မီးခဲများသည် သူတို့အပေါ်သို့ကျရောက်ပါစေသော။ သူတို့သည် မီးထဲသို့လည်းကောင်း၊ တွင်းနက်ထဲသို့လည်းကောင်း ပစ်ချခြင်းခံရပါစေသော။ တစ်ဖန် မထကြပါစေနှင့်။
သူကြီး 9:20 - မြန်မာ့စံမီသမ္မာကျမ်း သို့မဟုတ်လျှင် အဘိမလက်ထဲမှ မီးထွက်၍ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ကို လောင်ကျွမ်းပါစေ။ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ထဲမှလည်း မီးထွက်၍ အဘိမလက်ကို လောင်ကျွမ်းပါစေ”ဟု ကျယ်လောင်စွာအော်ဟစ်ပြီးလျှင် Common Language Bible သို့ရာတွင်အကယ်၍ဤအမှုသည်မရိုး မဖြောင့်လျှင်မူကား အဘိမလက်ထံမှ မီးလျှံထွက်၍ရှေခင်မြို့နှင့်ဗေသမိလ္လောမြို့ ရှိလူတို့အားကျွမ်းလောင်ပါစေသော။ ရှေခင် မြို့နှင့်ဗေသမိလ္လောမြို့ရှိလူတို့ထံမှလည်း မီးလျှံထွက်၍အဘိမလက်အားကျွမ်း လောင်ပါစေသော။'' Garrad Bible သို့ မ ဟုတ် လျှင် အ ဘိ မ လက် မှ မီး ထွက် လျက် ရှေ ခင် မြို့၊ ဗက် မိ လ္လော မြို့ သား တို့ ကို ကျွမ်း လောင် ပါ စေ၊ ဗက် မိ လ္လော မြို့ သား တို့ မှ လည်း မီး ထွက် လျက် အ ဘိ မ လက် ကို ကျွမ်း လောင် ပါ စေ ဟု အော် ဟစ် ပြီး လျှင် Judson Bible သို့မဟုတ်လျှင် အဘိမလက်ထဲက မီးထွက်၍၊ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးကိုလောင်ပါစေ။ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးထဲက မီးထွက်၍ အဘိမလက်ကို လောင်ပါစေဟု ကြွေးကြော်ပြီးမှ၊ |
မီးခဲများသည် သူတို့အပေါ်သို့ကျရောက်ပါစေသော။ သူတို့သည် မီးထဲသို့လည်းကောင်း၊ တွင်းနက်ထဲသို့လည်းကောင်း ပစ်ချခြင်းခံရပါစေသော။ တစ်ဖန် မထကြပါစေနှင့်။
သူတို့၏လုပ်ဆောင်ချက်နှင့် သူတို့ပြုသောဆိုးညစ်မှုအတိုင်း သူတို့ကိုဆပ်ပေးတော်မူပါ။ သူတို့လက်ဖြင့်ပြုသောအမှုအတိုင်း သူတို့ကိုဆပ်ပေးတော်မူပါ။ သူတို့ခံထိုက်သောအရာကို သူတို့အား ပြန်၍ပေးတော်မူပါ။
လူသုံးရာတို့ တံပိုးမှုတ်သောအခါ ထာဝရဘုရားသည် တပ်စခန်းတစ်လျှောက်လုံးရှိ စစ်သည်အချင်းချင်းဓားဖြင့်တိုက်ခိုက်စေတော်မူ၏။ စစ်သည်တို့သည် ဇေရရတ်အရပ်၊ ဗက်ရှိတ္တမြို့မှ တဗွတ်မြို့အနီး အာဗေလမဟောလမြို့နားတိုင်အောင် ထွက်ပြေးကြ၏။
ဆူးလေပင်ကလည်း သစ်ပင်တို့အား ‘စင်စစ် သင်တို့သည် ငါ့ကို ဘိသိက်ပေး၍ သင်တို့ကို အုပ်စိုးစေလိုလျှင် လာကြ၊ ငါ့အရိပ်၌ ခိုလှုံကြ။ သို့မဟုတ်လျှင် ဆူးလေပင်ထဲက မီးထွက်ပြီး လက်ဘနွန်တောင်ရှိ သစ်ကတိုးပင်များကို လောင်ကျွမ်းပစ်မည်’ဟု ဆိုလေ၏။
ယခု သင်တို့သည် ယေရုဗ္ဗာလနှင့် သူ့အိမ်သူအိမ်သားတို့ကို ဖြောင့်မတ်မှန်ကန်စွာပြုသည်မှန်လျှင် အဘိမလက်အားဖြင့် ဝမ်းမြောက်ကြလော့။ သူသည်လည်း သင်တို့အားဖြင့် ဝမ်းမြောက်ပါစေ။
ယောသံသည် မိမိအစ်ကိုအဘိမလက်ကို ကြောက်သောကြောင့် ထွက်ပြေးပြီး ဗေရမြို့တွင် သွားရောက်နေထိုင်လေ၏။
ဘုရားသခင်သည် အဘိမလက်နှင့် ရှေခင်မြို့သားတို့ကြားတွင် ဆိုးညစ်သောဝိညာဉ်ကို စေလွှတ်သဖြင့် ရှေခင်မြို့သားတို့သည် အဘိမလက်ကို သစ္စာဖောက်ကြ၏။
အဘိမလက်နှင့်အဖွဲ့သည် မြို့တံခါးဝသို့ ပြေးသွား၍ နေရာယူကြ၏။ ကျန်နှစ်ဖွဲ့သည် မြို့ပြင်ရှိလူတို့ထံပြေးသွား၍ သူတို့ကို သတ်ဖြတ်လေ၏။
ထို့နောက် ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားအပေါင်းတို့သည် ရှေခင်မြို့ရှိ အထိမ်းအမှတ်ဝက်သစ်ချပင်ရှိရာသို့ စုရုံးသွားကြပြီး အဘိမလက်ကို မင်းမြှောက်ကြ၏။