သူကြီး 6:13 - မြန်မာ့စံမီသမ္မာကျမ်း
13 ဂိဒေါင်ကလည်း “အို အကျွန်ုပ်၏အရှင်သခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်ဆိုလျှင် အဘယ်ကြောင့် ဤအမှုကို အကျွန်ုပ်တို့ ကြုံရသနည်း။ ‘ထာဝရဘုရားသည် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်’ဟု ဘိုးဘေးတို့က အကျွန်ုပ်တို့အား ပြောပြခဲ့သောအံ့ဖွယ်အမှုတို့ကား အဘယ်မှာနည်း။ ယခုမူကား ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ မိဒျန်လူမျိုးတို့လက်သို့ အပ်တော်မူပြီတကား”ဟု ဆို၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
13 ဂိဒေါင်ကသူ့အား``အို အရှင်၊ အကယ်၍ထာဝရ ဘုရားသည်အကျွန်ုပ်တို့နှင့်အတူရှိတော်မူသည် မှန်ပါလျှင် အဘယ်ကြောင့်ဤဘေးဆိုးသင့်ရောက် ရပါသနည်း။ ထာဝရဘုရားသည်မိမိတို့အား အီဂျစ်ပြည်မှထုတ်ဆောင်လာပုံ အစရှိသည့် အံ့သြဖွယ်အမှုအရာများကိုပြုတော်မူ ကြောင်းဘိုးဘေးတို့ပြောဆိုခဲ့ကြပါ၏။ ထို အံ့သြဖွယ်ရာတို့သည်အဘယ်မှာနည်း။ ထာဝရ ဘုရားသည်အကျွန်ုပ်တို့ကိုစွန့်၍မိဒျန်အမျိုး သားတို့၏လက်သို့အပ်တော်မူပါပြီတကား'' ဟုပြော၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
13 ဂိ ဒေါင် က၊ အို အ ရှင် မြတ်၊ အ ကျွန်ုပ် တို့ နှင့် အ တူ ထာ ဝ ရ ဘု ရား ရှိ တော် မူ သည် မှန် ပါ လျှင်၊ အ ဘယ် ကြောင့် ဤ ဘေး ဆိုး သင့် ရောက် ပါ သ နည်း။ ထာ ဝ ရ ဘု ရား သည် ငါ တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သည် မ ဟုတ် လော ဟူ၍ ဘိုး ဘေး တို့ ပြန် ကြား သ မျှ သော အံ့ ဖွယ် ရာ များ ကား အ ဘယ် မှာ နည်း။ ယ ခု မှာ ထာ ဝ ရ ဘု ရား သည် အ ကျွန်ုပ် တို့ ကို စွန့် ပယ်၍ မိ ဒျန် လူ မျိုး လက် တွင်း သို့ အပ် နှင်း တော် မူ ခဲ့ လေ စွ တ ကား ဟု ဆို သော်၊
အခန်းကိုကြည့်ပါ။ ကော်ပီ
13 ဂိဒေါင်က၊ အိုသခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်မှန်လျှင် အဘယ်ကြောင့် ဤအမှုကြီး ရောက်ရပါသနည်း။ ထာဝရဘုရားသည် ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသည် မဟုတ်လောဟု အကျွန်ုပ်တို့အဘများ ပြောသည်အတိုင်း ပြုတော်မူသော၊ အံ့ဖွယ်သော အမှုရှိသမျှတို့သည် အဘယ်မှာ ရှိပါသနည်း။ ယခုမှာ ထာဝရဘုရားသည် အကျွန်ုပ်တို့ကိုစွန့်၍ မိဒျန်လူတို့လက်သို့ အပ်တော်မူပြီတကားဟု ဆိုလေသော်၊
အခန်းကိုကြည့်ပါ။ ကော်ပီ