သူသည် ရှေခင်၏ဖခင်ဖြစ်သော ဟာမော်၏သားတို့ထံမှ ငွေတစ်ရာဖြင့်မြေကွက်ကိုဝယ်ယူပြီး ထိုအရပ်၌တဲထိုးလေ၏။
သူကြီး 9:28 - မြန်မာ့စံမီသမ္မာကျမ်း ဧဗက်၏သား ဂါလက “ငါတို့သည် အဘိမလက်ကိုအစေခံရမည့်အကြောင်း ရှေခင်သားအဘိမလက်ကား မည်သူနည်း။ သူသည် ယေရုဗ္ဗာလ၏သားမဟုတ်လော။ ဇေဗုလသည် သူ၏လက်ထောက်မဟုတ်လော။ ရှေခင်၏အဖ ဟာမော်၏လူတို့ကို အစေခံကြလော့။ အဘိမလက်ကို အဘယ်ကြောင့် အစေခံရမည်နည်း။ Common Language Bible ဂါလက``ငါတို့ရှေခင်မြို့သားများကား အဘယ်သို့သောသူများပေနည်း။ အဘိ မလက်၏အစေကိုအဘယ်ကြောင့်ငါတို့ ခံနေကြပါသနည်း။ သူကားအဘယ်သူ နည်း။ သူသည်ဂိဒေါင်၏သားမဟုတ်လော။ ဇေဗုလသည်သူ၏အမိန့်ကိုနာခံရသော် လည်း ငါတို့ကားအဘယ်ကြောင့်သူ၏အစေ ကိုခံပါမည်နည်း။ သင်တို့သားချင်းစုကို စတင်တည်ထောင်ပေးခဲ့သူဟာမော်အား သစ္စာစောင့်ကြလော့။- Garrad Bible ဧ ဗက် သား ဂါ လ က၊ သူ့ လက် အောက်၌ ငါ တို့ ကျွန် ခံ နိုင် ရန် အ ဘိ မ လက် ကား မည် သူ နည်း။ ရှေ ခင် ကား မည် သူ နည်း။ အ ဘိ မ လက် သည် ယေ ရု ဗ္ဗာ လ သား မျှ သာ မ ဟုတ် လော။ ဇေ ဗု လ ကား၊ ၎င်း၏ ကိုယ် စား လှယ် ဖြစ် သည် မ ဟုတ် လော။ ရှေ ခင့် အ ဘ ဟာ မော်၏ လူ တို့ အောက် တွင် ကျွန် ခံ ကြ လေ။ အ ဘိ မ လက် အောက် တွင် အ ဘယ် ကြောင့် ကျွန် ခံ ရ မည် နည်း။ Judson Bible ဧဗက်၏သား ဂါလကလည်း၊ ငါတို့သည် အဘိမလက်အမှုကို စောင့်ရမည်အကြောင်း၊ အဘိမလက်ကား အဘယ်သူနည်း၊ ရှေခင်ကား အဘယ်သူနည်း။ အဘိမလက်သည် ယေရုဗ္ဗာလသား မဟုတ်လော။ ဇေဗုလသည် သူ၏အမှုထမ်းမဟုတ်လော။ ရှေခင်အဘ ဟာမော်လူတို့၏အမှုကို ထမ်းကြလော့။ အဘိမလက်အမှုကို အဘယ်ကြောင့် ထမ်းရမည်နည်း။ |
သူသည် ရှေခင်၏ဖခင်ဖြစ်သော ဟာမော်၏သားတို့ထံမှ ငွေတစ်ရာဖြင့်မြေကွက်ကိုဝယ်ယူပြီး ထိုအရပ်၌တဲထိုးလေ၏။
ထိုပြည်၏မင်းဖြစ်သောဟိဝိလူမျိုးဟာမော်၏သား ရှေခင်သည် သူ့ကိုမြင်လျှင် ခေါ်ဆောင်သွား၍ သူနှင့်အိပ်ခြင်းဖြင့် သူ့အသရေကိုရှုတ်ချလေ၏။
ဂိလဂါလမြို့တွင် ဗင်္ယာမိန်အမျိုးသား ဗိခရိ၏သားဖြစ်သူ ရှေဘအမည်ရှိသော ဆိုးညစ်သူ တစ်ဦးရှိ၏။ သူသည် တံပိုးကိုမှုတ်၍ “ဒါဝိဒ်၌ ငါတို့ ဝေစုမရှိ။ ယေရှဲ၏သား၌ ငါတို့ အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြ”ဟု ဆို၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် မိမိတို့စကားကို ရှင်ဘုရင်နားမထောင်ကြောင်း သိမြင်လျှင် သူတို့က ရှင်ဘုရင်အား “ဒါဝိဒ်မင်းကြီး၌ ငါတို့ မည်သည့်ဝေစုရှိသနည်း။ ယေရှဲ၏သား၌ ငါတို့အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်တဲသို့ ကိုယ်ပြန်ကြလော့။ အို ဒါဝိဒ်မင်းကြီး၊ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ပါလော့”ဟု ပြန်ပြောပြီး အစ္စရေးလူမျိုးတို့သည် ကိုယ့်တဲသို့ ကိုယ်ပြန်သွားကြလေ၏။
ထိုစဉ် ဧဗက်၏သားဂါလနှင့် သူ့ညီအစ်ကိုတို့သည် ရှေခင်မြို့သို့ ရောက်လာကြ၏။ ရှေခင်မြို့သားတို့သည် သူ့ကို ယုံကြည်အားထားကြ၏။
အဘိမလက်သည် အရုမမြို့၌နေထိုင်လေ၏။ ဇေဗုလသည် ဂါလနှင့်သူ၏ညီအစ်ကိုတို့ကို နှင်ထုတ်လိုက်သဖြင့် ရှေခင်မြို့၌ သူတို့ မနေထိုင်ရတော့ချေ။
နာဗလက ဒါဝိဒ်၏အစေအပါးတို့အား “ဒါဝိဒ်ကား မည်သူနည်း။ ယေရှဲ၏သားကား မည်သူနည်း။ ယခုနေ့ရက်တို့တွင် သခင့်ထံမှ ထွက်ပြေးသောအစေအပါး များပြားလှပါတကား။