အကြောင်းမူကား ကိုယ်တော်၏ရန်သူတို့သည် ဆူပူသောင်းကျန်းကြပြီး ကိုယ်တော်ကိုမုန်းသောသူတို့သည် ခေါင်းထောင်လာကြပါ၏။
သူကြီး 8:28 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် မိဒျန်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ရှုံးနိမ့်ကြပြီး နောက်တစ်ဖန် ခေါင်းမထောင်ကြတော့ချေ။ ထိုအချိန်မှစ၍ ဂိဒေါင်အသက်ရှင်စဉ် အနှစ်လေးဆယ်ပတ်လုံး တိုင်းပြည်ငြိမ်းချမ်းလေ၏။ Common Language Bible သို့ဖြစ်၍မိဒျန်အမျိုးသားတို့သည် ဣသ ရေလအမျိုးသားတို့၏နှိမ်နင်းခြင်းကိုခံ ရ၍ နောက်တစ်ဖန်သူတို့အတွက်ခြိမ်းခြောက်မှု အန္တရာယ်မဖြစ်တော့ချေ။ တိုင်းပြည်သည်လည်း ဂိဒေါင်ကွယ်လွန်ချိန်တိုင်အောင် နှစ်ပေါင်းလေး ဆယ်မျှငြိမ်းချမ်းသာယာလျက်နေသတည်း။ Garrad Bible ထို သို့ မိ ဒျန် လူ မျိုး သည် ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ တွင် နိမ့် ကျ သ ဖြင့် နောက် တစ် ဖန် ခေါင်း မ ထောင် ဝံ့ ချေ။ တစ် ပြည် လုံး လည်း ဂိ ဒေါင့် လက် ထက် ပတ် လုံး အ နှစ် လေး ဆယ် တိုင် တိုင် ငြိမ်း ချမ်း လေ သ တည်း။ Judson Bible ထိုသို့ မိဒျန်အမျိုးသည် ဣသရေလအမျိုးရှေ့မှာရှုံး၍၊ နောက်တစ်ဖန် အစိုးမရဘဲ နေကြ၏။ ဂိဒေါင်လက်ထက် အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းလေ၏။ |
အကြောင်းမူကား ကိုယ်တော်၏ရန်သူတို့သည် ဆူပူသောင်းကျန်းကြပြီး ကိုယ်တော်ကိုမုန်းသောသူတို့သည် ခေါင်းထောင်လာကြပါ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် မိဒျန်လူမျိုးတို့ကို ဩရဘကျောက်နား၌ဒဏ်ခတ်သကဲ့သို့ သူတို့ကို ကျာပွတ်နှင့်ရိုက်တော်မူမည်။ အီဂျစ်လူမျိုးကိုပြုသကဲ့သို့ ပင်လယ်ပေါ်တွင် တောင်ဝှေးတော်ကို မြှောက်ထားတော်မူမည်။
အကြောင်းမူကား ကိုယ်တော်သည် မိဒျန်လူမျိုးလက်မှကယ်တင်ခဲ့စဉ်က ပြုသကဲ့သို့ သူထမ်းရသောထမ်းပိုး၊ သူ့ကျောကိုရိုက်သောတုတ်၊ သူ့ကိုညှဉ်းဆဲသောကြိမ်လုံးတို့ကို ချိုးတော်မူပြီ။
တိုင်းပြည်လည်း အနှစ်လေးဆယ်ပတ်လုံး ငြိမ်းချမ်းလေ၏။ ထို့နောက်မှ ကေနတ်၏သား ဩသံယေလ သေဆုံး၏။
ထိုနေ့တွင် မောဘလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ရှုံးနိမ့်သွားပြီး ပြည်သည် အနှစ်ရှစ်ဆယ် ငြိမ်းချမ်းလေ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏ရန်သူအလုံးစုံ ပျက်စီးကြပါစေ။ ကိုယ်တော့်ကိုချစ်သောသူတို့မူကား အရှိန်အဝါနှင့်ထွက်လာသောနေမင်းကဲ့သို့ဖြစ်ပါစေ”ဟူ၍ သီဆိုကြ၏။ ထို့နောက်တွင် တိုင်းပြည်သည် အနှစ်လေးဆယ်ပတ်လုံးငြိမ်းချမ်းလေ၏။
ဂိဒေါင်သည် ထိုရွှေများဖြင့် ဧဖုဒ်သွန်းလုပ်၍ သူနေထိုင်ရာ ဩဖရမြို့တွင် ပြသထား၏။ အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုအရာအားဖြင့် ဖောက်ပြန်မှားယွင်းကြ၏။ ဤအရာသည် ဂိဒေါင်နှင့် သူ့အိမ်သူအိမ်သားတို့အတွက် ထောင်ချောက်ကဲ့သို့ ဖြစ်လာ၏။
ဤသို့ ဖိလိတ္တိလူမျိုးတို့ ရှုံးနိမ့်သဖြင့် အစ္စရေးလူမျိုးတို့၏နယ်မြေထဲသို့ နောက်တစ်ဖန် မကျူးကျော်ဝံ့ကြတော့ချေ။ ရှမွေလလက်ထက်တစ်လျှောက်လုံး ထာဝရဘုရား၏လက်တော်သည် ဖိလိတ္တိလူမျိုးတို့ကို ဆန့်ကျင်တော်မူ၏။