ထိုမိန်းမသည် အာဗြဟံအတွက် သားဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်နှင့် ရှုအာ တို့ကိုမွေးဖွားပေး၏။
သူကြီး 6:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုကြပြန်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို မိဒျန်လူမျိုးတို့လက်သို့ ခုနစ်နှစ်အပ်လိုက်တော်မူ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည်တစ်ဖန်ထာဝရ ဘုရားအားပြစ်မှားကြပြန်၏။ သို့ဖြစ်၍ကိုယ် တော်သည်သူတို့ကိုခုနစ်နှစ်တိုင်တိုင် အုပ်စိုးခွင့် ကိုမိဒျန်အမျိုးသားတို့အားပေးတော်မူ၏။- Garrad Bible တစ် ဖန် ဣ သ ရေ လ အ မျိုး သား တို့ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ဆိုး သွမ်း မှု ကို ပြု ကျင့် သော ကြောင့် မိ ဒျန် လူ မျိုး လက် တွင်း သို့ ခု နစ် နှစ် ပတ် လုံး ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သည့် အ လျောက်၊ Judson Bible တစ်ဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုသောကြောင့်၊ သူတို့ကို မိဒျန်အမျိုးလက်၌ ခုနစ်နှစ်ပတ်လုံးအပ်တော်မူသဖြင့်၊ |
ထိုမိန်းမသည် အာဗြဟံအတွက် သားဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်နှင့် ရှုအာ တို့ကိုမွေးဖွားပေး၏။
မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ်ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။
ကုရှန်ပြည်၏တဲတို့သည် စုတ်ပြတ်၍ မိဒျန်ပြည်၏ရွက်ထည်တို့သည် လှုပ်ခတ်နေသည်ကို ငါမြင်ရ၏။
ထို့ကြောင့် မောဘလူမျိုးတို့သည် မိဒျန်လူမျိုးသက်ကြီးဝါကြီးတို့အား “နွားသည် ကွင်းပြင်မှမြက်ကို လာစားသကဲ့သို့ ယခု ဤလူအစုအဝေးသည် ငါတို့ပတ်ပတ်လည်၌ရှိသမျှကို လာစားလိမ့်မည်”ဟု ဆိုလေ၏။ ထိုကာလ၌ ဇိဖော်၏သားဗာလက်သည် မောဘပြည်၏ဘုရင်ဖြစ်၏။
ထို့ပြင် ထပ်၍ မည်သည့်အကြောင်းကို ပြောရဦးမည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်တို့၏အကြောင်းများကိုပြောလျှင် အချိန်လောက်မည်မဟုတ်။
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အမျက်ထွက်၍ သူတို့ကို ဖိလိတ္တိလူမျိုး၊ အမ္မုန်လူမျိုးတို့လက်သို့ ရောင်းလိုက်လေ၏။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားမျက်မှောက်တော်တွင် မကောင်းမှုကို ပြုကြ၏။ ဗာလဘုရားကို ဝတ်ပြုကြ၏။
ဂိဒေါင်ကလည်း “အို အကျွန်ုပ်၏အရှင်သခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်ဆိုလျှင် အဘယ်ကြောင့် ဤအမှုကို အကျွန်ုပ်တို့ ကြုံရသနည်း။ ‘ထာဝရဘုရားသည် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်’ဟု ဘိုးဘေးတို့က အကျွန်ုပ်တို့အား ပြောပြခဲ့သောအံ့ဖွယ်အမှုတို့ကား အဘယ်မှာနည်း။ ယခုမူကား ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ မိဒျန်လူမျိုးတို့လက်သို့ အပ်တော်မူပြီတကား”ဟု ဆို၏။