သူကြီး 9:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုသတင်းကို ယောသံကြားသောအခါ ထွက်သွား၍ ဂေရဇိမ်တောင်ထိပ်ပေါ်၌ ရပ်လျက် “ရှေခင်အမျိုးသားတို့၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်လည်း သင်တို့စကားကို နားထောင်တော်မူမည်။ Common Language Bible ဤအခြင်းအရာကိုယောသံကြားသိသော အခါ ဂေရဇိမ်တောင်ထိပ်သို့တက်၍ရပ်ပြီး လျှင် အော်ဟစ်၍ဤသို့ဆို၏။ ``အချင်းရှေခင် မြို့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သို့ပြုလျှင်ဘုရားသခင်သည်လည်း သင်တို့ ၏စကားကိုနားထောင်ကောင်းနားထောင် တော်မူလိမ့်မည်။- Garrad Bible ယော သံ ကြား သိ သော်၊ ဂေ ရ ဇိမ် တောင် ထိပ် သို့ တက် သွား ရပ် နေ ပြီး လျှင်၊ သည်း စွာ အော် ဟစ် သည် မှာ အို ရှေ ခင် မြို့ သား တို့ သင် တို့ တောင်း လျှောက် ချက် ကို ဘု ရား သ ခင် နား ညောင်း တော် မူ ရန် ငါ ပုံ စ ကား ကို နား ထောင် ကြ လော့။ Judson Bible ထိုအမှုကို ယောသံသည် ကြားသိသောအခါ၊ ဂေရဇိမ်တောင်သို့ သွား၍၊ တောင်ပေါ်မှာရပ်လျက် အသံကိုလွှင့်၍ ကြွေးကြော်လေသည်မှာ၊ အိုရှေခင်မြို့သားတို့၊ သင်တို့စကားကို ဘုရားသခင် နားထောင်တော်မူမည်အကြောင်း၊ ငါ့စကားကို နားထောင်ကြလော့။ |
ဆင်းရဲသောသူ၏ငိုကြွေးသံကိုမကြားလို၍ မိမိနားကိုပိတ်ထားသောသူသည် ကိုယ်တိုင်ဟစ်ခေါ်သောအခါ မည်သူမျှ သူ့ကိုထူးလိမ့်မည်မဟုတ်။
တစ်စုံတစ်ဦးသည် ပညတ်တရားကိုနာယူနာခံခြင်းမရှိလျှင် သူ၏ဆုတောင်းချက်သည်ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
သင်တို့လက်ကို ဖြန့်သောအခါ သင်တို့ထံမှ ငါမျက်နှာလွှဲမည်။ သင်တို့သည် အကြိမ်ကြိမ်ဆုတောင်းကြလျှင်လည်း ငါနားမထောင်။ သင်တို့လက်သည် သွေးစွန်းလျက်ရှိ၏။
ကျွန်မတို့၏ဘိုးဘေးများသည် ဤတောင်ပေါ်၌ ဝတ်ပြုကိုးကွယ်ခဲ့ကြပါ၏။ အရှင်တို့ကမူ ဝတ်ပြုကိုးကွယ်ရမည့်နေရာသည် ဂျေရုဆလင်မြို့၌ရှိသည်ဟူ၍ ပြောဆိုကြပါ၏”ဟု လျှောက်လေ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ဝင်ရောက်သိမ်းပိုက်ရမည့်ပြည်သို့ သင့်ကို ပို့ဆောင်သောအခါ သင်သည် ကောင်းချီးမင်္ဂလာကို ဂေရဇိမ်တောင်ပေါ်၌လည်းကောင်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌လည်းကောင်း ထားရမည်။
ထိုတောင်တို့သည် ဂျော်ဒန်မြစ်တစ်ဖက်၊ နေဝင်ရာအနောက်လမ်း၊ အရာဗလွင်ပြင်၌နေထိုင်သော ခါနာန်လူမျိုးတို့၏နယ်မြေ၊ ဂိလဂါလပြည်နှင့်မျက်နှာချင်းဆိုင်၊ မောရေတောင်ကုန်းရှိဝက်သစ်ချပင်များအနီး၌ ရှိသည်မဟုတ်လော။
“သင်တို့သည် ဂျော်ဒန်မြစ်ကိုကူးပြီးသည့်နောက် လူတို့အားကောင်းချီးစကားပြောကြားသောအခါ ရှိမောင်အမျိုး၊ လေဝိအမျိုး၊ ယုဒအမျိုး၊ ဣသခါအမျိုး၊ ယောသပ်အမျိုး၊ ဗင်္ယာမိန်အမျိုး တို့သည် ဂေရဇိမ်တောင်ပေါ်၌ ရပ်နေရမည်။
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။
အစ္စရေးလူမျိုးတို့အား ကောင်းချီးပေးမည့်အကြောင်း ထာဝရဘုရား၏အစေအပါးမောရှေက မိန့်မှာထားခဲ့သည့်အတိုင်း အစ္စရေးလူမျိုးအပေါင်းတို့သည် တိုင်းတစ်ပါးသားများ၊ အမျိုးသားချင်းများပါလျက် သက်ကြီးဝါကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တရားသူကြီးများနှင့်အတူ သေတ္တာတော်တစ်ဖက်တစ်ချက်၊ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းရသောလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ရှေ့၌ရပ်ကြ၏။ ဂေရဇိမ်တောင်အရှေ့တွင် တစ်ဝက်၊ ဧဗလတောင်အရှေ့တွင် တစ်ဝက် ရပ်နေကြ၏။
ထို့နောက် ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားအပေါင်းတို့သည် ရှေခင်မြို့ရှိ အထိမ်းအမှတ်ဝက်သစ်ချပင်ရှိရာသို့ စုရုံးသွားကြပြီး အဘိမလက်ကို မင်းမြှောက်ကြ၏။
တစ်ခါက သစ်ပင်တို့သည် မိမိတို့ကိုအုပ်စိုးမည့်ရှင်ဘုရင်တစ်ပါးကို ဘိသိက်ပေးရန် လိုက်ရှာကြရာ သံလွင်ပင်ထံသို့ရောက်၍ ‘အကျွန်ုပ်တို့ကို အုပ်စိုးပါလော့’ဟု ဆိုကြ၏။