းဆီးရန် လမ်းဆုံလမ်းခွများတွင်ရပ်လျက်မနေသင့်။ ထိုသူတို့ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရ ချိန်၌ သူတို့အားရန်သူလက်သို့မအပ်သင့်။ Garrad Bible ဘေး လွတ် သူ တို့ ကို လုပ် ကြံ ရန် လမ်း ဆုံ၌ စောင့် နေ ခြင်း၊ အ ကြွင်း အ ကျန် တို့ ကို ဒု က္ခ ရောက် သော နေ့ ရက်၌ အပ် နှင်း ခြင်း များ ကိုလည်း ကောင်း ပြု ခဲ့ သည် မှာ မ သင့် မလျော် ချေ။ Judson Bible လွတ်သောသူတို့ကို ဆီးတားခြင်းငှာ ဖြတ်လမ်း၌ မရပ်မနေသင့်။ အမှုရောက်သောနေ့၌ ကျန်ကြွင်းသော သူတို့ကို မအပ်သင့်။ |
ထ၍ဗေသလအရပ်သို့သွားကြစို့။ ငါဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုထူးတော်မူ၍ ငါသွားသောလမ်းခရီး၌ ငါနှင့်အတူရှိတော်မူသော ဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို ငါတည်မည်”ဟု ဆို၏။
အကျွန်ုပ်ကို ရန်သူ၏လက်သို့အပ်တော်မမူဘဲ အကျွန်ုပ်၏ခြေကို ကျယ်ဝန်းသောအရပ်၌ ရပ်စေတော်မူပြီ။
သူတို့က “အကြံဉာဏ်ပေးပါ။ ဆုံးဖြတ်ပေးပါ။ မွန်းတည့်ချိန်မှာ သင့်အရိပ်ကိုညကဲ့သို့ ဖြစ်စေပါ။ နှင်ထုတ်ခံရသောသူတို့ကို ဝှက်ထားပါ။ ထွက်ပြေးသောသူတို့ကို မဖော်ထုတ်ပါနှင့်။
မောဘပြည်မှနှင်ထုတ်ခံရသောသူတို့သည် သင်နှင့်အတူနေထိုင်ကြပါစေ။ သူတို့ကို ဖျက်ဆီးသောသူ၏ရှေ့မှ ကာကွယ်ပေးပါ”ဟု ဆိုကြ၏။ ဖိနှိပ်သောသူမရှိတော့ပြီ။ ဖျက်ဆီးခြင်းလည်း ရပ်သွားပြီ။ နင်းချေတတ်သောသူသည် မြေကြီးပေါ်မှပျောက်ကွယ်သွားပြီ။
သူတို့က ဟေရှာယအား “ဟေဇကိမင်းကြီးက ‘ယနေ့သည် ဆင်းရဲဒုက္ခရောက်သောနေ့၊ ဆုံးမခြင်းခံရသောနေ့၊ အရှက်ကွဲရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်သော်လည်း သားဖွားရန်ခွန်အားမရှိ။
အမင်္ဂလာနေ့ကြီးပါတကား။ ဤနေ့နှင့်တူသောနေ့မရှိ။ ယာကုပ်အမျိုးတို့ ဒုက္ခရောက်သောနေ့ဖြစ်၏။ သို့သော် သူတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ “ဂါဇမြို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ပြည်သူတစ်ရပ်လုံးကိုဖမ်းခေါ်သွားပြီး ဧဒုံပြည်သို့ အပ်လိုက်လေပြီ။
တစ်ဖန် ထာဝရဘုရားက “တိုင်ရာမြို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းဖွဲ့သောပဋိညာဉ်ကို မအောက်မေ့ဘဲ ပြည်သူတစ်ရပ်လုံးကို ဧဒုံပြည်သို့ အပ်လိုက်လေပြီ။
သင့်ညီ ဘေးဆိုးကြုံရသောနေ့တွင် သင်ကြည့်မနေသင့်။ ယုဒအမျိုးသားတို့ ဖျက်ဆီးခံရသောနေ့တွင် သင်ဝမ်းမမြောက်သင့်။ ဆင်းရဲဒုက္ခရောက်သောနေ့တွင် သင်လှောင်ပြောင်မပြောဆိုသင့်။
လမ်းဆုံလမ်းခွများသို့သွား၍ တွေ့သမျှသောသူတို့ကို မင်္ဂလာဆောင်ပွဲသို့ ဖိတ်ခေါ်ကြလော့’ဟု မိန့်တော်မူ၏။