သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။
သူကြီး 8:32 - မြန်မာ့စံမီသမ္မာကျမ်း ယောရှ၏သား ဂိဒေါင်သည် အိုမင်းရင့်ရော်ပြီး သေဆုံးသောအခါ အဗျေဇာအမျိုးသားတို့ နေထိုင်ရာ ဩဖရမြို့ရှိ သူ့ဖခင်ယောရှ၏သင်္ချိုင်းတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ Common Language Bible ယောရှ၏သားဂိဒေါင်သည်အသက်ကြီးရင့် ၍ကွယ်လွန်သော်သူ၏ရုပ်အလောင်းကို အဗျေ ဇာသားချင်းစု၏ဌာနေဖြစ်သောသြဖရမြို့ ရှိအဖယောရှ၏သင်္ချိုင်းဂူ၌သင်္ဂြိုဟ်ကြ၏။ Garrad Bible ယော ရှ သား ဂိ ဒေါင် သည် အ သက် ကြီး ရင့်၍ ကွယ် လွန် သော်၊ အ ဗျေ ဇာ့ အ နွယ် သား တို့ နေ ရာ သြ ဖ ရ မြို့ မှာ အ ဘ ယော ရှ၏ သင်္ချိုင်း တွင် သင်္ဂြိုဟ် ခြင်း ခံ ရ သ တည်း။ Judson Bible ယောရှသားဂိဒေါင်သည် အသက်ကြီးရင့်သော် အနိစ္စရောက်၍၊ အဗျေဇာသားနေရာ ဩဖရမြို့မှာ၊ အဘယောရှသင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ |
သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။
အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
ထို့နောက်တွင် အာသဟေလအလောင်းကို သူ့ဖခင်သင်္ချိုင်းရှိရာ ဗက်လင်မြို့သို့ သယ်သွားပြီး သင်္ဂြိုဟ်ကြ၏။ ထို့နောက် ယွာဘနှင့်သူ့လူတို့သည် ညတွင်းချင်းပြန်လာကြရာ မိုးလင်းမှ ဟေဗြုန်မြို့သို့ ပြန်ရောက်ကြ၏။
အချိန်တန်လျှင် စုသိမ်းခြင်းကိုခံရသောကောက်လှိုင်းကဲ့သို့ သင်သည်လည်း အိုမင်းသောအခါ သင်္ချိုင်းတွင်းသို့ ရောက်ရလိမ့်မည်။
ဂိဒေါင်သည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ “ငြိမ်သက်ခြင်းအရှင် ထာဝရဘုရား”ဟု မှည့်ခေါ်လေ၏။ ထိုယဇ်ပလ္လင်သည် အဗျေဇာအမျိုးသားတို့နေထိုင်ရာ ဩဖရမြို့တွင် ယနေ့တိုင်အောင် ရှိ၏။
ဂိဒေါင်သည် ထိုရွှေများဖြင့် ဧဖုဒ်သွန်းလုပ်၍ သူနေထိုင်ရာ ဩဖရမြို့တွင် ပြသထား၏။ အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုအရာအားဖြင့် ဖောက်ပြန်မှားယွင်းကြ၏။ ဤအရာသည် ဂိဒေါင်နှင့် သူ့အိမ်သူအိမ်သားတို့အတွက် ထောင်ချောက်ကဲ့သို့ ဖြစ်လာ၏။
ရှေခင်မြို့၌နေသော သူ၏မယားငယ်သည် သားယောက်ျားကိုဖွား၍ ထိုသားကို အဘိမလက် ဟုမှည့်ခေါ်၏။
ဂိဒေါင်သေဆုံးပြီးနောက် အစ္စရေးအမျိုးသားတို့သည် ဗာလဘုရားထံလှည့်၍ ဖောက်ပြန်မှားယွင်းကြပြန်၏။ ဗာလဗေရိတ်ကို ဘုရားအရာ၌ ထားကြ၏။