ဣရှမေလ၏သားတို့အမည်ကား ဤသို့တည်း။ သူတို့၏အမည်များကို ကြီးစဉ်ငယ်လိုက်စဉ်သော် ဣရှမေလ၏သားဦးမှာ နဗာယုတ်၊ ထို့နောက် ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
သူကြီး 8:6 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သုကုတ်မြို့အကြီးအကဲတို့က “ငါတို့သည် သင်နှင့်ပါလာသောသူတို့အား စားစရာပေးရမည့်အကြောင်း ဇေဘဟနှင့်ဇာလမုန္နတို့သည် ယခု သင့်လက်ထဲ ရောက်ပြီလော”ဟု ပြန်ပြောကြ၏။ Common Language Bible သို့ရာတွင်သုကုတ်မြို့မှခေါင်းဆောင်များ က``ငါတို့သည်အဘယ်ကြောင့်သင်၏တပ် သားများအား အစာရေစာပေးရပါမည် နည်း။ ဇေဘဟနှင့်ဇာလမုန္နတို့ကိုသင်တို့ မဖမ်းမိသေးပါတကား'' ဟုပြန်ပြော ကြ၏။ Garrad Bible သု ကုတ် မြို့ ဝန် တို့ က၊ သင့် ဗိုလ် ထု အား မုန့် ပေး ရန် အ တွက် ဇေ ဘ ဟ နှင့် ဇာ လ မု န္န မင်း တို့ သည် သင့် လက် တွင်း သို့ ရောက် ရှိ ပြီ လော ဟု မေး ကြ လျှင်၊ Judson Bible သုကုတ်မင်းတို့က၊ ငါတို့သည် သင့်အမှုထမ်းတို့အား မုန့်ကိုပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ ရှိသလောဟု ပြန်ပြောကြ၏။ |
ဣရှမေလ၏သားတို့အမည်ကား ဤသို့တည်း။ သူတို့၏အမည်များကို ကြီးစဉ်ငယ်လိုက်စဉ်သော် ဣရှမေလ၏သားဦးမှာ နဗာယုတ်၊ ထို့နောက် ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
ထို့နောက် သူတို့သည် အစားအစာစားသောက်ရန် ထိုင်လိုက်ကြစဉ် ဣရှမေလလူမျိုး ခရီးသွားလူတစ်စုသည် နံ့သာမျိုးများ၊ လိမ်းဆေးများနှင့် မုရန်စေးများကို ကုလားအုတ်များပေါ်တင်ဆောင်လျက် ဂိလဒ်ပြည်ဘက်မှ အီဂျစ်ပြည်သို့ဆင်းသွားနေသည်ကို လှမ်းမြင်ရ၏။
မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ်ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။
အစ္စရေးဘုရင်ကလည်း “ဗင်္ဟာဒဒ်မင်းကြီးအား ‘ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလျက်နှင့် ချွတ်ပြီးသောသူကဲ့သို့ မဝါကြွားသင့်’ဟူ၍ ပြန်လျှောက်လော့”ဟု ပြန်ပြော၏။
သို့သော် အစ္စရေးဘုရင်ယဟောရှမင်းကြီးသည် ယုဒဘုရင်အာမဇိမင်းကြီးအား “လက်ဘနွန်တောရှိဆူးပင်က ထိုလက်ဘနွန်တောရှိသစ်ကတိုးပင်ထံ လူလွှတ်၍ ‘သင့်သမီးကို ငါ့သားနှင့် စုံဖက်စေပါ’ဟု မှာလိုက်၏။ သို့သော် လက်ဘနွန်တောရှိတောရိုင်းတိရစ္ဆာန်တစ်ကောင် ဖြတ်လာပြီး ဆူးပင်ကို နင်းချေသွား၏။
ဆင်းရဲသောသူသည် အသနားခံပြောဆိုတတ်၏။ ချမ်းသာသောသူမူကား ကြမ်းတမ်းစွာတုံ့ပြန်ပြောဆိုတတ်၏။
ထာဝရဘုရား၏ကောင်းကင်တမန်က ‘မေရောဇမြို့ကိုကျိန်ဆဲလော့။ ထိုမြို့၌နေထိုင်သောသူတို့ကို ကျိန်စာတိုက်လော့။ အကြောင်းမူကား သူတို့သည် ထာဝရဘုရားဘက် လာမကူကြ။ သူရဲကောင်းတို့နှင့်တိုက်ခိုက်သောထာဝရဘုရားဘက် လာမကူကြ’ဟု ဆို၏။
ဂိဒေါင်သည် သုကုတ်မြို့သားတို့ထံသို့ရောက်လာ၍ “ဇေဘဟနှင့်ဇာလမုန္နကို ကြည့်ကြလော့။ သင်တို့က ‘မောပန်းနေသောသင့်လူတို့အား စားစရာပေးရမည့်အကြောင်း ဇေဘဟနှင့်ဇာလမုန္နတို့သည် သင့်လက်ထဲရောက်ပြီလော’ဟု ငါ့ကိုကဲ့ရဲ့ခဲ့ကြ၏”ဟု ဆိုပြီးလျှင်
ဂိဒေါင်က သုကုတ်မြို့သားတို့အား “ငါနှင့်ပါလာသောလူတို့စားဖို့ မုန့်ပေးပါ။ ငါတို့သည် မိဒျန်ဘုရင်ဇေဘဟမင်းကြီးနှင့် ဇာလမုန္နမင်းကြီးတို့နောက်သို့ လိုက်နေရ၍ သူတို့မောပန်းနေကြ၏”ဟု ဆို၏။