Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 8:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ဂိဒေါင်​က သုကုတ်​မြို့သား​တို့​အား “​ငါ​နှင့်​ပါလာ​သော​လူ​တို့​စား​ဖို့ မုန့်​ပေး​ပါ​။ ငါ​တို့​သည် မိဒျန်​ဘုရင်​ဇေဘဟ​မင်းကြီး​နှင့် ဇာလမုန္န​မင်းကြီး​တို့​နောက်သို့ လိုက်​နေ​ရ​၍ သူ​တို့​မောပန်း​နေ​ကြ​၏​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ဂိ​ဒေါင်​သည်​သု​ကုတ်​မြို့​သို့​ရောက်​သော အ​ခါ​ထို​မြို့​သား​တို့​အား``ငါ​၏​တပ်​သား တို့​ကို​အ​စား​အ​စာ​အ​နည်း​ငယ်​ပေး​ကြ ပါ။ သူ​တို့​သည်​ပင်​ပန်း​နွမ်း​နယ်​လျက်​ရှိ ကြ​ပါ​၏။ ငါ​သည်​မိ​ဒျန်​ဘု​ရင်​ဇေဘဟ​နှင့် ဇာ​လ​မုန္န​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​နေ​ပါ သည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 သူ ကုတ် မြို့ သား တို့ အား မိ ဒျန် ဘု ရင် ဇေ ဘ ဟ နှင့် ဇာ လ မု န္န မင်း တို့ ကို ငါ လိုက် လံ ရ သည် နှင့် ပါ ရှိ သူ တို့ မော ပန်း လှ၍ မု့န် လုံး ပေး ပါ ဟု တောင်း သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သု​ကုတ်​မြို့​သား​တို့​အား​လည်း၊ ငါ့​နောက်​လိုက်​သော​သူ​တို့​အား မုန့်​ကို ပေး​ကြ​ပါ​လော့။ သူ​တို့​သည် ပင်​ပန်း​ကြ​ပြီ။ ငါ​သည် မိ​ဒျန်​မင်း​ကြီး ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မု​န္န​ကို ယ​ခု​လိုက်​ရှာ​ပါ၏​ဟု တောင်း​သော်​လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 8:5
11 ပူးပေါင်းရင်းမြစ်များ  

ဆလင်​ဘုရင်​မေလခိဇေဒက်​မင်းကြီး​သည်​လည်း မုန့်​နှင့်​စပျစ်ဝိုင်​ကို​ယူဆောင်​ခဲ့​၏​။ သူ​သည် အမြင့်ဆုံး​သော​ဘုရားသခင်​၏​ယဇ်ပုရောဟိတ်​ဖြစ်​၏​။


ယာကုပ်​မူကား သုကုတ်​အရပ်​သို့​ခရီးပြု​၍ ထို​အရပ်​၌ အိမ်​ကို​ဆောက်​လေ​၏​။ မိမိ​တိရစ္ဆာန်​များ​အတွက်​လည်း ယာယီတဲ​များ​ကို​ဆောက်​လေ​၏​။ ထို့ကြောင့် ထို​အရပ်​၏​အမည်​ကို သုကုတ် ဟု​ခေါ်​၏​။


ဘုရားသခင်​သည် မိမိ​၏​သန့်ရှင်းရာဌာန​တော်​မှ မိန့်​တော်မူ​သည်​မှာ “​ငါ​သည် ရွှင်မြူး​ခြင်း​ရှိ​လျက် ရှေခင်​မြို့​ကို​ခွဲဝေ​၍ သုကုတ်​ချိုင့်ဝှမ်း​ကို​တိုင်းတာ​ဝေခြမ်း​မည်​။


အကြောင်းမူကား အီဂျစ်​ပြည်​မှ​သင်​တို့​ထွက်လာ​သောအခါ လမ်းခရီး​၌ သူ​တို့​သည် သင်​တို့​အား အစားအစာ​ကို​လည်း​မ​ပေး​၊ ရေ​ကို​လည်း​မ​ပေး​ကြ​။ ထို့ပြင် မက်ဆိုပိုတေးမီးယား​ပြည်​၊ ပေသော်​မြို့​မှ ဗောရ​သား​ဗာလမ်​ကို​ငှား​၍ သင်​တို့​ကို​ကျိန်ဆဲ​စေ​သောကြောင့်​ဖြစ်​၏​။


ထာဝရဘုရား​၏​ကောင်းကင်တမန်​က ‘​မေရောဇ​မြို့​ကို​ကျိန်ဆဲ​လော့​။ ထို​မြို့​၌​နေထိုင်​သော​သူ​တို့​ကို ကျိန်စာတိုက်​လော့​။ အကြောင်းမူကား သူ​တို့​သည် ထာဝရဘုရား​ဘက် လာ​မ​ကူ​ကြ​။ သူရဲကောင်း​တို့​နှင့်​တိုက်ခိုက်​သော​ထာဝရဘုရား​ဘက် လာ​မ​ကူ​ကြ​’​ဟု ဆို​၏​။


အရှေ့​ပြည်သား​စစ်သည်​အပေါင်း​တို့​ထဲမှ ဓား​ကိုင်​စစ်သည်​တစ်သိန်းနှစ်သောင်း​ကျဆုံး​သွား​သဖြင့် ကြွင်းကျန်​သော​စစ်သည်​တစ်သောင်းငါးထောင်​တို့​သာ ဇေဘဟ​နှင့်​ဇာလမုန္န​တို့​နှင့်အတူ ကာကော်​မြို့​၌ ရှိ​ကြ​၏​။


ထိုအခါ ဇေဘဟ​နှင့်​ဇာလမုန္န​တို့​သည် ထွက်ပြေး​ကြ​၏​။ ဂိဒေါင်​သည်​လည်း မိဒျန်​ဘုရင်​နှစ်​ပါး​ဖြစ်​သော ဇေဘဟ​မင်းကြီး​နှင့်​ဇာလမုန္န​မင်းကြီး​တို့​နောက်သို့​လိုက်​၍ သူ​တို့​ကို​ဖမ်းဆီး​သဖြင့် စစ်သည်​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​လေ​၏​။


ဂိဒေါင်​သည် သုကုတ်​မြို့သား​တို့​ထံသို့​ရောက်လာ​၍ “​ဇေဘဟ​နှင့်​ဇာလမုန္န​ကို ကြည့်​ကြ​လော့​။ သင်​တို့​က ‘​မောပန်း​နေ​သော​သင့်​လူ​တို့​အား စားစရာ​ပေး​ရ​မည့်​အကြောင်း ဇေဘဟ​နှင့်​ဇာလမုန္န​တို့​သည် သင့်​လက်​ထဲ​ရောက်​ပြီ​လော​’​ဟု ငါ့​ကို​ကဲ့ရဲ့​ခဲ့​ကြ​၏​”​ဟု ဆို​ပြီးလျှင်


ထိုအခါ အဘိဂဲလ​သည် မုန့်​အလုံး​နှစ်ရာ​၊ စပျစ်ဝိုင်​နှစ်​ဘူး​၊ ခုတ်ထစ်​ပြီးသား​သိုး​ငါး​ကောင်​၊ မုန့်ဆန်း​ငါး​စေအာ​၊ စပျစ်သီးခြောက်​အခိုင်​တစ်ရာ​၊ သဖန်းပျဉ်​အချပ်​နှစ်ရာ တို့​ကို အလျင်အမြန်​ယူ​၍ မြည်း​များ​ပေါ်​တင်​ပြီးလျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ